Famous Person

in #esteemapp6 years ago

ဟိုနေ့ကမဟုတ်ဘူးဒီနေ့ကဒီတစ်ပတ်ရဲ့ Famous Person Biography ကဏ္ဍမှာတော့ မကြာသေးခင်ရက်ပိုင်းကမှ ကွယ်လွန်သွားတဲ့ ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းအကြောင်း တင်ပြချင်ပါတယ်။
သူဟာ ရူပဗေဒပညာရှင်၊ နက္ခတ္တဗေဒပညာရှင် တစ်ယောက်ဖြစ်ပြီး မက္ကင်းနစ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများစွာကို ထောက်ပံ့ပေးသူလည်းဖြစ်ပါတယ်။ သူဟာ မျက်နှာက ကြွက်သားတွေနဲ့ ဘယ်ဘက်လက်ပေါ်က လက်နှစ်ချောင်းကိုသာ လှုပ်ရှားနိုင်သူဖြစ်ပြီး အဝတ်အစားကို ကိုယ်တိုင်ဝတ်ဆင်လို့ မရပါဘူး။ ဘီးတပ်ကုလားထိုင်မှာ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာခလုတ်ခုံ တစ်ခုကို ပင်ပန်းကြီးစွာရိုက်နှိပ်ပြီး အလုပ်လုပ်စေတဲ့ အသံဖော်စက်ကနေ တစ်ဆင့်သာ တခြားသူတွေနဲ့ ပြောဆို ဆက်သွယ်လို့ ရပါတယ်။
ဒါပေမယ့်လည်း သူဟာ သူ့ရဲ့သတ္တိနဲ့ ဟာသစကားတွေကိုတော့ အကောင်းပကတိချန်ထားရစ်ခဲ့ပါတယ်။ စတီဖင်ဟော့ကင်းဟာ ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ သူရဲ့ ဖခင်ကြီးက ဆေးပညာဆည်းပူးဖို့ တိုက်တွန်းတာကို ငြင်းဆန်ပြီး သင်္ချာနဲ့ ရူပဗေဒပညာတို့ကို အာရုံစူးစိုက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အောက်စဖို့ဒ်တက္ကသိုလ်၊ ကိန်းဘရစ်တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်မှာ လူဂီးရစ်ရောဂါလို့ လူသိများကြတဲ့ ရောဂါလက္ခဏာတွေ ပြသလာခဲ့ပြီး ဒီရောဂါဟာ အတွက် ခက်ခဲမှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ စိတ်ဓာတ်မကျပဲ ကြိုးစားခဲ့ပြီး Black Hole လို့ခေါ်တဲ့ တွင်းနက်ကြီးတွေနဲ့ ပတ်သက်ပြီး တွေ့ရှိမှုတွေ၊ တွင်းနက်ကြီးတွေက ရောင်ခြည်ထုတ်လွှင့်မှုတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ ရောင်ခြည်ကို ဟော့ကင်းဖြာထွက်ရောင်ခြည် (Hawking Radiation) လို့ ခေါ်ကြပါတယ်။
သူဟာ သူ့ရဲ့ ဇနီးဖြစ်သူ ဂျိန်းကြောင့် အခုလို အခြေအနေကို ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဆိုတတ်ကြပါတယ်။ ဂျိန်းက သူ့မှာ လူဂီးရစ်ရောဂါရှိတာသိပေမယ့် လက်ထပ်ခဲ့ပါတယ်။ ဟော့ကင်းဟာ သူ့ရဲ့ ဇနီးကြောင့် မျှော်လင့်ချက်တွေ ရရှိလာပြီး လေ့လာဆည်းပူးမှုတွေ ဆက်လက်ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ရောဂါပိုမိုဆိုးရွားလာပြီး ဟော့ကင်းရဲ့ ခြေလက်အင်္ဂါတွေ ပိုမလှုပ်နိုင် မရှားနိုင်ဖြစ်လာတဲ့အခါမှာလည်း ဂျိန်းက သူ့ကို ဝတ်ကြီးဝတ်ငယ်ပြုခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်သက် ၂၅ နှစ်ပြည့်ချိန်မှာတော့ သူ့ရဲ့ ဇနီးနဲ့ လမ်းခွဲခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ သူ့ကို ပြုစုတဲ့ သူနာပြုဆရာမတစ်ဦးနဲ့ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ အချိန်၏သမိုင်းအကျဉ်းလို့ အမည်ရတဲ့ စာအုပ်နဲ့ လူသိအများဆုံးသိပ္ပံပညာရှင်ဖြစ်လာခဲ့ပြီး သူ့ရဲ့ စာအုပ်နဲ့ပတ်သက်လို့ “ဒုက္ခိတဖြစ်နေတဲ့ ပါရမီရှင်တစ်ဦးရဲ့ အတွေးအခေါ်ကို ဘယ်သူမှ လွန်ဆန်လို့ မရပါဘူးဗျာ” လို့ ပြောကြားခဲ့ပါတယ်။ သူဟာ ဆုတံဆိပ်ပေါင်းများစွာကိုလည်း လက်ခံရရှိခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့ပါတယ်။
image
၂ဝ၁၈ ခုနှစ် မတ်လ ၁၄ ရက်မှာတော့ ကိန်းဘရစ်ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးမှုကို တစ်ကမ္ဘာလုံးက ဝမ်းနည်းခဲ့ကြပါတယ်။

Sort:  

အရမ်းကောင်ားတယ်ဗ်ဗျာ

အဆင်ပြောစေနာ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57027.00
ETH 2353.59
USDT 1.00
SBD 2.38