V-Day လက်​​ဆောင်

in #new6 years ago

ဗင်လင်တိုင်းဒေးမှာ ချစ်ခင်သူတွေကို ပေးသင့်တဲ့ လက်ဆောင်များ
Valentine’s Day အထိမ်းအမှတ် အထူးအစီအစဉ်အနေနဲ့ တင်ဆက်ပေးနေတဲ့ ဒီကဏ္ဍကနေ ဗယ်လင်တိုင်းဒေးမှာပေးသင့်တဲ့ လက်ဆောင်တွေအကြောင်း တင်ပြချင်ပါတယ်။
၁။ ချောကလက်များ
image

ချောကလက်တွေကတော့ ဗယ်လင်တိုင်းဒေးနေ့အတွက် မပါမဖြစ်ပါပဲ။ ချစ်သူစုံတွဲတွေအကြား အမြတ်တနိုးနဲ့ လက်ဆောင်ပေးအပ်ကြလေ့ရှိတဲ့ ပစ္စည်းဖြစ်သလို ခင်မင်သူ၊ မိတ်ဆွေတွေ၊ မိသားစုတွေအကြား ပေးလေ့ရှိတဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ ချောကလက်တွေကို ဈေးဝယ်စင်တာတွေ၊ စားသောက်ကုန်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး မြန်မာငွေ ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ဈေးရှိပါတယ်။

၂။ ပန်းစည်းနဲ့အရုပ်များ

image

ပန်းစည်းနဲ့အရုပ်တွေကလည်း ဗယ်လင်တိုင်းဒေးမှာ ပေးအပ်ကြတဲ့ ပစ္စည်းတွေပါပဲ။ အချစ်သင်္ကေတပါတဲ့ အရုပ်တွေကို ရွေးချယ်ဝယ်ယူပေးအပ်ကြလေ့ရှိသလို ချစ်သူကြိုက်နှစ်သက်တဲ့ အရုပ်ကိုလည်း မှတ်သားထားပြီး ဝယ်ပေးကြလေ့ရှိပါတယ်။ အရုပ်နဲ့ အတူ ပန်းစည်းတွေကိုလည်း ပေးအပ်ကြလေ့ရှိပါတယ်။ ဒီပစ္စည်းတွေက ဗင်လင်တိုင်းဒေးမှာ အရေးပါတဲ့ ပစ္စည်းတွေပါပဲ။ ဈေးနှုန်း ထောင်ဂဏန်း၊ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှိပါတယ်။

၃။ စံုတြဲအက်ႌမ်ား

စုံတွဲအင်္ကျီတွေကလည်း ချစ်သူစုံတွဲတွေအကြား ပေးကြလေ့ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးအမြတ်တနိုးနဲ့ ပေးကြလေ့ရှိတဲ့ ပစ္စည်းလည်းဖြစ်ပြီး ဗယ်လင်တိုင်းဒေးနေ့မှာ စုံတွဲတွေအကြား အမှတ်တရအနေနဲ့ စုံတွဲအင်္ကျီတွေ ဝတ်ဆင်ပြီး အတူသွားလာကြလေ့ရှိပါတယ်။ စုံတွဲအင်္ကျီတွေရဲ့ ဈေးနှုန်းတွေကလည်း ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ရှိပါတယ်။

၎။ လက်ဝတ်ရတနာများ

image

ဗယ်လင်တိုင်းဒေးနေ့မှာပေးလေ့ရှိတဲ့ လက်ဆောင်တွေထဲမှာ လက်ဝတ်ရတနာတွေလည်း ပါဝင်ပါတယ်။ စုံတွဲလက်စွပ်တွေ၊ ဆွဲကြိုးတွေ၊ လက်ဝတ်ရတနာတွေက ဗယ်လင်တိုင်းဒေးရဲ့ အရေးပါတဲ့ပစ္စည်းတွေလည်းဖြစ်ပါတယ်။ ချစ်မြတ်နိုးသူတွေကို မြတ်နိုးတဲ့အနေနဲ့ဖြစ်စေ၊ လေးစားတဲ့အနေနဲ့ဖြစ်စေ ပေးအပ်ကြလေ့ရှိပြီး ဈေးနှုန်းကတော့ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှိပါတယ်။

၅။ နာရီများ
image

စုံတွဲတွေအကြား နာရီတွေကိုလည်း ပေးအပ်ကြလေ့ရှိပါတယ်။ အချိန်ကို မြတ်နိုးတဲ့အနေနဲ့ဖြစ်စေ၊ အချိန်တိုင်းသတိရနေစေလိုလို့ဖြစ်စေ ပေးအပ်ကြလေ့ရှိပြီး စုံတွဲနာရီတွေအနေနဲ့ ပေးအပ်ဝတ်ဆင်ကြလေ့ရှိသလို ချစ်သူအတွက်သီးသန့်အဓိပ္ပါယ်ဖော်ဆောင်ထားတဲ့ နာရီတွေကိုလည်း ပေးကြလေ့ရှိပါတယ်။ ဈေးနှုန်းကတော့ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှိပါတယ်။

ဒီလက်ဆောင်လေးတွေက ချစ်သူများနေ့မှာ ချစ်သူတွေအတွက်တော့ အသုံးဝင်စေမှာအမှန်ပါပဲနော်...

အဲ့ဒီနေ့မှာ ချစ်သူကို ဘာလက်ဆောင်ပေးချင်ပြီး ချစ်သူဆီကရော ဘာလက်ဆောင်လေးမျှော်လင့်နေတယ်ဆိုတာကို ဒီကိုနှိပ် ပြီးဝေမျှပေးခဲ့ပါဦးနော်...။။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 67271.13
ETH 3515.41
USDT 1.00
SBD 2.70