ပင်မြင့်ဆီသို့
ရွက်ဝါကြွေသောဤနွေဦး၌ သူ့ကိုစတင်တွေ့ရှိခဲ့သည်။သူ၏ရနံ့သည်မွှေးပျံလွန်းလှသည်။သူ့ကိုကျွန်မခူးဆွတ် ယူဖို့အတော်အတန်ကြိုးစားခဲ့ရပါသည်။
်
သူသည်ထည်ဝါလွန်းလှသည် မဟုတ်ပါ။သို့ပေမယ့် ကျွန်မနှင့်မူ အတော်အတန်မြင့်မားသောနေရာ၌ ရှိနေပေသည်။
ကျွန်မသူ့ကို လိုချင်လွန်းလှသည်။သူ၏အဆင်းသည် တပ်မက်ဖွယ်ကောင်းလှပါ၏။သူ့ကို လိုချင်လွန်း၍
အရူးအမူးဖြစ်ခဲ့မိပါသည်။
ထို့ကြောင့်ကျွန်မသည် သူ့ကိုလိုချင်လွန်းလှ၍ သူရှိရာ
အရပ်ဆီသို့ မရောက်ရောက်အောင်သွားခဲ့မိသည်။
အသွားမတော်တလှမ်းဆိုသည့်အတိုင်း အခက်အခဲများ
စွာနှင့်ကြုံခဲ့ပါသည်။
သူစံမြန်းရာသို့ရောက်ရှိပါပြီ။ကျွန်မသူ့ကို အရူးအမူးပင်
မြတ်နိုးစွဲလန်းစွာဖြင့် စူးရှတပ်မက်မှူအပြည့်ဖြင့် ကြည့်ပြီး နမ်းရှိုက်မိလိုက်ပါသည်။
လိုချင်တပ်မှူအပြည့်ဖြင့်သူ့ကိုကျွန်မအရယူခဲ့ပါသည်။
စာဖတ်သူပရိသတ်ကြီး ကျွန်မအရယူခဲ့သည့်သူကား
မည်သူဖြစ်သည်ဟု ထင်ပါသနည်း။
ပင်မြင့်ထက်စံနွေဦး၌ ပွင့်ဖူးသော ကံကော်ပန်းကလေး
ပင်ဖြစ်ပါသည်။
စာရေးသူ အိအိခိုင်
MSC No.173
Credited from google images.

You got a 1.08% upvote from @allaz courtesy of @eieikhing!
Sneaky Ninja Attack! You have been defended with a 1.39% vote... I was summoned by @eieikhing! I have done their bidding and now I will vanish...Whoosh
ဟီးးအပျို ကြီးဘဝက လွတ်ပြီထင်နေတာ နောက်မှ ကံကော်ပန်းတဲ့
😜😜😜
အယ် ဘယ်သူ့များအရယူခဲ့ပါလိမ့်😁😁
ပန်းကလေးဖြစ်နေတာကိုး😂😂
ဟဲဟဲ။ပန်းပဲယူလို့ရမှာပေါ့
Goodတယ်sis😉👍🌸🌹🌻🌼