မတ်​မတ်​အိ၏ဟိုအ​​ကြောင်းဒီအ​ကြောင်းများ

in #myanmar8 years ago

online​ပေါ်မှာ​လေပြုတ်​ကျ​လေး​တွေကိုလုပ်​ကြည့်​ရင်းဖြင့်​မတ်​မတ်​အိတစ်​​ယောက်​လည်းစိတ်​ကူး​လေးတ
ယဉ်​ယဉ်​​ပေါ့ရှင်​။ပြီးခဲ့​သောရက်​များကTradeက​လေး
ကလည်းမြတ်​လူလည်း​မြောက်​ကြွ​မြောက်​ကြွနဲ့တက်​ကြွ
လို့​နေခဲ့​ပေမယ့်​tradeမှမိမိဝယ်​ထား​သောcoin​များ
လိုချင်​​သော​ဈေးတက်​မလာ​သောအခါများ၌လူက​နေလို့
မ​ကောင်းဖြစ်​ချင်​​နေ​သလိုလိုဖြစ်​ရင်းဖြင့်​steemit​ပေါ်
သို့မိမိ၏လက်​ရည်​​လေးပြန်​လည်​​သွေးရင်းဖြင့်​post
များများတင်​နိုင်​​အောင်​ကြိုးစားမိ​နေ​တော့သည်​။
"ဒီအပျို ကြီးစားမယ့်​လူမရှိ၊ပူပင်​စရာ​ပေမယ့်​​လောဘကြီး
ို့တယ်​လို့။"
အပျို ကြီးတပ်​​ခေါ်၍​ပြောသူများနှင့်​​တွေ့ဆုံမိလျှင်​ဖြင့်​မတ်​မတ်​အိ၏မျက်​နှာ​တော်​မှာစူပုပ်​၍မျက်​​မှောက်​ကြီး
ကုပ်​၍​နေ​ပေ​တော့သည်​။Fbအ​ကောင့်​များထဲ၌မိမိ၏
တူမ​တော်​၊ညီမ​တော်​များ၊အ​ဒေါ်များ၏အ​ကောင့်​အားblockထားလျှင်​​ကောင်းမလားဟုလည်း​အဖန်​ဖန်
ပင်​​တွေး​နေမိသည်​။
ဖြစ်​​ကြောင်းကုန်​စင်​အားရှင်းလင်းရလျှင်​ဖြင့်​မတ်​မတ်​အိ
တစ်​​ယောက်​အပျိုကြီးပီသစွာပင်​ပွစိပွစိ​ပြောဆိုမိခဲ့၍ဖြစ်
သတည်း။မတ်​မတ်​အိ၏အစ်​မဝမ်းကွဲ၏သမီးက​လေး
တူမ​တော်​များမှာ​ခေတ်​လူငယ်​ဖလန်းဖလန်းထ​နေသည့်
သမီးပျို​လေးများပီပီfb​ပေါ်သို့ပုံများတပုံပြီးတပုံတင်​​လေ
သည်​။
ဤသည်​ကိုပင်​မ​နေနိုင်​မထိုင်​နိုငိအပျိုကြီးမတ်​မတ်​အိမှ
"ဟဲ့ ညည်း​အေ ဒီလို​ဘောင်းဘီတို​တွေ၊လည်​ဟိုက်​​တွေ
ဝတ်​ပြီးမတင်​နဲ့​အေ။ကျားသဘာဝ​ယောက်ျား​လေး​တွေ
လာမန့်​တာလွန်​ကျူးးရင်​ကျုပ်​ကလည်းညည်းအ​ဒေါ်။ခံနိုင်
မလား​အေ။"စသည်​ဖြင့်​မ​နေနိုင်​မထိုင်​နိုင်​သူများသား
သမီးများအားဝင်​၍ပွစိပွစိဖြင့်​ပွားမိ​လေ​တော့သည်​။
ထိုအခါ၌ကိုယ့်​အပူမရှာလို၍လွတ်​လွတ်​ကင်းကင်း​နေ
သည့်​မိမိအား"အ​မေ့ညီမ အပျို ကြီးက​လေ ဒါ​ကြောင့်​အပျို ကြီးဖြစ်​​နေတာ။"ဟုယင်​ဖိုမသန်းမိမိဂုဏ်​ကိုပါလာ
၍ထိခို​က်​​လေ​တော့သည်​။
ထို့အတူပင်​မိမိ၏တဝမ်းကွဲ​မောင်​က​လေးများကfb​ပေါ်
၌"relationship"ဟူ၍စာတမ်းက​လေးဖြင့်​၎င်းတို့၏
ရည်းစားက​လေးများအားတင်​သည့်​အခါများ၌
"ဘယ်​က​ကောင်​မ​လေးများပါလိမ့်​။မိန်းက​လေးပီသရဲ့
