လွမ်းစေတီဘက်စုံအလှူ

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့တော့ ဒါနအနည်းငယ်ပြုခဲ့တာလေး ကုသိုလ်မျှဝေ
ပေးလိုက်ပါတယ်။

တစ်နေ့က အိမ်ရှင်မဟာ သားတော်မောင် ဝဠာဟိန်း
အမည်ဖြင့် ချဲထီ ကံစမ်းလိုက်ပါတယ်။ အများကြီးတော့
မဟုတ်ပါ။ ကျွန်တော်က ချဲထိုးတာ သိပ်ခွင့်မပြုသည့်အတွက်ပေါ့။
ဒါနဲ့ ချဲထွက်တော့ 200ဖိုး ပေါက်ပါတယ်။ မြန်မာငွေ
ကျပ်တစ်သိန်း ရတာပေါ့။

ဒီတော့ ရလာတဲ့ တစ်သိန်းကို ချဲကော်ကို ၅၀၀၀ ချီးမြှင့်လိုက်
တယ်တဲ့။ သားစုဗူးထဲ ၁၀၀၀၀ ထည့်လိုက်တယ် ဆိုပဲ။
ပြီးတော့ အလှူဒါနတစ်ခုခု ပြုဖို့ ပြောပါတယ်။

ဒါကြောင့် ကျွန်တော်လည်း ဆေးခန်းဖွင့်ထားတဲ့ ရွားအနားက
လွမ်းစေတီဘုရားမှာ အလှူခံနေ‌ကြောင်း၊ ဘုရားဝင်း ဘက်စုံ
အလှူငွေထည့်ချင်ကြောင်း ပြောခဲ့ရာ ထိုငွေထဲမှ တစ်သောင်း
ယူခဲ့ပါတယ်။
od0jk0.jpg
နောက်ရက်မှာတော့ ထိုလွမ်းစေတီအလှူခံဌာနသို့ သွားကာ
အလှူငွေ ၁၅၀၀၀ ကျပ် ထည့်လှူခဲ့လိုက်ပါတယ်။
ဤကဲ့သို့ ပြုခဲ့သမျှကုသိုလ်အဝဝကို နတ်လူသာဓု
ခေါ်ဆိုနိုင်စေရန် ထပ်တူအမျှပေးဝေလိုက်ရပါတယ်။

သာဓု သာဓု သာဓု။

MSC 193
@golden.future

Sort:  

Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Special thanks

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.081
BTC 62845.62
ETH 1666.27
USDT 1.00
SBD 0.42