V-Day မှာချစ်သူကို အံ့သြသွားအောင် ဘယ်လိုလုပ်ကြမလဲ…

in #new7 years ago

ဗယ်လင်တိုင်းဒေးကတော့ ချစ်သူခင်တွေက ကိုယ်ချစ်တဲ့သူတွေဆီကို ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှုတွေ ဖော်ညွှန်းတဲ့နေ့လေးလို့ ဆိုနိုင်ပါတယ်။

ပျော်ရွှင်ကြတဲ့ စုံတွဲလေးတွေက ဒီလိုနေ့လေးမှာ ကိုယ့်ချစ်တဲ့သူအတွက် မမေ့နိုင်တဲ့အမှတ်တရတွေ ဖန်တီးပေး ချင်ကြတာတော့ သဘာဝပါ။ ဒီတော့ ကိုယ့်ချစ်သူကို ဘယ်လိုမျိုး ထူးထူးခြားခြား နေ့လေးဖြစ်သွားအောင် ဖန်တီးပေးနိုင်ဖို့ အကြံကောင်းလေးတွေ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

(၁) First ဒိတ်လေးပြန်လုပ်ပါ..

image

ကိုယ့်ချစ်သူနဲ့ ချစ်သူဖြစ်ခါစက သွားဖူးတဲ့နေရာလေးကို ချစ်သူကို ခေါ်သွားပြီး အရင်တုန်းက အကြောင်း လေးတွေ ကိုပြောရင်းကြည်နူးစရာကောင်းတဲ့ အချိန်အခါလေးကို ဖန်တီးနိုင်ပါတယ်။ ချစ်သူကို တွေ့ဆုံခဲ့စဉ်က ရင်ခုန်စရာကောင်းတဲ့ စိတ်ခံစားမှုလေးတွေကို တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ဖွင့်ဟပြီး ပျော်စရာ ကောင်းတဲ့ အချိန်လေး ရရှိနိုင်ပါတယ်။

(၂) ချစ်သူအံ့သြစေမယ့်လက်ဆောင်ဖန်တီးပေးပါ…

image

V-Day မှာချစ်သူနဲ့အတူတူ ပန်းခြံထဲမှာဆုံတာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်လေးတွေမှာ ချိန်းတွေ့တဲ့အချိန် ပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကြိုက်တဲ့ လက်ဆောင်တစ်ခုခုကို သူမသိအောင်ယူလာပြီးမှ မထင်မှတ်ထားတဲ့အချိန် သူ့ကို လက်ဆောင်ထုတ်ပေးလိုက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ကိုယ့်ချစ်သူ လတ်တလော လိုအပ်နေတဲ့ အရာတစ်ခုခုကို ဖြည့်ဆည်းပေးလိုက်ရင် သူတော်တော်ပျော်သွားမှာပါ။

(၃) မုန့်လုပ်စားတာ…

image

ကိုယ့်ချစ်သူနဲ့အတူတူ မုန့်တစ်ခုခုလုပ်စားရင်း ပျော်စရာကောင်းတဲ့ ဂိမ်းလေးတွေကိုလည်းဖန်တီး နိုင်ပါတယ်။ ဥာဏ်စမ်းဖြေရတဲ့ ဂိမ်းလေးတွေအတူစဉ်းစားတာမျိုး ၊ အခြားဂိမ်းလေးတွေဆော့ရင်း နိုင်တဲ့သူအတွက် ဆုတစ်ခုခု သတ်မှတ်ပေးရင်း ပျော်စရာကောင်းတဲ့ အမှတ်တရနေ့လေး ဖန်တီးနိုင်ပါတယ်။

(၄) ကဗျာရေးပါ..
image

ချစ်ရတဲ့ချစ်သူအတွက် တစ်သက်မှာတစ်ခါလောက်တော့ ရင်တွင်းဖြစ်ကဗျာလေး ရေးပေးသင့်ပါတယ်။ စာသားတွေက အနုပညာဆန်ဆန် မရေးတတ်ရင်တောင်မှ ရိုးရှင်းတဲ့ပုံစံမျိုးလေးနဲ့ ချစ်စကားလေးတွေကိုးစာသား အဖြစ်ရေးဖွဲ့ပြီး ချစ်သူကို လက်ဆောင်အဖြစ် အမှတ်တရပေးနိုင်ပါတယ်။

ကိုယ့်ချစ်သူကို အံ့သြစေချင်တယ်ဆိုရင်တော့ ကိုယ့်ချစ်သူတကယ်ကြိုက်တတ်ပြီး လိုအပ်နေတဲ့အရာကို သူ့အတွက် ဖန်တီးပေးလိုက်တာက သူတကယ်ပျော်ရွှင်ပြီး အံ့သြဝမ်းသာနိုင်မှာပါ။

Sort:  

This post has received a 0.24 % upvote from @drotto thanks to: @goldenmyanmar.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 60007.44
ETH 2590.20
USDT 1.00
SBD 2.61