အညာ လူရူး 👶👶👶👶steemCreated with Sketch.

in #myanmar7 years ago (edited)

အညာဆိုတဲ့ အသံကြားတာ နှင့် ပူပြင်းခြောက်သွေ့သော
နေရာ ဒေသ ဟူ၍ အများက ထင်မှတ်ထားကြပေသည် ။
(သို့သော် အညာဆိုတာ အချိန်ပြည့် ပူပြင်းချောက်သွေ့သော
နေရာ ဒေသ မဟုတ်ပါ ) ရာသီဥတု အပြောင်းအလဲကြမ်းသည့်

DSCF2481 - Copy.jpg

နေရာ ဒေသဆိုလျှင် ပို၍ မှန်ပေသည် ။ တော်သလင်းလမှာ
အမြဲလာတက်တဲ့ နောက်ဆုံးလက်ကျန် မိုးဖွဲဖွဲလေးတွေက
သင့်ကို ကော်ဖီတစ်ခွက် နှင့် တစ်နေကုန်အောင် အလွမ်းတွေ
သတိရခြင်းတွေ သယ်ဆောင်ပေးမှာ ဖြစ်ပါတယ်.. အနည်းဆုံး
တစ်ပါတ်တိတိ ရွာတက်တဲ့ ထိုကိုမိုးစွေကြောင့် ရူးမတက်
ခံစားရပီးမှ အကြိမ်ကြိမ် နိုးထနိုင်သူတွေဟာ အညာသူ
အညာသားများ ဖြစ်ပါတယ် .... မိုးစွေ ပြန်သွားပီဆိုလျှင်ဖြင့်
ပိုးစုန်းကြူးလေးတွေအလား ထွက်ပေါ်လာတဲ့ မီးပုံးလေးတွေ
ကားလေးတွေ ၊ သင်္ဘောလေးတွေ စသဖြင့် အမျိုးစုံအောင်
ထွက်ပေါ်လာတဲ့ ရောင်စုံမီးပုံးလေးတွေဟာ ဆိုရင်ဖြင့်

564963_461146880602119_1747212532_n.jpg

မုန်းတိုင်းထန်ပီးသော် ပေါ်ထွက်လာတဲ့ ကြည်လင်ပီး
တိမ်ကင်းစင်တဲ့ ကောင်းကင်ပြာကြီးကို မြင်တွေ့
လိုက်ရသလိုမျိုး သင့်စိတ်ကို ခံစားသွားရမှာဖြစ်ပါသည် ။
အရောင် အမျိုးစုံလင်စွာ ထွက်ပေါ်လာတဲ့ မီးပုံးလေးတွေဟာ
ဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ
သီးတင်းကျွတ် အခါသမယသို့ ရောက်ရှိလာတော့မည်
ဖြစ်ကြောင်းကို ရှေးအခါက ရပ်ရေး ရွာရေး ကိစ္စများအား
မောင်းထု လှည့်လည် ကြေငြာသကဲ့သို့ပင် ဖြစ်ပေသည် ။

700full.jpg

ဝါလကင်းလွတ် သတင်းကျွတ် အချိန်အခါသမယ
ရောက်ပီမို့ မင်္ဂလာဆောင် ဖိတ်စာများ တဖွဲဖွဲ သူငါ
အပြိုင်ဖိတ်ကြား နေပီဖြစ်သည် ။ သို့သော် အများစုမှာ
ဂါရ၀တရား ရှေ့မှာထား၍ သက်ကြီးရွယ်အို မိဘ
ဆရာသမားများအား ကိုယ်တက်နိုင်တာလေး နှင့်
တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံဂါရ၀ပြုနေကြပုံကို
မြင်ရတဲ့မြင်ကွင်းက ပျော်ရွှင်ကြည်နူးဖွယ်ရာကောင်းသလို

Photo_Aye Lwin Oo_ Shwe Pachi_Yamaethin.jpg

ပီတိအဖြာဖြာ စိတ်မှာ ပေါက်ဖွားစေ၏ ဟေမာန်နှင်းရဲ့
နိဒါန်းအစပျိုးခရီးက ဤမျှ ပျော်ရွှင်ကြည်နူးစရာ
ကောင်းသော်လည်း နိဂုံးအဆုံးသတ်ကတော့ ထိုကဲ့သို့
ကြည်နူး ပျော်ရွှင်စရာကောင်းပါ့မလား ဆိုတာကတော့
အညာသူ အညာသားများ အသိဆုံးဖြစ်ပေလိမ့်မည် ။

