ယိုယွင်းနေသော မြန်မာ့သဘာဝပါတ်ဝန်းကျင်အား ပြုပြင်ထိန်းသိမ်းကြရအောင်

in #myanmar6 years ago

IMG_20180201_135130.png

Credit : google image

သာယာလှပသော ကမ္ဘာမြေကြီးပေါ်မှာ တည်ရှိနေသည့်
ကျွန်ူပ်တို့ အမိမြန်မာနိုင်ငံ ဆိုသည်မှာ တစ်ချိန်က အလွန်
စိမ်းလန်း စိုပြေပီး သပ်ရပ်သန့်ရှင်းသော နိုင်ငံတစ်နိုင်ငံ အဖြစ်
အရှေ့တောင်အာရှမှာ ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေနိုင်ခဲ့ဖူး
သော်လည်း ယနေ့ အချိန်အခါမှာ စိတ်ဓါတ် စည်းကမ်း ပညာ
ဆိုသည့် အလွန်အရေးပါလှသော အရာများ ပျက်စီးယိုယွင်း
လာမူ့ကြောင့် နိုင်ငံ၏ ပျက်စီးယိုယွင်းလာမှု့မှာ အချိန်တိုအတွင်း
အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပေပီ.........

108.jpg

Credit : google image

စိတ်ဓါတ်ဆိုသည်မှာ လူမျိုး( ၀ါ ) လူတစ်ဦး တစ်ယောက်ချင်းမှာ
ထားရှိ ဖြစ်တည်နေသည့်အရာ ဖြစ်သော်လည်း သွန်သင် ဆုံးမ
ထိန်းကျောင်းမှု့ ကောင်းပါက ပြုပြင်နိုင်သောအရာ ဖြစ်ပေ၏ ။
လူတစ်ယောက်၏ စိတ်ဓါတ်မှာ အလွန်အရေးပါလှ၏ ။

61ddb8ad14d4181006d6b611311cd704a537d654.jpg

Credit : google image

စိတ်ဓါတ်ကောင်းရှိသူတို့မှာ မိမိနိုင်ငံ မိမိလူမျိုး မိမိ
ပါတ်ဝန်းကျင်အား အလွန်အင်မတန်မှ တန်ဖိုးထားရှိကြသည်။
မြန်မာလူမျိုးများအားတစ်ယောက်ခြင်း " မိမိနိုင်ငံကိုချစ်မြတ်နိုးပါသလား" ဟု လိုက်လံမေးကြည့်သောအခါ " ချစ်တာပေါ့ " ဟု
တစ်ယောက်မကျန် ထိုမေးခွန်အားဖြေပါလိမ့်မည် သို့သော်
ချစ်တာနှင့် နှစ်တာ အများစုမသိရှိပါ အဘယ့်ကြောင့်ဆိုသော်
စိတ်ဓါတ်ကောင်း သို့မဟုတ်စိတ်ထားမြင့်မြတ်စွာ
မထားရှိခြင်းကြောင့် စည်းကမ်း ဆိုသည့် အရာအား ထိုသူတို့
မေ့လျော့နေသောကြောင့်ပင်ဖြစ်၏ ။

cee70b198d4caf347a7cb7420c9ebbeb_XL.jpg

Credit : google image

စည်းကမ်း မရှိသော သူတို့မှာ ထိန်းသိမ်းခြင်း ပြုပြင်ခြင်းများ
အားနည်းနေပေလိမ့်မည် ။ ထို့ကြောင့် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းအားအများစုမြင်တွေ့ ကြုံတွေ့နေပီ ဖြစ်၏ ။ စိတ်ဓါတ် နှင့်
စည်းကမ်းမကောင်းသောသူသည် ပညာတက်ရန်အလွန်
ခဲယဉ်းလှပေသည်။

