ဆည်းဆာချိန် နေလုံးနီနီ

in #myanmar4 years ago

မနေ့ညနေက စစ်ကိုင်းသို့ သွားဖြစ်ခဲ့ပါတယ်။
ကျွန်တော် စစ်ကိုင်းသို့ သွားလျှင် ရတနာပုံတံတားသစ်ဘက်မှ
သွားလေ့ ရှိပြီး ပြန်လျှင်တော့ စစ်ကိုင်းတံတားဟောင်းဘက်မှ
ပြန်လေ့ရှိပါတယ်။ ရတနာပုံတံတားမှာတော့ ဆိုင်ကယ်
ဖြတ်သန်းခ မပေးဆောင်ရပါ။ အင်းဝတံတားမှာတော့ ဆိုင်ကယ်
ယဉ်ဖြတ်သန်းခ ၁၀၀ ကျပ် ပေးဆောင်ရပါတယ်။

ညနေခင်းဘက် စစ်ကိုင်းရောက်ဖြစ်တဲ့အခါ မိတ်ဆွေကြီး ဦးစိုး
@ansoe ဆီသို့ Tea ဆိုင်ထိုင် စကားစမြည်ပြောကြားရန်
သွားတတ်လေ့ရှိတာကြောင့် ဦးစိုးနှင့် နီးရာ ရတနာပုံတံတားသစ်
ဘက်မှ သွားလေ့ရှိခြင်း ဖြစ်သလို ယဉ်ဖြတ်သန်းခ ၁၀၀ ကျပ်
သက်သာရန်လည်း ပါဝင်ပါမည်။

စစ်ကိုင်းမှ အပြန် မနက်ခင်းပိုင်းတွင်တော့ မိမိ သွားရောက်မည့်
ဒေသနှင့် နီးစပ်အလျဉ်းသင့်သော လမ်းကြောင်းဖြစ်ခြင်းကြောင့်
ဖြစ်ပါသည်။

သို့ကလို့ စစ်ကိုင်းသို့ အသွား ရတနာပုံတံတားပေါ် ဖြတ်သန်း
ခါနီးတိုင်း အမှတ်တရ ဓာတ်ပုံ ရိုက်ယူရန် ရှုခင်းတွေကို
ဘေးဘီ ကြည့်ရှုလေ့ ရှိတတ်ပါတယ်။
တစ်ခါတစ်လေတော့ ဧရာမြစ်ပြင်ကို ဓာတ်ပုံ ရိုက်ယူတတ်သလို၊
တစ်ခါတစ်လေတော့လည်း စစ်ကိုင်းတောင်ရိုးဘုရားစေတီတွေနှင့်
အမရပူရ မန်းလေးဘက်ခြမ်းမှ စေတီဘုရားတွေကို ဓာတ်ပုံ
ရိုက်ယူခဲ့သလို၊ တစ်ခါတစ်လေတော့လည်း တံတားပေါ်က
တိမ်တွေကို အလှဓာတ်ပုံ ရိုက်ယူတတ်လေ့ ရှိခဲ့ပါတယ်။

ထိုသို့ ရတနာပုံတံတားပေါ် ရောက်တိုင်း နေဝင်ချိန်ရှုခင်း
ကိုလည်း အလှဓာတ်ပုံ ရိုက်ယူဖို့ ချောင်းခဲ့ဖူးပါတယ်။
ကဲ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။
မနေ့ညနေကတော့ ကျွန်တော် ရိုက်ယူချင်နေတဲ့ Sunset
ဆည်းဆာချိန် နေလုံးနီနီ ကြီးကို တွေ့မြင်ခဲ့ရပါတယ်။
ti1tl8lbt1.jpg
တယ်လှပလွန်းတဲ့ နေလုံးနီနီ ဆည်းဆာချိန်ရှုခင်း ဟုတ်တယ်
မလားဗျာ။
ကျွန်တော့်မိန်းမကတော့ နေလုံးနီနီ ညနေစောင်း ချစ်သူလာဖို့ အချိန်အခါကောင်း လို့ သီချင်းဆိုနေမလား မသိ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။
MSC 193
@golden.future

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Special thanks

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 59740.56
ETH 3011.58
USDT 1.00
SBD 3.79