Avpic3-696x481.jpg

ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့ နတ်တော်လလယ်
မှာဖြင့် အကြောင်းအရာတစ်ခုခုကြောင့် စောင်ချူံထဲမှ
ငိုရှိုက်သံတွေကတော့ တဖေါက်ဖေါက် ကြနေတဲ့
အေးစက်သော နှင်းစက်တွေကြောင့် ဘယ်သူမျှ
သိနိုင်မည် မထင်ပါ......ရပ်ရွာ အေးချမ်းသာယာရေး
အတွက် ၂၄နာရီ မပြတ် ပဌာန်းရွတ်ဖက် သရစ္ဒျယ်ပြုနေကြတဲ့
ဦးဇင်းဘုန်းကြီးတွေ၏ ကြိုးစားအားထုတ် ကြပုံမှာလည်း
အညာဒေသ၏ ပြယုတ်တစ်ခု လိုပင်ဖြစ်ပေသည် ။
ပဌာန်းရွက်ဖက်ပူဇော်နေကြသော ဦးဇင်းဘုန်းကြီးများအား
အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းရန်အတွက် နှင်းဟေမာန်ကို
အံတုကာ ရွာသူရွာသားများ ချက်ပြူတ် ပြင်ဆင်နေကြပုံ
မြင်ကွင်းမှာ အင်မတန်ကြည်နူးဖွယ်ရာ ကောင်းလှပေသည် ။

5300010.jpg

သို့သော် ပျော်ရွှင်ကြည်နူးဖွယ်ရာ အချိန်အခါမျာသည်
တခနလေးမျှသာ မျက်စိလည် လမ်းမှားရောက်လာပီး
စူလလိပ်လို အကြာကြီး ပျောက်ကွယ်သွားပြန်သည် ။
နေ့ပူညချမ်း တပေါင်းလသရမ်း အချိန်အခါမှာတော့ဖြင့်
ထန်းတက်သမား "သာအေး" ထန်းပင်ထက်မှ ရွာဖက်စီသို့
လှမ်းမျှော်ကြည့်မိတော့ ခါတိုင်မြင်နေကြ မြင်ကွင်း မဟုတ်
ရွှေဝါရောင် ရော်ရွက်ဝါများက လေတစ်ချက်အဝေ့မှာ
တစ်ရွက်ခြင်း ခြွေချနေသည့်အလား ထင်မှတ်ရလောက်အောင်
တဖြူတ်ဖြူတ်ကြွေကာ မြေမှာခနေရှာလေပီ လယ်ကွင်းတွေရှိရာ
လှမ်းမျှော်ကြည့်ပြန်တော့ ရိတ်သိမ်းပီးချိန် ဖြစ်တာကြောင့်
ထိုးထိုးထောင်ထောင် ထန်းပင်များမှလွဲ၍ မောင်းခုတ်
ဖြတ်သန်းသွားသော ရထား မီးခိုးငွေ့တန်းကြီးသာ ကျန်ခဲ့၏

4381948315_06f201581e_z.jpg

( ကြုံတုန်း ဆုံခိုက် အလည်ဝင်သွားသော မိတ်ဆွေဟောင်းက
ထန်းနို့ မှ ထွက်ကျနေသော ထန်ရေစက်နှင့်အပြိုင် မြူအိုးထဲသို့
တိတ်တခိုး " မိုး " ရွာသွန်းလျက် ) " ဟူးးးးးးး" မောတယ်
မင်းအကြောင်းမစဉ်းစားရဲဘူး ' အညာ ' ဆိုပီး ဘာမဆိုင်
ညာမဆိုင် ထန်းရည်အိုး လာချပေးရင်းပြောသွားသော
' သာအေး' အား ကာလသားတစ်သိုက်က ၀ိုင်း၍လှောင်ပြောင်
ပြောဆိုသံများဖြင့် ထန်းတောတစ်ခုလုံး ဆူညံသွားပေတော့သည်..

Post writer : ThiHaKo(@gelatofresco)
From Myanmar
credit : google photo

Sort:  

အညာသားဆိုတော့ အညာမှာ ပျော်တယ်ဗျ။
‌ခုလိုသီတင်းကျွတ်အချိန်ဆိုရင် ရွာအခါကို အဝေးကဆွေမျိုးတွေ အလည်ပြန်လာကြ၊ဆွေမျိုးတွေ မိတ်ဆွေတွေ ပြန်ဆုံကြ စားကြသောက်ကြ ဆိုတော့ အရမ်းပျော်စရာကောင်းပေါ့ဗျာ။

