ဘဝကိုစတင်ခြင်း( The starting of my life)

ကျွန်မအတွက်တော့ ဘဝဆိုသည့်စကားလုံးကို တိတိကျကျစတင်သိရှိခဲ့သည့်အချိန်မှာ မိဘ၂ပါးလုံးဆုံးပါးသွားသည့်အချိန်ပင်ဖြစ်ပါသည်။
မိဘ၂ပါးအနက် အမေ ဆုံးသွားပြီးသည့်နောက်ပိုင်း အဖေနဲ့နေခဲ့စဉ်က ကျွန်မဘဝသည် အစစအရာရာ အဆင်ပြေချောမွေ့၍ ပူပန်ခြင်းဆိုတာ
ဘာမှန်းမသိခဲ့ပေ။ အဖေဆုံးပါးသွားသည့်နောက်ပိုင်းတွင် သာကျွန်မ၏ ဘဝအစဖြစ်ခဲ့ပါသည်။ လူတွေ၏ စိတ်ပြောင်းလဲခြင်း၊ဆက်ဆံပုံပြောင်းလဲသွားခြင်း၊ စားဝတ်နေရေးအတွက်ရုန်းကန်ရခြင်းစသဖြင့်ပြောင်းလဲ
သွာူပါသည်။ဘဝဆိုတာ ဘနဲ့ဝပေါင်းသည်သာဖြစ်သည်ဟု အရင်တုန်းကသိခဲ့ပါသည်။ လခစားအလုပ်၊ကုမ္ပဏီအလုပ်တွေမိဘရှိစဉ်ကတည်းကလုပ်ခဲ့သော်လည်းပေါ့ပေါ့နေပေါ့ပေါ့စား၍ အကုန်သုံးခဲ့ပါသည်။
ယခုအခါတွင်မူ ဘဝကိုစ၍ပြန်ရုန်းကန်နေရသလိုပါပင်။ ကျွန်မသာလျှင်
အိမ်ထောင်ဦးစီး ကျွန်မသာလျှင် အိမ်ထောင်ထိန်းမောင်လေးနှင့်အတူ
အစစအရာအခက်အခဲပေါင်းစုံကိုဖြတ်ကျော်သွားနေရပါသည်။
လူတိုင်းလူတိုင်းကိုယ့်ဘဝကို တိတိကျကျ ကိုယိလိုချင်တဲ့ဘဝရောက်အောင် ပုံဖော်၍ ကြိုးစားသင့်ပါသည်။ယခုအချိန်တွင်ကျွန်မသည် ဘဝကိုတိတိကျကျပုံဖော်၍ကြိုးစားနေပါသည်။ ဤသည်ကားလောကဓံကပေးသောသင်ခန်းစာများပင်ဖြစ်ပါသည်။ပတ်ဝန်းကျင်နှင့် လူတို့၏ဆက်ဆံရေးပြောင်းလဲခြင်းများ ၊ဘဝကိုရုန်းကန်ရစဉ်တွေ့ကြုံရခြင်းများသည် ကျွန်မ၏စိတ်ဓာတ်ကိုပိုမိုခိုင်ခံ့မယိုင်မပြိုလဲအောင်ကြိုးစားခြင်းဖြင့် ရင့်ကျက်၍
ျတည်ငြိမ်စွာမည်သည့်အခက်အခဲမဆိုကျော် ဖြတ်နိုင်အောင်ပေးနိုင်သည့် အတွေ့အကြုံများပင်ဖြစ်ပါတော့သည်။
I knew the meaning of life when my parents were died.I didn't understand difficulty and struggling after my mother had been died while I was living with my father.After my father had died; it was the time of starting my life.People'smind;manner and struggling for three basic needs which is called food;clothes and shelter.I understood that Life is spelled with l;i;f and e and had no more understanding.
When my parents were still alive; I work as a company employer and other job.But I spent all my salary.Now I am struggling from the starting of my life.I am not only a leader of my house but also a housewife by struggling my life with my little brother.Everybody should try to make the picture of the life which one want exactly.Now I am trying to make the picture of my life to be beautiful.This is the lessons of my llife.The experiences of my life make my mind to be strong and the strength of solving my difficult life problems.
@eieikhing
MSC No. 173
ခုလိုကြိုးစားပါsis
ဟုတ်ကဲ့ အားပေးတဲ့အတွက်ကျေးဇူးပါရှင်
Good
Thank you.