လား။"စသည်​ဖြင့်​​တွေးမိပြန်​​လေ၏။မိမိသည်​​ခေတ်​ကို
လိုက်​မမီသည်​လား။ခေတ်​​နောက်​ပြန်​သည်​လားမသိ။၎င်းတို့၏relationshipက​လေးများမှာတစ်​လတစ်​ခါ သို့မဟုတ်​ နှစ်​လတစ်​ခါများ၌အသစ်​က​လေးများဖြစ်​​နေ
ပြန်​၏။
မတ်​မတ်​အိတစ်​​ယောက်​လိုက်​၍ပင်​မမီနိုင်​​​တော့​ပေ။ထို့အတူမိမိ​လေပြုတ်​ကျများအားသဲကြီးမဲကြီးလုပ်​​နေ​မိ
၍messengerအားမကြည့်​မိသည့်​အခါများ၌"ညည်းဒီအရွယ်​ကျမှဘဲရှာ​နေသလား​အေ။ကျုပ်​တို့စာ​တောင်
မဖတ်​ဘူး​အေ။"စသဖြင့်​ကြီး​တော်​၊အ​ဒေါ်များ၏စာများက
ဝင်​လာပြန်​​လေ​တော့သည်​။
ထို့​ကြောင့်​မတ်​မတ်​အိတစ်​​ယောက်​အမြင်​မ​တော်​တာများဝင်​မ​ပြောမိ​စေရန်​၊online​ပေါ်မှာအ​နေများလျှင်
"လာရှင်​ထွက်​​နေတယ်​။"ဟုအထင်​များတတ်​​သော​ဆွေ
မျိုး၊အသိမိတ်​​ဆွေများ​အားမည်​သို့မည်​ပုံလုပ်​ရမည်​မသိ
ပါ​တော့​ချေ။
မိမိ၏အသိများကလိုင်း​ပေါ်မှာအမြဲလိုလို​တွေ့​နေ၍​မေး
မြန်းစုံစမ်း​သောအခါ၌Online​ငွေရှာသည့်​အ​ကြောင်း
ကိုမတ်​မတ်​အိတစ်​​ယောက်​ရှင်းပြ​ရ​လေ​တော့သည်​။
ထိုအခါများ၌ရှင်းပြ​နေသည်​များကိုမယုံတဝက်​ယုံတဝက်
ပုံစံဖြင့်​နား​ထောင်​ကြ​လေသတည်း။
မတ်​မတ်​အိလည်းပိန်းဥ​တွေများလွန်း​သောမိမိအသိုင်းအဝိုင်းအားလွန်​စွာပင်​စိတ်​ပျက်​လှ​ချေသတည်း။
သို့​သော်​လည်းမတ်​မတ်​အိစာ​ရေး​နေသည့်​steemit websiteအ​ကြောင်းအားU.S.A၌​နေထိုင်​သည့်​မတ်​မတ်​အိ၏အစ်​မတစ်​ဝမ်းကွဲမှ​မေးမြန်းသည့်​အခါ၌အား
တက်​သ​ရောmessenger၌စာပို့၍တမျိုး၊ဖုန်းဖြင့်​တဖန်​ရှင်းပြမိ​လေ​တော့သတည်း။
ယခုအချိန်​ထိမတ်​မတ်​အိ၏​လေပြုတ်​ကျများထိထိမိမိ
ပိုက်​ပိုက်​မရ​သေး၍မတ်​မတ်​အိတစ်​​ယောက်​​လေမကျယ်​ရဲ​သေး​ပေ။
မတ်​မတ်​အိတစ်​​ယောက်​Airdrop​လေးတချက်​​ထိလျှင်​ဖြင့်​​ခေါင်းနှင့်​တာဝတိံသာတက်​​ဆောင့်​မတတ်​ဘဝင်​မြင့်​၍​နေ​ပေ​တော့မည်​။စိမ်းကားရက်​စက်​စွာပစ်​ထားခဲ့​သော
mobi​လေးအားပြန်​လည်​​ပေါင်းသင်းရန်​ကြိုးစား၍ပြင်​ဆင်​ထားခဲ့မိသည်​။
mobi​လေးအဆင်​​ပြေ၍steem​ဈေးများ$100ထိ
တက်​လာပါကမတ်​မတ်​အိတစ်​​ယောက်​မိုးမမြင်​​လေမ
မြင်​ဘဝင်​​လေဟပ်​၍​ကြွား၍မဆုံးပင်​ဖြစ်​​ပေ​တော့မည်​။
ဤသို့ဖြင့်​ဟို​ရောက်​ဒီ​ရောက်​Promotion postအား​ရေးသားလိုက်​ရပါ​တော့သည်​။

