အလှပ

in #esteem7 years ago

လတ်တလောဖြစ်နေတဲ့ စိတ်အခြေအနေက
ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်နေတာပဲ။
ဝမ်းနည်းနေ စိတ်ဓါတ်ကျနေတာတွေထက် ဆိုးတဲ့ စိတ်အခြေအနေပဲ။
ငါ ဒီ့ထက် လုပ်နိုင်တယ်
ငါ ဒီ့ထက် ကြိုးစားနိုင်တယ်
ငါ ဒီ့ထက် ပိုဖြစ်ရမယ် စသဖြင့် တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် Alertဖြစ်နေတယ်။
ဘာနဲ့အနီးစပ်ဆုံးတူနေသလဲဆိုတော့ မနက်ဖြန် စာမေးပွဲဖြေရတော့မယ့် ဖီလင်နဲ့ တူနေတယ်။
လတ်တလောဖြစ်နေတဲ့ စိတ်အခြေအနေက
ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်နေတာပဲ။
ဝမ်းနည်းနေ စိတ်ဓါတ်ကျနေတာတွေထက် ဆိုးတဲ့ စိတ်အခြေအနေပဲ။
ငါ ဒီ့ထက် လုပ်နိုင်တယ်
ငါ ဒီ့ထက် ကြိုးစားနိုင်တယ်
ငါ ဒီ့ထက် ပိုဖြစ်ရမယ် စသဖြင့် တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ် Alertဖြစ်နေတယ်။
ဘာနဲ့အနီးစပ်ဆုံးတူနေသလဲဆိုတော့ မနက်ဖြန် စာမေးပွဲဖြေရတော့မယ့် ဖီလင်နဲ့ တူနေတယ်။

လက်ရှိအခြေအနေကို အားမရသေးဘူး။
ပိုအရှိန်မြှင့်ချင်တယ်။ အလုပ်တွေ တိုးတက်ချင်တယ်။
ဘွဲ့တစ်ခုလောက် ထပ်ယူချင်တယ်။
ဘာသာစကားတစ်ခုခု တတ်ချင်တယ်။
ကားမောင်းအမြန်တတ်ချင်တယ်။ ရေကူးတတ်ချင်တယ်။ စာတွေအများကြီးဖတ်ပြီး အသိတရားတွေ Upgrade လုပ်ချင်သေးတယ်။
Gymဆော့ချင်တယ်။ ပိန်ချင်တယ်။ ကျန်းမာချင်တယ်။
ပိုလှချင်တယ်။
လောဘတွေ ဖိစီးနှိပ်စက်နေတဲ့ အချိန်ဆိုပါတော့။

ပြောလို့သာ ပြောနေတာ လူလည်းတစ်ချက်မှ မနားဘူး။
စိတ်သွားနေတဲ့နောက်ကို လူကမလိုက်နိုင်ချင်တော့ဘူး။ ဒီလထဲ ခရီးတစ်ခုသွားရမယ်။ လကုန်မှာ စာအုပ်ထွက်ဖို့ Runနေရတယ်။ နေ့စဉ်လုပ်နေရတဲ့ လုပ်ငန်းနှစ်ခုခွဲတိတိရှိတယ်။ အိမ်အလုပ်တွေ၊ ချက်တာပြုတ်တာတွေ ရှိတယ်။ လူမှုရေးတွေ ရှိတယ်။

သူငယ်ချင်းတစ်ယောက်က တအံ့တသြပြောတယ်။
ဒီလောက် မနားတမ်းrunနေတာ စတုတ္ထစာအုပ်ထွက်မယ်ဆိုတော့ စာတွေက ဘယ်အချိန်ရေးတာလားတဲ့။
ဖေ့စ်ဘုတ်မှာ တက်တက်ရေးနေတာကိုလည်း သူအံ့သြတယ်တဲ့။
မိတ်ဆွေတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် အားမရကြောင်း ရင်ဖွင့်တော့
ကိုယ့်အသက်နဲ့ လက်ရှိအခြေအနေကိုချိန်
အားမရစရာ ဘာမှမရှိဘူးဆိုတော့လည်း ဟုတ်ပြန်ရော။
ဒါပေမယ့် အဲ့ဒီ့အားမလို အားမရစိတ်က ရပ်မသွားဘူး။

