နေခဲ့သူ ကျန်နေရစ်မှာပါsteemCreated with Sketch.

in #myanmar8 years ago

istock-513252352.jpg

ကျွန်တော်တို့ MSU အဖွဲ့သားတွေ Steem ဈေးကျလာတော့ Power Down သူက Downကြ Post မတင်တဲ့ သူတွေက မတင်ကြနဲ့ အရပ်ပျက်နေသလိုပါဘဲ။ ဒီလိုလူတွေထဲမှာမှ ပုံမှန် Post တင်သည့် သူတွေရှိကြသလို ပုံမှန်အလုပ် လုပ်နေသူတွေလည်းရှိနေကြပြန်ပါတယ်။

ကျွန်တော်အနေနဲ့ကတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အလေးထားသည့်အနေဖြင့် ချိုသည်/ ခါးသည် မပြောလိုပါဘူး။ အားလုံး မိမိစိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပင်မဲ့ ရရှိလာမည့် အကျိုးရလဒ်တွေကတော့ တစ်ယောက် နှင့် တစ်ယောက် တူကြမှာ မဟုတ်ပါဘူး။ မိမိရွေးချယ်မှုက မိမိရလဒ် မဟုတ်ပါလား။

ကျွန်တော် MSU အဖွဲ့ စပြီး လုပ်ကတည်းက ကြေငြာထားတာ တစ်ခုရှိပါတယ်။ Steemit သည် စိတ်ရှည်သည်းပြီးကြိုးစားရတာဖြစ်ပါတယ်။ အားလုံး တစ်နှစ်ခန့် အနစ်နာခံပြီး လုပ်မှ အောင်မြင်မှု ရရှိမယ်လို့ ပြောဆိုခဲ့ပါတယ်။ အများစုက သဘောပေါက် လက်ခံတယ်ဆိုပြီး လုပ်ကြပင်မဲ့ တကယ့်လက်တွေ့မှာ ကောက်ရိုးမီးလို ခဏသာ အားကျိုးမာန်တက်လုပ်ကြပါတယ်။ တစ်လ , နှစ်လ ခန့်လုပ်ပြီးလျှင် အားလုံး လျှိုလျှို ပျောက်ကွယ်သွားကြပြန်ပါတယ်။

ကျွန်တော်အတွက်က ဒီလိုဖြစ်လာမည်ဆိုတာ အဖွဲ့ မစတင်ခင်ကတည်းက ကြိုတွက်ထားပြီးသားပါ။ ထွက်သွားတဲ့ လူဟောင်းတွေနေရာမှာ ပါဝင်လိုသည့် Member အသစ်တွေကို ထည့်သွင်းသွားမှာပါ။ ဒီလို ထွက်လိုက် အသစ်သွင်းလိုက်နှင့် နောက်ဆုံးမှာ တစ်ကယ့် စိတ်ရှည်သည့် သူတွေသာ စုစည်းကျန်နေခဲ့မှာပါ။ ဒီလိုလုပ်ငန်း Process သည် တစ်နှစ်နီးပါး အချိန်ပေးထားပါတယ်။

ဒါအပြင် ကျွန်တော်ကိုယ်တိုင် တစ်လကို Steem Power 500 ခန့်ကို လစဉ်ထည့်သွားတဲ့အတွက် တစ်နှစ်ပြည့်ချိန်မှာ SP 6000 ခန့် ရရှိနေမှာ ဖြစ်ပါတယ်။ ဒီကြားထဲ Member တွေရဲ့ SP တွေပါ စုပေါင်းမည်ဆိုလျှင် အတန်အသင့် အင်အားတောင့်တင်းသည့် အဖွဲ့ တစ်ခုဖြစ်လာပါလိမ့်မည်။ အချိန်အားဖြင့်တော့ တစ်နှစ်ခန့် ကြာပါလိမ့်မည်။

ဒီတော့ MSU အဖွဲ့သားတွေ အနေဖြင့် နေခဲ့ရင် နေခဲ့လို့ရပါတယ်။ နေခဲ့သူကတော့ နောက်ကျကျန်နေခဲ့မှာ မလွဲဧကန်ဖြစ်ပါတော့တယ်ဆိုတာ အသိပေးရင်း ခဏနားပါရစေ

Photo Credit- Google

ဒီပကျော်
Founder @ MSU
MSU No - 001

Sort:  

ခုလိုကြိုးစားပေးတဲ့ founder ကြီးရှိတဲ့အတွက်အားတက်ရပါတယ်

Yes Bro
Keep Try On

ဘာမှနားမလည်သေးပါ

Plz Study More

အပြည့်အဝ ထောက်ခံပါကြောင်း

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.075
BTC 63576.69
ETH 1674.29
USDT 1.00
SBD 0.41