ဆင်းရဲချမ်းသာမညီမျှမှုနှင့် လူမျိုးရေး ရန်စများ

in #myanmar7 years ago

20706076_463026707411857_1660797846_o.jpg
လူဆိုသည်မှာ တစ်ခြားလူအောင်မြင်လာလျှင် မနာလိုဖြစ်ကြတာများကြပါတယ်။ တစ်ချို့တွေက မနာလိုမှုကို အားကျမှုအဖြစ်အသွင်းပြောင်းယူတက်ကြသလို တစ်ချို့ကတော့ မကောင်းကြံစည်ဖို့ စိတ်ရိုင်းတွေဝင်လာတက်ကြပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားဆိုသည်မှာ ရှိပေမဲ့ လူမျိုးကတော့ ကွဲပြားကြမှာပါ။ လူမျိုးကွဲပြာမှုအပြင် ဘာသာရေးအရကိုးကွယ်မှုများသည်လည်း အမျိုးမျိုးရှိနေကြပါတယ်။ နိုင်ငံအများစုမှာ မိမိယုံကြည်ကိုးကွယ်ရာကို လွတ်လပ်စွာ ကိုးကွယ်လို့ရကြပေမဲ့ ဆင်းရဲချမ်းသာ မညီမျှချင်းတွေက ဖြူစင်လှသည့် ဘာသာရေးကို ညစ်နွမ်းစေပါသည်။ ဖြူစင်လှသည့် ဘာသာရေးများမှာ နိုင်ငံရေးဆိုသည့် မှိုင်းများမိလျှင်တော့ "လမိုက်ည တောအုပ်အလည်မှာ လမ်းပျောက်တဲ့ သူတစ်ယောက်လို အမှောင်ဖုံးမှာ သေချာလှပါသည်"။

ဘာသာရေး/ လူမျိုးရေး များသည် အထိအခိုက်မခံသည့် ကိစ္စရပ်များသာဖြစ်သောကြောင့် ခေါင်ဆောင်အများစုသည့် ကိုင်တွယ်ဖို့ဝင်လေးကြသလို့ တစ်ချို့ကတော့ ဘာသာရေး/လူမျိုးရေးကို အသုံးကြပြီး မိမိနေရာရဖို့ကြိုးစားကြလေတော့ပါတယ်။ အစကတည်းက ဆင်းရဲ/ချမ်းသာ မညီမျှမှုကြောင့် တောက်လောင်နေသည် မီးပုံကို ဘာသာရေး/လူမျိုးဆိုပြီး သွေးထိုးမှု ဓာတ်ဆီလောင်းချလိုက်သလို လောင်လို့မဆုံးတော့ပါဘူး။ ဒါတွေကို တစ်ချို့က အကွတ်ကျကျစီစဉ်တက်သလို ဓားစာခံဖြစ်ကြသူတွေကတော့ ကျွန်တော်တို့လိုသာမာန်ပြည်သူတွေပါ။

တစ်ခါတစ်လေ ဖြစ်ပေါ်လာသော သဘာဝအရင်းအမြစ်ကို ခွဲဝေရာတွင် မညီမျှမှုတွေကြောင့် လူမျိုးရေးအမုန်းပွားမှုတွေဖြစ်ပေါ်ကြပြီး မသေသင့်တဲ့ သူတွေသေကြရပါသည်။

နိုင်ငံတစ်နိုင်ငံမှာ လိုအပ်သည့် အခြေခံအဆောက်အဦးများ/ ရရှိလာသော အရင်းအမြစ်များကို မျှတစွာခွဲဝေပေခြင်း/ ဆင်းရဲမွဲတေမှုတွေကို လျော့ချနိုင်ခဲ့လျှင် လူမျိုးရေး/ဘာသာရေး အမုန်းပွားမှုတွေမှာ အလိုလိုနေရင်း လျော့ချပြီးသားဖြစ်လာမှာပါ။ လူအချင်းချင်း စာနာမှု ထားတက်ကြပြီးအမုန်းကင်းဝေးပြီး လှပနေသည့် နွေးထွေးလှသည့်အိမ်လေးမှာ အားလုံးချစ်ချစ်ခင်ခင်နေနိုင်ကြပါစေလို့ စုတောင်းရင်း......

dpakyawsteemit.gif
Plz Follow and Vote Me

ဒီပကျော်
Money Exchange Service

Sort:  

ကျွှန်တော်လည်း ကိုဒီပ နှင့်ထပ်တူ ဆုတောင်းပါတယ်

ဟုတ်ကဲ့.............. ဆုတောင်းတွေပြည့်မှာပါ

very nice post,bro!
Thanks a lot for sharing!

Thank you for support :)

မင်္ဂလာပါ FBမှာ Hein Khant Maung ..fri ဖြစ်​ပြီးသားပါ
Steemit မှ​တွေ့ရတာ ဝမ်းသာပါတယ်
Bro တို့လို နည်းပညာကျွမ်းသူ​တွေဆီက ပညာရရင်​ ကံ​ကောင်းတာပဲ ဆရာတင်​ပါတယ်
Cryptocurrencyမှာနည်း​ပေးလမ်းပြပါဦး

ဒီထက်အများကြီး ချဲ့ရေးလို့ရပါတယ်, ဥပမာတွေနဲ့ တွဲပြီးတော့။ ဆောင်းပါး တခုစာ ပြည့်ပြည့် စုံစုံ လေး ဖြစ်စေချင်ပါတယ်

Thank you for your comment :)

good bro...

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64118.79
ETH 3390.14
USDT 1.00
SBD 2.51