တရားပဲ ပြေးထိုင်ရမလား
ကျောင်းပဲ ပြေးတက်ရမလား
အလုပ်ပဲ ပြေးလုပ်ရမလား
အနားပဲ ပြေးယူလိုက်ရမလားပဲ။

နေရင်းထိုင်ရင်း ပလိန်းကြီးကို ကိုယ့်ကိုယ်ကိုယ်
သောက်ပျင်းကျနေတယ် ထင်နေတာ ခက်တာပဲ။ မျက်စိတစ်ဆုံး ဖွေးဖွေးလှုပ်နေတဲ့ ဆီမုန်ညှင်းခင်းကြီးရယ်
တိမ်စိုင်တွေ ဟိုတစ်စဒီတစ်စလွင့်နေတဲ့ ကောင်းကင်ပြာကြီးရယ်
အဲ့နှစ်ခု ထိစပ်နေတယ် ထင်ရလောက်အောင် ကျယ်ပြန့်တဲ့ မြင်ကွင်းကြီးရယ်
အဲ့အလှတရားကို ဘယ်လိုကင်မရာမျိုးက
လုံလောက်အောင် ဖမ်းယူနိုင်ပါ့မလဲကွယ်...
အဲ့ဒါနဲ့ပဲ
ဓါတ်ပုံကို ကိုယ့်ရုပ်ခံလေးနဲ့ လှမ်းထိန်းလိုက်ရတယ်
အယ့်လယ်​ဒီတစ်ပတ်ထဲမှာပဲ သက်ငယ်မုဒိမ်းမှု နှစ်ခုဖတ်ရတယ်။
တစ်ခုက မကွေးတိုင်းထဲက
တစ်ခုက ရန်ကုန်မြို့ပေါ်က
အတော် စိတ်မသက်မသာ ဖြစ်မိတယ်။

သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်လာရင် ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ အရေးကိစ္စနဲ့ ပတ်သက်ပြီး နားလည်သူတွေကို အသိပေးဝန်းရံခိုင်းတာ ပိုသင့်တော်ပါတယ်။
ပထမဆုံးအနေနဲ့ Pregnancy ကို တားမြစ်ဖို့
တားဆေးကို ၄၈နာရီအတွင်း တိုက်သင့်ပါတယ်။
အသက်အရမ်းငယ်လွန်းသေးရင်တော့ မလိုပေမယ့်
တစ်ခါတရံ အပျိုဖော်မဝင်ခင် (ရာသီမလာသေးခင်) အရွယ်ပေမယ့် ကိုယ်ဝန်ရှိသွားတတ်တာမျိုးတွေ ရှိပါတယ်။
အချို့က အပျိုမှမဖြစ်သေးတာ တိုက်ဖို့မလိုအပ်ဘူးလို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် အရွယ်ရောက်တဲ့အချိန်ချင်း မတူတတ်ကြတဲ့အတွက် ၄၈နာရီအတွင်း ဆေးတိုက်မိဖို့ လိုအပ်ပါတယ်။
image
နောက်တစ်ဆင့်ကတော့ လိင်ကနေတဆင့် ကူးဆက်တတ်တဲ့ ရောဂါတွေ (HIV, Bပိုး,Cပိုး,ဆစ်ဖလစ်) စတာတွေကို ကာကွယ်ဖို့အတွက် ဆေးစစ်တာတွေ၊ ဆေးတိုက်တာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့လိုအပ်ပါတယ်။

နောက်တစ်ဆင့်က သူတို့တွေရဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ဝေဒနာတွေနဲ့ ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးဖို့၊ ပြန်လည်တည်ဆောက်နိုင်ဖို့ စတဲ့ အကူအညီတွေ လိုအပ်ပါတယ်။

ဒါက ကိုယ်သိသလောက် ရေးပြတာပါ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by goldmonhla from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63018.04
ETH 2471.67
USDT 1.00
SBD 2.68