green-earth-tree-earth-tree-world1715x1751.jpg

Credit : google image

သို့သော် ပညာရှိဖြစ်ခဲ့သော်လည်း ဆင်ခြင်တုံတရား ကင်းမဲ့မှု့
အသိတရားနည်းပါးခြင်းတို့ကြောင့် အန္တရယ်ပါ ကြုံတွေ့လာရ
နိုင်ပါသည် ။ ထို့ကြောင့် မိမိတို့ငယ်စဉ် မှုလတန်းအရွယ်မှစ
အထက်တန်းအထိ ထို စိတ်ဓါတ် စည်းကမ်း ပညာ ဆိုသည့်
ဆောင်ပုဒ်အား အကျယ်တ၀င့် ဆရာ ဆရာမများမှ သေချာ
သင်ကြားပြသပေးနေသည်မှာ အလကားမဟုတ် ။
သဘာဝဆိုတဲ့ ဖြစ်တည်နေမှု့အား ဆန်းသစ်တီထွင်လာပါက
ဘေးထွက်ဆိုးကျိုး ဆိုသည့် နောက်ဆက်တွဲ ဆိုးကျိုးများ
ခံစားကြရမည်ကို သိသော်လည်း ထိုဆိုးကျိုးများ လျော့နည်း
သထက် လျော့ပါးလာအောင် တွေးတော ကြံဆကြရမည် ဖြစ်၏
သို့သော် ဆိုးကျိုးအားမတွေးတော မကြံဆဘဲ မိမိ၏ အတ္တအား
ရှေ့တန်းတင် ဆောင်ရွက်သူတချို့ကြောင့် ကျွန်ုပ်တို့ အမိမြန်မာ
နိုင်ငံတော်ကြီးရှိ ပြည်သူ ပြည်သားများ အစုလိုက်အပြုံလိုက်
သေကြေနေကြသည်ကို တစ်နှစ်တစ်ခါ မြင်တွေ့ ကြုံတွေ့နေရာ
အများဆုံးမှာ ကချင်ပြည်နယ် ဖားကန့် မြေပြိုရေလွှမ်းမှု့နှင့်
သဘာဝအလျှောက် ဖြစ်ပေါ်လာသော ဘေးအအန္တရယ်
အကြီးဆုံး အဖြစ်မှတ်တမ်းတင်ခံထားရသော ၂၀၀၈ ခုနှစ်
မေလ ၂ရက် နှင့် ၃ရက်ကြား ၀င်ရောက်တိုက်ခတ်သွားသော
နာဂစ် မုန်တိုင်းတို့သည်လူအသေအပြောက်အများဆုံးအဖြစ်
မှတ်တမ်းတင်ရှိပေ၏။ ကျွန်ုပ်ကိုယ်တိုင် မြင်တွေ့ခဲ့ရသော သဘာဝဘေး အန္တရယ် တခုအားတင်ပြပေးလိုပါသည် .......

7.jpg

Credit : google image

အချိန်က ၂၀၁၁ ခုနှစ် ဂျူလှိုင်လ ၁၁ ရက်တိမ်စိုင်တိမ်တိုက်တို့ အုံ့မှိုင်း အုံ့စိုင်းနေသော်လည်း အညာဒေသ
ဖြစ်သောကြောင့် မိုးကအလွန် ရှားပါး နည်းပါးလွန်းလှ၏
ဥတုသုံးပါး မညီညွတ်မှု့ကြောင့် လုပ်ကိုင်စားသောက် စီးပွား
ရှာရအလွန်ခက်ခဲသောကြောင့် ကျွန်ုပ်နေထိုင်ရာ ပခုက္ကူမြို့၏
ချောင်းနဘေးတွင် ကျူးကျော်တဲကလေးများထိုး၍ နေထိုင်
စားသောက်နေကြသည့် မိသားစု ရာပေါင်းများစွာ
တည်ရှိနေကြ၏ ၄င်းတို့၏ အများစု စီးပွားရေးမှာ ထင်းခုတ်
ရောင်းခြင်းဖြင့် အသက်မွေးမြူကြ၏ ချောင်းတစ်ဖက်ကမ်းမှ
ခြုံတောအုပ်များ နေ့စဉ်မိသားစု ရာပေါင်းများစွာ ခုတ်ထွင်
ရှင်းလင်းကြရာ အချိန်ကြာလာသည်နှင့်အမျှ ထိုခြုံများ
ပြောင်တလင်းခါသွားသောအခါ ၄င်းတို့
နေထိုင်ရာ ချောင်းကမ်းပါး အခြေမှ ချူံများ နွယ်များအား ခုတ်ထွင်
ရှင်းလင်းကြပြန်ရာ မိုးတွင်းရောက်သောအခါ ထိုချောင်းကမ်းပါး
အခြေတွင် ချူံများနွယ်များ ပြောင်တလင်းခါသွားပြန်၏ မုဆိုးမ
သွားရာ မိုးလိုက်လို့ရွာ ဆိုသလို အထက်ဘက်မှ မိုးကောင်းလွန်း
သဖြင့်ဆည် မထိန်းနိုင်သောကြောင့် တာဝန်ရှိလူကြီးများ
အကြောင်းမကြား အသိမပေးဘဲ ဆည်ရေများ လွှတ်ချလိုက်ရာ ထိုချောင်းကမ်းပါးမှ နေထိုင်သူများအားလုံး ကမ်းပါးရေတိုက်စားခံရပီးမိသားစုလိုက် အစုလိုက်အပြုံလိုက် ရေနစ်သေဆုံးကြရသည့်
ဖြစ်စဉ်မှာ အလွန်တရား ရဖွယ်ကောင်းလှ၏ ထို့ကြောင့်
ရပ်ကွပ်နေပြည်သူပြည်သားများ ၀ိုင်းဝန်းစုပေါင်းကာ
ချောင်းကမ်းပါး၌ သစ်ပင်များ စိုက်ပျိုးခြင်း ရေကာတာ
သဲအိပ်များဖြင့် ကြိုတင်ကာကွယ်မှု့များအားဖြင့် သဘာဝဘေး
ဆိုသည့် အန္တရာယ်ကြားမှ ယနေ့အချိန်မှာ အတော်အသင့်
ကာကွယ်နိုင်ကြပီဖြစ်သည် ။စာဖက်သူအနေဖြင့် ပခုက္ကူရေဘေး
အကြောင်းသိလိုလျှင် ဤလင့်မှာဝင်ရောက်လေ့လာနိုင်ပါတယ်