တောဓလေ့ တောသဘာဝ ပကာသန ဂုဏ်ဓန မရှိပေမယ့်
အရာရာက တော့ စိတ်ချမ်းသားမှု့အပြည့်ရစေမှာပါ

Please share your idea comment thanks

ရွာ​တောင်​ ပြန်​ချင်​မိပီ ကွီးသာ​အေး😃😃

ကြည် ပြန်လာမယ်ဆို သာအေး ရွာထိပ်က လက်ပံပင်အောက်မှာစောင့်ကြိုနေပါ့မယ်ကွယ်

အို...ကွီးသာအေး ရယ် ကြည် လမ်းမလျောက်နိုင်တော့လို့ နွားလှည်းလေး က ခဲ့ပာကွယ်နော်😃😃

ကြည်ရယ်....သာအေးမှာ နွားမရှိလို့ ထန်းတက်နေရတဲ့ဘဝ
ရယ်ပါ.....😂😂😂😂😂😂😂😂😂

အညာဆိုတာ့ ထန်းရည်​​ပြေးမြင်​မိတာ်

ထန်ရည်ချိုလေးဆိုမွှေးနေတာဘဲ

thank for sharing

Thanks friends

ကိုယ်တွေဆီက အောက်ပိုင်းခေါ်တဲ့ အညာကို ပြန်ပြီး အလည်သွားချင်သေးတယ်

နွေရာသီတော့သွားမလည်ပါနှင့် ရူးပီးပြန်လာမှာစိုးရိမ်လို့ပါ😂😂😂😂😂😂😂😂

အိလောက်လဲ ဟုတ်ပါဘူးအေ ညောင်ဦးမှာ နွှေရာသီ နှစ်လလောက်သောင်တင်ဖူးတယ် မရူးတော့ပါဘူး ပြန်ကုထားတာ ခ်ခ်

ဟားးးး နှစ်လတင်မို့ကုရတာ နှစ်နှစ်ဆို သွပ်ချာပါဒဖြစ်သွားမယ်ဟားးးးး

အညာမြေမှာ မနေဖူးပေမယ့် တမာနံလေး သင်းသင်းမွှေးတဲ့ အညာမြေကို ချစ်ပါတယ်။

တမာရနံ့လေးသင်းသင်းမွှေး အညာမြေကို ပြန်သတိရပါသည်
ထပ်တူထပ်မျှပါဘဲခင်ဗျာ

ထန်းရည်ကို ပဲခူး ရွှေသာလျောင်း ဘုရားသွားတော့ တခါသောက်ဘူးတယ်။ စနိုက် ဆိုလား ဆနိုက်ဆို လား စာကလေးကြော် လိုမျိုးနဲ့ မြည်းတာ, ကောင်းသားဟ။ ဒီတခါ မြန်မာပြည် ပြန်မှ ပဲ အထက်အညာ တက်ပြီး ထန်းရည် လိုက်သောက်ဦး မယ်။ မြန်မာပြည်မယ် ဘယ်နေရာ ထန်းရေ ကောင်းသလဲ သာအေး

ထန်းရေ ကောင်းကောင်းကတော့ ညောင်ဦးမြို့ကနေ ပုပ္ပါးကိုထွက်တဲ့လမ်းမှာ ထန်းတောလေးတွေနဲ့ အမြည်းကောင်းကောင်းတွေရှိတယ်အကိုရေ အိမ်ပြန်လက်ဆောင်လေးဝယ်ချင်သေးတယ်ဆိုရင် ထန်းလျက်ခဲကိုကြိုချက်ပီးလက်လက်ဆက်ဆက်ရောင်းနေတာလေးတွေကိုပါတွေ့ရနိုင်ပါတယ်ခင်ဗျ

ဟုတ်လား... Myanmar Steemit community ထဲမှာ ညောင်ဦးသားလေးများ မပါကြဘူးလား..?

ကျွန်တော်က ညောင်ဦးသားမဟုတ်ပေမယ့် ပခုက္ကူ နဲ့ ညောင်ဦး သိပ်မဝေးလှတဲ့ခရီးမလို့ ညောင်ဦးနဲ့ တော့ အရမ်းနီးစက်တဲ့ ပခုက္ကူသားပါခင်ဗျ

အညာဆို အရမ်းချစ်

ထပ်တူထပ်မျှပါခင်ဗျ

ကျွှန်တော့ နာမည် ဦးအညာ ပါ

အဘထ ရူဆေး ဟားးးးးး

ဆဲခံရ​တော့မယ်​​ဟေ့ ဆဲခံရ​တော့မယ်

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58004.44
ETH 2579.54
USDT 1.00
SBD 2.40