Online လုပ်ကိုင်သူများအဖို့ သိရှိစရာအချက် ၉ချက်

in #money7 years ago

16729070_662892893902946_4286884332087367342_n.jpg
1.မှန်ကန်သည့်စိတ်ကူးနှင့် သင့်စီးပွားကို ဘယ်လိုလုပ်မယ်ဆိုတာ တိတိကျကျသိပါစေ။
စီးပွားရေးလုပ်ငန်းတစ်ခုမစခင် အရေးကြီးသည့်အချက်တစ်ခုကတော့
-ဘယ် Online ငွေရှာသည့် Site မှ စိတ်မချရပါဘူး။ ဒီတော့ အရေးအကြီးဆုံးအချက်တစ်ချက်က "သင်ကိုယ် သင်ယုံကြည်ချက်" အပြည့်အဝထားပါ။

  1. ငွေအလုံအလောက်မရှိခြင်း

-တကယ်လို့ Online စီးပွားရေး လုပ်မည့်သူတွေသည် ငွေအလုံအလောက်မရှိခဲ့လျှင် ဒီလောကကနေ စောစီးစွာနှင့်(အရှံးမရှိထွက်သွားပါ)။ Free site တွေဟာ သင့် Internet ဖိုးလောက်သာ ရှိပါတယ်။ ဒါပင်မဲ့ အနည်းဆုံးက စရင်းပါ။

3.မိမိကိုယ်တိုင် အောင်မြင်မှု လမ်းကြောင်းကိုရှာဖွေပါ

-Online မှာ ငွေရှာသူအများစုက မိမိကိုယ်တိုင် အားမကိုးဘဲ ဆရာအများအပြားထားလေ့ရှိပါတယ်။ တစ်ကယ်တမ်းပြောရရင်တော့ ဒါဟာကောင်းမွန်တဲ့အချက်မဟုတ်ပါဘူး။ ဆရာများ သားသေဆိုသလို ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနှင့် အချိန်ကုန်/ငွေကုန်ဖြစ်တက်ပါတယ်။ ဒီတော့ ဘယ်သူဘာပြောပြော မိမိအောင်မြင်မှုလမ်းကြောင်းကို မိမိဘာသာကြိုးစားရှာဖွေပါ။

4.စိတ်ထားတွေ တက်နိုင်သလောက်ပြုပြင်ပါ

"ခွေးရူးကောင်းစား တစ်မွန်းတည့်" ဆိုသည့်စကားကို ကြားဘူးမှာပါ။ တစ်ပါးသူကို ကိုယ့်ရဲ့ ကောင်းကျိုးအတွက် ဒီလုပ်ငန်းဟာ ကောင်းမွန်းကြောင်း မတိုက်တွန်းမိပါစေနဲ့။ တစ်ကယ်လို့ သင်လိမ်ညာမယ်လို့ တွေးမိရင် ဒီလောကက စောစီးစွာ အရှံးမရှိအနားယူလိုက်ပါ။ သင့်ထက် ဆရာကျသူတွေက သင်ကိုဝိုင်း သမဖို့စောင့်နေပါလိမ့်မယ်။

5.ဘယ်တော့မှ လောဘမကြီးနဲ့

-Onlineမှာ ငွေမရင်းခင် မိမိ လစဉ် ဘယ်လောက်အမြတ်ရ, ရမယ်ဆိုတာ ရေးမှတ်ထားပါ။ ဒီလောက သေချာရေရာမှုမရှိတဲ့အတွက် သင့်လောဘကို တက်နိုင်သမျှလျော့ချတာဟာ သင့်အတွက် အောင်မြင်မှု ဆုတစ်ခုပါဘဲ

6.ပြောတိုင်းမယုံပါနဲ့

-သူများကို မလိမ်တဲ့အပြင် ကိုယ်တိုင်အလိမ်မခံရအောင် ကြိုးစားပါ။ သင့်ဘေးမှာ လူလိမ်တွေဝိုင်းနေတယ်ဆိုတာ အမြဲသတိရပါ

7.အာမခံချက်မပေးနဲ့

-သင်က ဒီ site တွေရဲ့ Owner မဟုတ်သ၍ အာမခံချက်မပေးပါနဲ့။ Site တစ်ခုခုက Error တက်လာခဲ့လျှင် သင့်မကောင်းဖြစ်ပါလိမ့်မည်။ အာမခံချက်မပေးဘဲ အကြံပြုချက်တွေသာ မျှဝေပါ။ ကောင်းတာ/မကောင်းတာ သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မည်။

8.လောင်းကစားဆို ရှံးဖို့များပါတယ်

-ဒီလောကကနေ လောင်းကစားနဲ့ရှာလို့ရပါတယ်။ ဒါပင်မဲ့ လောင်းကစားဆို အစတောင် မလုပ်မိပါစေနဲ့။ Owner တွေက သူတို့အမြတ်ရအောင် အစကတည်းက Program ဆွဲပြီးသားဖြစ်ပါတယ်။

9.ရေရှည်မျှော်တွေးပြီး။ အရှံး/အမြတ် ဒဏ်ကို ခံနိုင်ရည်ရှိအောင်ကြိုးစား သင်ယူပါ။

ဒီချက်တွေ သိရင်တော့ မကြာခင်မှာ သင်အောင်မြင်သည့် စီးပွားရေးသမား တစ်ယောက်ဖြစ်လာမှာ မလွဲပါဘူး။

မှတ်ချက်- သင်ထင်မြင်ချက်တွေကိုလည်း မျှဝေနိုင်ပါတယ်

ဒီပကျော်
Money Exchange Service
https://www.dpakyaw.com

BTC/PM များ ဝယ်လို/ရောင်းလိုပါလျှင် အောက်ပါ Page ကို ဆက်သွယ်ပါ👉 https://www.facebook.com/mmmoneyexchangeservice/

အကြံပြုငွေရှာ Siteများ (or) Top ငွေရှာ Site များ -> https://www.facebook.com/freephonebill/photos/a.582791441913092.1073741829.578123179046585/661976110661291/?type=3

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66330.08
ETH 3331.87
USDT 1.00
SBD 2.70