https://www.rfa.org/burmese/news/pakokku-flood-10252011104506.html

pakokku-flood-305.jpg

Credit : google image

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ဘသာဝပါတ်ဝန်းကျင်
စိမ်းလန်းစိုပြေရေး ပညာပေးဆောင်ပုဒ်ကောင်းများစွာ
ရှိပေသော်လည်း လိုက်နာ ကျင့်သုံးမှု့ အလွန် နည်းပါးစွာတွေ့မြင်ရသည် ။ ထိုပညာပေးဆောင်ပုဒ်များအတိုင်း လိုက်နာဆောင်ရွက်လုပ်အားပေးကြသော လူကြီး လူငယ် ပရဟိတ လုပ်ငန်းစဉ်များအား ကူညီထောက်ပံ့ပေးခြင်းမှာ အလွန်အရေးပါလှပါတယ်
သို့သော် ကူညီထောက်ပံ့ပေးကြသော အဖွဲ့အစည်းများ
မရှိသလောက် ရှားပါးသောကြောင့် ပရဟိတ လူကြီး လူငယ် လုပ်ငန်းစဉ်းများလည်း လိုသလောက် ခရီးမရောက်နိုင်ကြပေ
ထို့ကြောင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ရာသီအပြောင်းအလဲ
တစ်ခုရောက်ရှိလေတိုင်း သဘာဝဘေးအန္တရာယ် တစ်ခုခုဖြင့်
အမြဲကြုံတွေ့ လာနေရသည်မှာ ၂၀၀၇ခုနှစ်မှ စ၍ ယနေ့အချိန်အခါထိ နှစ်စဉ် ခံစားလာနေရသဖြင့် ကျွန်ုပ်တို့ယနေမှစ၍ မိမိတို့ နေအိမ် ၀န်းကျင် မှ အစပြုကာ အမိမြန်မာနိုင်ငံ သဘာဝ
ပါတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးစားပုံဖော်ကြစေလိုပါတယ်..

Go-Green-600x400.png

Credit : google image

ထိုကဲ့သို့ လုပ်ဆောင်ပုံဖော်ကြရာတွင်လည်း စာအုပ်စာပေ
လူ့မိတ်ဆွေဆိုသည့်အတိုင်း စာပေများဖက်ခါ စည်းကမ်းတကျ
လုပ်ဆောင်စေရန်အတွက်လည်း လိုနေသေး၏ လူသားများ
အသက်ရှု့ရာတွင် မရှိမဖြစ်လိုအပ်သည့် O² ခေါ်
အောက်စီဂျင်ဆိုသည့်အရာ ထုတ်လွှတ်ပေးနေသော သစ်ပင်များ
စိုက်ပျိုးခြင်း တောပြုန်းတောင်ပြုန်း ခုတ်ထွင် ရှင်းလင်းမှု့များ
လျော့ချခြင်း CO² ခေါ် ကာဗွန်ဒိုင်အောက်စိုက် ထုတ်လွှတ်ခြင်းများလျော့ချခြင်း Polysmer ထုတ်လုပ်ခြင်းများလျော့ချခြင်း
မြစ် ချောင်း အင်း အိုင်များ သန့်ရှင်းအောင် အဖွဲအစည်းများ
ဖွဲ့စည်းထားရှိဆောင်ရွက်စေခြင်း ဖြင့် ထိန်းသိမ်းမှု့များအား
အလျှင်အမြန် အကောင်အထည်ဖော်ဆောင်ရွက် သင့်ပေသည် ။