steem​ဈေးများ$100ဖြစ်​၍MSCအဖွဲ့သားများ
အားလုံးပြုံး​ပျော်​နိုင်​ကြပါ​စေရှင်​။

Writer Ei Ei Khing.
MSC No.173.

ice_2018-08-21-14-04-38-289.jpg
Photo my photo.

Sort:  

ကြော်ငြာဝင်သွားတာကိုး ☻☻☻

ဟီးဟုတ်​ပါဘူး

ဈေးအတက်လေး မျှော်ရသည်ပေါ့

ဒါ​လေးပဲရှိတာ​လေ

စိတ်ကူးလေးနဲ့ ရူးရတာဘဲ မအိရေ ဆန္ဒတွေ များမကြာမီ လပိုင်းအတွင်း ပြည့်ပါစေကွယ်

ဟုတ်​တယ်​မမစု​ရေ။

ကိုင်း ‌ဘော်‌‌ဘော်‌တို့ အပျိုကြီးတဲ့‌ဟေ့။‌ရေးသားထားတာ ဖတ်‌လို့‌ကောင်းတယ်‌။

ဟီး😌😌

Mobi လေး လည်း စောင့်မျှော်လျက်ပေါ့

freeမဟုတ်​​တော့ဘူးတဲ့

steem​ဈေး$100.ဖြစ်​လို့က​တော့....အားလုံး​ပျော်​လိုက်​မည့်​ဖြစ်​ခြင်း....

ဟုတ်​တယ်​​နော်

ကိုယ့်ဂုဏ်ကိုယ်ဖော်ထဲမှာ အပျိုကြီး ပါလေသလား မသိ😁😁😁

ဟီး😜😜

လုပ်​ကျ​ပေါ့ မအိ​ရေ☺

ဟီး😌😌

ဥာဏ်ကောင်းသောသူများသာ အပျိုကြီးဖြစ်ကြသည်တဲ့ ကိုယ်ဒေက ဥာဏ်ကောင်းနေတာပဲ သူများက အားကျရမှာလေ ဆေးဝေး မီးပူ တွေရှောင် အိုတောင် မဆင်းရဲတဲ့ မအိရေ. . .

ဟီးတင်​ပါ့

ခုချိန်တော့Estimate Valueကို မကြည့်ချင်တော့ဘူး

ဖြစ်​လာမှာပါရှင်​။အချိန်​တချိန်​​တော့​စောင့်​ရမှာ​ပေါ့။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.097
BTC 62707.26
ETH 1744.61
USDT 1.00
SBD 0.39