မိန်းမသားမာန
မိန်းမသားတစ်ယောက်အတွက် မာနဟူသည်ရှိသင့်သည်ဟုကြွေးကြော်ခဲ့ကြသည်။ထိုမာနသည် လူတစ်ဦးတစ်ယောက်နှင့်တွေ့ဆုံသောအခါ ဖယောင်းသည် မီးနှင့်တွေ့သောအခါ အရည်ပျော်ကျသကဲ့သို့ တစက်တစက်ဖြင့်အရည်ပျော်ကြသွားလေသည်။
အချစ်သည်မိန်းကလေးများအတွက်မီးနှင့်အလွန်တူသည်။ထိုမီးနှင့်တူသောအချစ်အား အလွန်အကျွံ ခံစား
လျှင် ထိုမိန်းမ၏မာနသည် နူးညံ့ပျော့ပျောင်းသောပန်းပွင့်အသွင်သို့ပြောင်းလဲသွားလေတော့သည်။
အချစ်သည်မိန်းကလေးများအလွန်အကြူးမကိုးကွယ်သင့်သောအရာဖြစ်သည်။ရှိသင့်ရှိထိုက်သည့်မိန်းမသား မာနသည်မိန်းကလေးများအတွက် ရှိရမည်ဖြစ်သည်။
အချစ်သည်ဘဝအတွက်တစိတ်တပိုင်းသာဖြစ်သည်။နှလုံးသားဆန္ဒအတွက် မိမိမာနအားလျော့ချလိုက်သည့်အခါ အနှီမိန်းမသည် အရာအရာတိုင်းအတွက်သည်းခံ လိုက်လျောပေးလေတော့သည်။
ဥပမာအားဖြင့်ဆိုရသော် မိန်းကလေးတစ်ယောက်သည် အိမ်ထောင်ပြုသောအခါ ထိုမိန်းကလေးသည် လင်ယော က်ျား၏ စည်းကမ်းများအောက်၌ပြားပြားဝပ်နေကြရပါ သည်။မိန်းကလေးတိုင်းအား အကျွန်ုပ်မဆိုလိုပါ။တချို့မိန်းကလေးများသည် ပညာများစွာတတ်၍မိမိ၏မိဘ၊ အသိုင်းအဝိုင်း၊တိုင်းပြည်အကျိုးထမ်းရွက်သူများ ဖြစ်
ကြသော်လည်း အိမ်ထောင်ပြုသောအခါ လင်ယောက်ျား၏ အမိန့်တော်အတိုင်း မိန်းမသားမာနအားခဝါချ၍
မိမိပညာများအား အသုံးမချအိမ်ထောင့်အကျိုး၊ လင့်အကျိုးအတွက် ထမ်းရွက်နေသူများအား အကျွန်ုပ်ပတ်ဝန်းကျင်တွင် ကြိမ်ဖန်များစွာတွေ့ ကြုံနေရပါသည်။
ထိုသို့သော မိန်းကလေးများသည် မိမိတို့ခင်ပွန်းသည် မလွန်ဆန်နိုင်သော အနိစ္စတရားနှင့်တွေ့ကြုံသောအခါ မုဆိုးမဘဝဖြင့်အရာရာကိုမလုပ်တတ်မကိုင်တတ်ဖြစ်၍
ဒုက္ခအဖုံဖုံနှင့်တွေ့ကြုံနေရသည်ကိုလည်းတွေ့ကြုံနေရ ပါသည်။
အချုပ်အားဖြင့်ဆိုသော်စာရေးသူအကျွန်ုပ်သည် အပျို ကြီးပီပီသသဖြင့် အိမ်ထောင်ရှင်မိန်းမသားများအား ရှိသင့်ရှိထိုက်သော မိန်းမသားမာနဖြင့် တိုင်းပြည်အကျိုး၊ လူ့လောကအကျိုးဆောင်ရွက်နိုင်သောသူများဖြစ်အောင် ကြိုးစားကြပါဟု တိုက်တွန်းရင်းနိဂုံးချုပ်ပါသည်။
@eieikhing.
MSC No.173.
Credited from google images.

ချစ်မရေ သာမီးကတော့ လုံးဝပဲ အထိမခံနိုင်ဘူး ကိုယ့် အလုပ်ကို 😁😁😁
ဟုတ်ပါ့ကောင်းတယ်
Sneaky Ninja Attack! You have been defended with a 1.49% vote... I was summoned by @eieikhing! I have done their bidding and now I will vanish...Whoosh
You got a 1.03% upvote from @allaz courtesy of @eieikhing!
Release the Kraken! You got a 1.59% upvote from @seakraken courtesy of @eieikhing!
Wow!!!မိုက်တယ်
ဟုတ်ကဲ့ကျေးဇူး
good ရှယ်
ဟုတ်ကျေးဇူး
Gooood👍
Gooood👍
Thank.
Good တယ်အမ
ဟုတ်မောင်လေး