earth-day-2011-what-act-green_31311.jpg

Credit : google image

ယနေ့ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးသည် တစ်နှစ်ထက်တစ်နှစ် ပို၍ ပူနွေးလာသောကြောင့် ကမ္ဘာနိုင်ငံအသီးသီးအား
ခေါ်ယူဆွေးနေကြသော်လည်း လူတို့၏ အတ္တလောဘများ
မလျော့ချနိုင်သောကြောင့် ချမှတ်ထားသော စည်းမျဉ်းစည်ကမ်းများအား လိုက်နာဆောင်ရွက် ကြသည်မှာ အလွန်နည်းပါးလှ၏ ဤသည်တွင် ကျွန်ုပ်အထက်ပါပြောကြားခဲ့သော စိတ်ဓါတ်မှာ အရေးပါလာပီဖြစ်၏ တိုးတက်လာသော ယနေ့ ကျွန်ုပ်တို့
ကမ္ဘာကြီးမှာ နေထိုင်ကြသော လူသားမျိုးနွယ်စုတို့သည် အလွန်အင်မတန်မှ စာနာမှု့ကင်းမဲ့လှသည်ကိုခင်းဗျားတို့ ကျူပ်တို့
လက်တွေ့ ကိုယ်တွေ့မြင်နေကြပီဖြစ်၏ ။

received_1560035247436707.jpeg

Credit : google image

အတ္တလောဘများကြောင့် ပျက်စီးဆုံးရှုံးမှု့များ တနှစ်ထက်တစ်နှစ်
ပို၍ ရာခိုင်နှုန်းတိုးလို့သာလာ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့၏
ကမ္ဘာမြေကြီးနှင့်တကွ အမိမြန်မာနိုင်ငံတော်ကြီး၏
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်း ပြုပြင်စောင့်ရှောက် မှု့များမှာ
အမှန်တကယ် လိုအပ်လာသော နေ့ရက်တွေစီသို့ ရောက်ရှိ
နေပီဖြစ်၏ ။ ဒါကြောင့် သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး
ဆိုင်ရာ အဖွဲ့အစည်းများလည်း အားသွန်ခွန်စိုက်ကြိုးပန်းနေပီ
ဖြစ်ရာ ကျွန်ုပ်တို့သည်လည်းနိုင်ရာတာဝန်ထမ်းဆောင်ရင်း
မိမိနိုင်ငံအကျိုး အမိကမ္ဘာမြေအကျိုးသယ်ပိုးထမ်းရွက် ကြပါလို့
တိုက်တွန်းပါရစေ ...

