Way (Chapter 4)

in #myanmar6 years ago

ge98xhautm.jpg

သူဌေးက သူ့အိမ်ကို ပြန်လည်ပြီး မွမ်းမံ အဆင့်မြင့်ခြင်းများ လုပ်၏။ ထိုကိစ္စရပ်များကို ကျနော်နှင့် PM (Project Manager) တို့ိက ပူးတွဲပြီး လုပ်ဆောင်ပေးရ၏။ PM ကား သူဌေး၏ ညီဝမ်းကွဲ ဖြစ်၏။ ကျနော် အစားထိုး ဝင်ရောက်လုပ်ကိုင်ရမည့် နေရာကလည်း သူ့နေရာ ဖြစ်၏။ သူကား မကြာမီ အလုပ်နားတော့မည် ဖြစ်၏။ ရန်ကုန်ပြန်ပြီး အခြား လုပ်ငန်း တခုခုမှာ ဝင်ရောက် လုပ်ကိုင်ဖို့ စီစဉ်ထားပြီ ဖြစ်၏။ ကျနော့်ကို လက်လွဲစရာများ ရှိနေသည့် သူ့ကို သူဌေးက ကျနော် နှင့်အတူ တွဲပြီး လုပ်ကိုင်စေခြင်း ဖြစ်၏။ အိမ်ပြင်ဆင်ခြင်း ကိစ္စကနေ အထိုက်အလျောက် ရင်းနှီးမှု ရပြီး နောက်ပိုင်း လုပ်ငန်း လက်လွှဲယူရသည့်အခါ ပိုမို လွယ်ကူ အဆင်ပြေစေရန် ဖြစ်၏။

သို့ရာတွင် စိတ်မကောင်းစရာ တခုက ဖြစ်လာခဲ့၏။ အခြား မဟုတ်၊ PM က လကုန်လျှင် နားတော့ မည်ဖြစ်၏။ သူ လက်လွှဲစရာများကို ကျနော့်ကို လက်လွှဲထားခဲ့ဖို့ လို၏။ သို့ပေမယ့် သူဌေး အိမ်ကို ပြင်ဆင်နေရပြန်သဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများက လုပ်ငန်း တာဝန်များကို ကျနော့်ကို လွှဲပေးဖို့ရန် မဖြစ်နေနိုင်သေးပေ။ ထို့ကြောင့် ကျနော်တို့လည်း သူဌေးအိမ် ပြင်ဆင်ရေးကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်ကြတော့၏။ သူဌေးတို့ တမိသားစုလုံးက ခရီးထွက်သွားကြ၏။ သီတင်းကျွတ် ကျောင်းပိတ်ရက် ဖြစ်သဖြင့် ကလေးတွေးလည်း ကျောင်းပိတ်ကြသည်ကိုး။

qfsqtbuttg.jpg

ကျနော်နှင့် PM လည်း သူဌေးအိမ်ကို ပြင်ဆင်ကြရင်းနှင့် တယောက်နှင့် တယောက် ပိုမိုပြီး ရင်းနှီးလို့ လာတော့၏။ အလုပ်အကြောင်းကို သင်ယူလေ့လာခြင်းထက် တယောက်အကြောင်းကို တယောက် ပြောဆို မိတ်ဆက်ရင်းနှင့်သာ အချိန်ကုန်လို့နေ၏။ ထို့ကြောင့်ပင် တဖြည်းဖြည်း တယောက်အကြောင်း တယောက် ပိုသိလာတော့၏။ ဒါကြောင့်ပင် အလုပ်က လူများက ကျနော့်ကို ဘယ်လို သဘောထားကြသည်ကို သိလာရခြင်း ဖြစ်၏။ အစောပိုင်းက သူတို့ ကျနော့်ကို ဘယ်လို သဘောထားကြသည်ကို သူ၏ ပြန်လည် ပြောပြချက်များအရ သိရှိခွင့် ရခဲ့၏။ ထို့အတူ နောက်ပိုင်း ဘယ်လို သဘောထားသည်ကိုလည်း ထပ်မံ သိရှိခွင့် ရခဲ့၏။

ထို ကာလလေးကတော့ ကျနော့်အတွက် တကယ့်ကို အမှတ်ရစရာ၊ အသိ ဗဟုသုတ တိုးစရာများပင်။ ထို့ပြင် လူတွေ အကြောင်းကိုလည်း ပိုပြီး သိရှိခွင့် ရခဲ့၏။ အသိမိတ်ဆွေများလည်း တိုးပွားလာခဲ့ရ၏။ ကျနော့် အရိုးခံ စိတ်ကို မြင်သွားကြပြီးနောက် ဒီအလုပ်မှာ ကျနော့်ကို ဆက်ပြီး မလုပ်စေချင်သူတွေ တော်တော်လေး များလာခဲ့တော့၏။ ဘာလို့ ဘာကြောင့်ရယ် တိတိကျကျ မပြောဘဲ မင်းစိတ်နဲ့ ရမှာ မဟုတ်ဘူး ဆိုသည့် စကားလုံးကိုသာ ကြားရ၏။

သူဌေး၏ အိမ်ကို ပြင်ဆင်ပေးနေရင်းနှင့် သူဌေးပြန်လာမည့် နေ့ရက်တောင် ရောက်လာလေတော့၏။ ထိုအခါမှာ ပြဿနာက စတော့၏။ အခြား မဟုတ် ရေ မရှိနေခြင်း ဖြစ်၏။ PM ကလည်း ရေတင်ဖို့ မေ့နေသလို၊ ကျနော်ကလည်း ထိုရေနှင့် ပတ်သက်ပြီး မသိလိုက်၊ သတိမထားမိခြင်း ဖြစ်၏။ မသိရခြင်းကလည်း ကျနော်က လူသစ်ကိုး။ PM ခမျာ လည်း အခြား ကိစ္စများနှင့် ရှုပ်နေသဖြင့် ထို ရေကို လှည့်မကြည့်လိုက်နိုင်ခြင်း ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 60778.63
ETH 1619.55
USDT 1.00
SBD 0.47