Steemit User များထံသို့ အပိုင်း (၂)
ဒီတစ်တော့ Post အသစ်များ ဆက်လက်ရေးသားရန် အင်အားကုန်ခမ်းနေတဲ့ User တွေအတွက်ပါ။ အင်းအားကုန်နေတဲ့ မိတ်ဆွေတွေအတွက် အားဆေး (၃) ချက်လောက် ပြောပြပါရစေ
(၁) အများစုက မိမိရေးတဲ့ Post မှာ မိမိပြန်ရတဲ့ ငွေကြေးနည်းတဲ့ အတွက် မတန်ဘူးဟု ထင်မှတ်နေကြပါတယ်။ ဒါအပြင် လူဟောင်းတွေ/ Robot သုံးတဲ့ သူတွေရဲ့ ရတဲ့ ငွေကြေးနှင့် နှိုင်ယှဉ်ပြီး မိမိကိုယ်ကို အားမရစိတ်တွေဖြစ်ပေါ်လာပါတော့တယ်။
ကျွန်တော်အရင်က ပြောခဲ့သလို လူဟောင်းတွေကို အားကျတာ အရမ်းကောင်းပါတယ်။ ဒါပင်မဲ့ လူဟောင်းတစ်ယောက် နှင့် မိမိကိုယ်ကို ဘယ်တော့မှ နှိုင်းယှဉ် မကြည့်ပါနဲ့။ သင်ဟာ သင်သာဖြစ်ပြီး သင်ကိုယ်တိုင်ကြိုးစားမှ အခွင့်အရေးတွေက သင့်အတွက်ဖြစ်လာမှာပါ။ အားကျနေရုံမျှဖြင့် ဘာမှမဖြစ်လာတဲ့ အပြင် မိမိကိုယ် မိမိ အားမရတဲ့ စိတ်တွေဖြစ်ပေါ်လာပါလိမ့်မယ်။ Post တစ်ခုမှာပြန်ရတဲ့ ငွေကို ကြည့်ပြီး စိတ်မကျေနပ်မှုတွေဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီလိုစိတ်မကျေနပ်မှုတွေကဘဲ ဒီလုပ်ငန်းကနေ သင်ထွက်သွားဖို့ အကြောင်းတွေဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီတော့ အားကျပါ သင့်နှင့်တော့ ဘယ်သောအခါမှ မနှိုင်းယှဉ်ပါနဲ့။ သင့်ဘာသာ ပုံမှန်ကျိုးစားသွားပါ။ ဒီလိုပုံမှန်ကျိုးစားခြင်းဖြင့် နှိုင်ယှဉ်စရာ မလိုတဲ့ Level တစ်ခု ရောက်လာပါလိမ့်မယ်။
(၂) Steemit ဆိုသည်မှာ Social တစ်ခုဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့
အများစု Post တင်မယ်။ သူများ Post တွေကို Upvote ပေးမယ် စသည့်ရိုးရှင်းတဲ့ အချက်ကလေးတွေလောက်သာ အရေးပေးလုပ်ဆောင်နေကြပါတယ်။ အဓိက အချက်ဖြစ်တဲ့ တစ်ဦးကို တစ်ဦး ဆက်သွယ်ရန် အချက်ကို မေ့ထားတက်ကြပါတယ်။Facebook ကို Chat Box မရှိပါဘူး။ ဒီတော့ ကျွန်တော်တို့ Comment ကနေ ဆက်သွယ်နိုင်ပါတယ် ( Facebook လို တောင်စဉ်ရေမရ စကားတွေ ပြောခိုင်းတာမဟုတ်ဘူးနော်)။ Comment box ကနေ သူရေးတဲ့ post ရဲ့ လိုအပ်ချက်တွေကို ထောက်ပြဆွေးနွေးပါ/ ကောင်းမွန်တဲ့ အချက်တွေကို ချီးမွန်းပါ/ တစ်ဦးကို တစ်ဦး အမြန်အလှန်လေးစားပြီး Contact လုပ်ပါ။ မိမိ post ရဲ့ Comment တိုင်းကို လေးစားမှုရှိရှိ Reply ပြန်ပါ။ ဒီလို ပုံမှန်လေး လုပ်သွားရင် တစ်နေ့ သင် Steemit မှာ အောင်မြင်လာမှာပါ။
(၃) အားသွန်ခွန်စိုက် ကြိုးစားပါ
ဘယ်သူကမှ နေရာတစ်ခုကို လွယ်လွယ် ကူကူနဲ့ မရောက်ပါဘူး။ အလွယ်ရတဲ့ ကိစ္စဆိုတာလဲ မရှိသလောက် ရှားပါတယ်။ ကြိုးစားကြတဲ့ သူတွေအတွက် အောင်မြင်မှု ပန်းတိုင် ဆိုတာ ရှိကြစမြဲပါ။ အောင်မြင်မှု ရရှိဖို့ အချိန်/ငွေ/ လုံးလ/ လုပ်ရည်ကိုင်ရည် ဆိုတာ အလွန်လိုအပ်ပါတယ်။ သင်ထင်သလောက် မအောင်မြင်ရသေးတာသည် သင်ထင်သလောက် မကြိုးစားရသေးလို့ပါ။ ဘာလို့ လမ်းတစ်ဝက်မှာ ရပ်နေမှာလဲ ခုထပြီး ကြိုးစားလိုက်စမ်းပါ။ သင့်အတွက် အောင်မြင်မှုတွေက လက်ကမ်းပြီး စောင့်ကြိုနေတယ်ဆိုတာ သင့်မမေ့ပါနဲ့။ လမ်းတစ်ဝက်ကနေ ဘယ်တော့မှ နောက်ပြန်မလှည့်ပါနဲ့လို့ အကြံပေးရင်း
ဒီပကျော်
Crypto Exchange Service
MSU No 001
Follow @bible.com
တော်လိုက်တာအကြံပေးချက်အရမ်းကောင်းပါသည်ကြိုးစားပါ့မယ်
ဟုတ်ကဲ့ ဆက်ပြီး ကြိုးစားစေချင်ပါတယ်
good ပါ မောင်လေး
fighting
ဟုတ်ကဲ့ အမ 5ting
အင်း
yes bro
တစ်ကယ်လို့ post payout ကို ကြည့်ပြီး စိတ်ဆင်းရဲ့နေတယ်ဆိုရင် အဲ့ဒါကို ဖျောက်ထားလို့ရပါတယ်။ ကိုယ်ဘယ်လောက်ရလဲ ဆိုတာ မမြင်ရတော့ဘူးပေါ့။
ကြည့်လဲ ကြည့်ချင်တယ်
ကြည့်ပြီးရင်လဲ စိတ်ဆင်းရဲတယ်
ဒါမျိုးတွေက ဖြစ်နေကြပါဘဲဗျာ :( :( :(
Nice
ဖြည်းဖြည်းမှန်မှန် ချီတက်ရင်တော့ တစ်နေ့ လိုချင်တဲ့ ပန်းတိုင်ကိုရောက်မှာပါ။
ကိုဒီပ ကျွန်တော် အကိုတို့အဖွဲ့ထဲ ပါဝင်လို့ရမလားဗျ။
ဟုတ်