received_1560035260770039.jpeg

Credit : google image

တစ်နိုင်တစ်ပိုင် ပါတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များမှာ

  1. မိမိနေအိမ် သို့မဟုတ် ခြံဝန်းအတွင်း သန့်ရှင်းသပ်ရပ်စွာ
    မိမအသိစိတ်ဓါတ်ဖြင့် နေထိုင်ကြခြင်း
  2. မိမိ တစ်ကိုယ်ရေသုံး ပစ္စည်းများကို စနစ်တကျစွန်ပစ်ကြပါရန်
    3.မိမိရပ်ရွာ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင်
    လုပ်အားပေး ကူညီပါဝင်ကြရန်
  3. မိမိအိမ်သူအိမ်သားများအားလုံးအား ပါတ်ဝန်းကျင်ထိမ်းသိမ်း
    ရေးဆိုင်ရာ အသိပညာပေး စာပေများဖက်ရန်တိုက်တွန်းခြင်း
    သို့မဟုတ် လမ်းညွန်ပြသပေးရန်
  4. မိမိခြံဝန်းအတွင်းရှိ သစ်ကြီးဝါကြီးအပင်များအား အမြစ်မှ
    ခုတ်ထွင်ရှင်လင်းမှု့များ မလုပ်ဆောင်ကြရန် တို့ဖြစ်ပီး
    အသင်းအဖွဲ့ သို့မဟုတ် ဌာနအလိုက် ပါတ်ဝန်းကျင်
    ထိန်းသိမ်းရေးလုပ်ငန်းစဉ်များမှာ
    1.အများပြည်သူလူထုအား သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေး
    ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးရန်
    2.စည်းစနစ် သို့မဟုတ် စည်းကမ်းတကျ အမှိုက်များ စွန့်ပစ်
    တက်စေရန် လမ်းညွန်ပြသပေးခြင်း
    3.ပါတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် တိုးချဲ့ စိုက်ပျိုးကြရန်
  5. သဘာဝပါတ်ဝန်းကျင် သန့်ရှင်းစင်ကြယ်စေရန် ချောင်းများ
    မြောင်းများအား အများပြည်သူနှင့်အတူ လက်တွဲ သန့်ရှင်းရေးနှင့်
    အသစ်တဖန်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ
    ဖော်ဆောင်အကောင်အထည်ဖော်ရန်
    5.သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေး
    စာရွက် စာတန်းများ အများပြည်သူထံသို့ ဝေငှရန်
    စသည်တို့အား လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်မည်ဆိုပါက
    အထိုက်အလျှောက် မိမိနေထိုင်ရာ သဘာဝပါတ်ဝန်းကျင်အား
    ထိန်းသိမ်းရာ ရောက်ပါမည် ။ ဇွန်လ ၅ ရက်နေ့အား
    သဘာဝပါတ်ဝန်းဆိုင်ရာ ထိမ်းသိမ်းသည့် နေ့အဖြစ် လူအများစု
    မသိကြသော်လည်း ယခုလအတွင်းကျရောက်မည့် ဖေဖ၀ါရီ
    ၁၄ ရက်ချစ်သူများနေ့အတွက်တော့ဖြင့် အများစု
    ရင်ခုန်ကြရသည့် နေ့အဖြစ်လူသိများထင်ရှား၏ ။

earth-day-quotes-3.png

Credit : google image

မယောင်ရာဆီလူး လူအများစုသည် လိုအပ်သောအခန်းဏ္ဍ၌
တက်ကြွမူ့မရှိကြသော်လည်း မလိုအပ်သောအခန်းဏ္ဍ၌ အများဆုံးတက်ကြွနေသည်မှာလည်း ဆုတ်ယုတ်မှု့၏
အားကောင်းသော မုန်တိုင်းအဖြစ် ဆက်လက်ရှင်သန်နေကြခြင်း
ကြောင့် နောင်အနာဂါတ် မျိုးဆက်သစ် လူငယ်များ ဤသို့
အမြင်မမှား အတွေးမမှား ကြစေရန် လမ်းညွန်ပြသပေးရမည့်
တာဝန်မှာ ယနေ့ ကျွန်ုပ်တို့၏ လက်ဝယ်တွင်သာရှိ၏ သစ်ပင်
စိုက်ခြင်း နှင့် ပါတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းစဉ်များမှ
ရရှိသောအကျိုးကျေးဇူးများမှာ ကျရှုံးနေသော စိတ်ဓါတ်များအား
မြှင့်တင်ေိာ-ပးခြင်း မောပန်းနွမ်းလျအားငယ်နေသောစိတ်များ
လန်းဆန်းတက်ကြွလာခြင်း သဘာဝမှပေးသော ငြိမ်းချမ်းမှု့အားခံစားတက်ခြင်း အတ္တလောဘစတဲ့ မကောင်းသော
စိတ်ဓါတ်များ လျော့နည်းလာခြင်းဖြင့် စိတ်ဓါတ်ကို မြှင့်တင်
ပေးနိုင်စွမ်းရှိ၏ စိတ်ဓါတ်မြင့်မားလာခြင်းနှင့်အတူ စည်းကမ်း
ဟူသောအရာမှာ ပူးတွဲပါရှိလာမည်ဖြစ်ပီး ပညာဆိုတဲ့ အရာရာကို သုံးသပ်ဆင်ခြင်နိုင်တဲ့ ကြီးမားသော အရာကြီးပါ ရရှိကြပေ
လိမ့်မည် ။သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေး လုပ်ငန်စဉ်တွင် သစ်ပင်စိုက်ပျိုးခြင်းမှာအဓိက နေရာတွင်ပါဝင်၏ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့ နေ့စဉ် မရှိမဖြစ် ရှိုက်နေသော အောက်ဆီဂျင်အား အစိမ်းရောင်ရှိ သစ်ပင်များ အများဆုံးထုတ်လုပ်ပေးပီး လူတို့
အများစုစွန့်ပစ် ထုတ်လွှတ်ကြသော ကာဗွန်အောက်ဆိုဒ်များအား
အစိမ်းရောင်ရှိအပင်များမှ စားသုံးကြ၏ သို့သော် ယနေ့အချိန်မှာ
ကာဗွန်အောက်ဆိုဒ် စားသုံးသော အစိမ်းရောင်ရှိသစ်ပင်များ
လျော့နည်းလာပီး အောက်စီဂျင်စားသုံးသော ကျွန်ုပ်တို့
လူသားနှင့်သက်ရှိတို့သာလျှင် ပို၍ တိုးပွားကြီးထွားနှုန်းမြင့်မား
နေ၍ အချိုးကျညီမျှစေရန် အစိမိးရောင်ရှိ သစ်ပင်များ အလျှင်
အမြန်လိုအပ်နေပေ၏။ ဒါကြောင့် ကျွန်ုပ်တို့၏ အနာဂါတ်
ကလေးငယ်များအား လိုအပ်နေသော အစိမ်းရောင်
သစ်ပင်များလည်းစိုက်ရင်း စိတ်ဓါတ်များကိုပါ မြှင့်တင်ပေးကြ
ရအောင်လို့ တိုက်တွန်းရင်း
" ယိုယွင်းနေသောမြန်မာ့သဘာဝပါတ်ဝန်းကျင်အား ပြုပြင်ထိန်းသိမ်း
ကြရအောင် " ဆိုတဲ့ပိုစ့်လေးအား အဆုံးသတ်နိဂုံးချူပ် ရေးသားတင်ပြလိုက်ရပါသည် ခင်ဗျားးးး

Postwriter :ThiHaKo (@gelatofresco)
From Myanmar
Credit : google image
MSC -019

Sort:  

အချက်လက် ဗဟုသုတ စုံလင်အောင်း ရေးသားထားတဲ့ ကိုသာအေး winner ဖြစ်ပါစေဗျ ။

ဟုတ်အကိုကြီး ကျေးဇူးပါခင်ဗျ ဆုမရဘူးလို့ဆုလည်းရချင်မိတယ်ဗျာ

very good ဆုရပါစေဗျာ

ကျေးဇူးပါ ဒိုမီရေ ညီအကိုတွေ စိတ်ဆိုးလည်းခနပေါ့ ဒိုမီလည်း အဖွဲ့အတွက်အရမ်းကြိုးစားလို့ပင်ပန်းနေပီ ပြောမှားဆိုမှားရှိခဲ့ရင် ဗွေမယူပါနဲ့လို ဒီကနေ ဘဲ တောင်းပန်စကားပြုလိုက်ပါတယ် ဒိုမီရေ

ဘယ်သူက စိတ်ဆိုးလို့တုန်း အကိုရယ်

ကျနော်ကစိတ်ဆိုးသွားပီထင်နေတာကိုးးးအခုလိုကြားရလို့ဝမ်းသာတယ်ဗျာ

ကိုသာအေးရေးသားမှုတွေကစိတ်ပါဝင်စားမှုအပြည့်ရှိနေတယ်ဆိုတာ
ကျွန်နော်စာဖတ်နေရင်းနဲ့သိရှိခံစားခဲ့ရတယ်ကိုသာအေးရေ…
ရင်ကိုဖွင့်၍ အန်ထုတ်ကာ ရေးသာခဲ့သောဆောင်းပါးကောင်းတစ်ပုဒ်ပါပဲဗျာ………သူရ

ဟုတ်ကျေးဇူးပါ အကိုသူရရေ အားရှိသွားပီ

ခံစားမှုအနှစ်တွေပါနေတယ်လေးဗျ

ကျွန်တော်သာ ဆုရွေးချယ်ရေးအဖွဲ့ ကဆိုရင်
ဆုပေးပြီးသားပဲ

ပျော်ပီလေ ဆုရပါစေလို့ ကျေးဇူးပါခင်ဗျ

yes good post

ဆုဆွတ်ခူးနိုင်ပါစေ ကိုသာအေး

ဟုတ်ပေးတဲ့ဆုပြည့်ရပါစေလို၏

Good.....​ကောင်းပါတယ်

ကျေးဇူးပါခင်ဗျ

ဆုရပါစေဗျာ

ကျေးဇူးပါအကိုရေ

ဆုရကါစေလို့  ဆုတောင်းပေးပါတယ်။ အရေးအသား တော်တော် ကောင်းတယ်

ဟုတ်ကျေးဇူးပါခင်ဗျ ဆုလည်းရလိုပါ၏

Winner Thar Aye heeeeee

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64599.25
ETH 3467.96
USDT 1.00
SBD 2.55