WarYee (Final Chapter)steemCreated with Sketch.

in #myanmar7 years ago

FB_IMG_1527335451652.jpg

ဤနေရာမှာ ကြုံကြိုက်နေသဖြင့် ကျနော်နှင့် ဘီယာ သမိုင်းကြောင်း အကြောင်းလေး နည်းနည်း ပြောပါရစေ။ အများကြီး မပြောတော့ဘူးလေ။ ဒါကိုပဲ သတ်သတ် ပိုစ့် တခု ရေးရဦးမယ် မလား။ ဘီယာ အမျိုးအစား တော်တော်များများ သောက်ဖူးခဲ့၏။ လက်ရှိမှာတော့ ABC နှင့် ခံတွင်းတွေ့နေ၏။ Mandalay ဘီယာကိုကား (၂) ခါလောက်တော့ သောက်ဖူး၏။ Mdy မှာပဲ သောက်ဖူးခြင်း ဖြစ်၏။ အရသာလေးကတော့ မဆိုးလှပေ။ Myanmar ဘီယာထက် စာလျှင် Mandalay ဘီယာ၏ အရသာကို ပိုသဘောကျ၏။ ထို့ပြင် ယခု bar မှာ ကျနော်တို့ သောက်သည့် Mandalay ဘီယာက premium ဖြစ်၏။ အရသာက Myanmar premium အရသာနှင့် ခပ်ဆင်ဆင် တူ၏။

Myanmar premium ထက်လည်း ဈေးသက်သာ၏။ ယခု Mandalay က တလုံးမှ (၇၀၀) ပဲ ဖြစ်၏။ အတော်လေးကို တန်၏။ သူ့ ပုလင်းလေးကလည်း ချစ်စရာလေး ဖြစ်၏။ အရက်သွားဝယ်သူများ ပြန်မရောက်သေးခင်မှာ ကျန်နေခဲ့သည့် ကျနော်တို့ ဘော်ဒါတစုလည်း Mandalay နှင့် စောင့်နေကြ၏။ မစားခင် မသောက်ခင်လေး အကြိုအနေနှင့်ပေါ့။ တအောင့် နေတော့ ပုလင်းသွားဝယ်သည့် ဘော်ဒါများ ရောက်လာကြ၏။ Black Label တလုံးနှင့် Myanmar တဖာ ၀ယ်လာခဲ့၏။ အပိုဆု အနေနှင့် ABC (၃) လုံးပါ ဆွဲလာခဲ့၏။

မှာထားသည့် ဟင်းပွဲများ ရောက်လာ၊ ချသည်နှင့် ကျနော်တို့ ၀ိုင်းလည်း စတော့၏။ လူအများကြီး Black Label တလုံးထဲ လောက်ပါ့ မလားဟု မေးစရာ ရှိ၏။ မပူပါနှင့် bar မှာ Black Label တလုံး ကျန်သေး၏။ စုစုပေါင်း (၂) လုံးပေါ့။ စကားတွေ ပြောရင်း၊ စားကြ သောက်ကြရင်းနှင့် ည (၁၁) နာရီခွဲမှ ကျနော်တို့ ၀ိုင်း သိမ်းတော့၏။ Bar တခုလုံးမှာလည်း ကျနော်တို့ တ၀ိုင်းပဲ ရှိသဖြင့် လွတ်လွတ်လပ်လပ်နှင့် ပြောလို့ကောင်း၊ ဆိုလို့ကောင်း၊ သောက်လို့ ကောင်းနေတော့၏။ စကားပြောရတာ မောလာ၊ ပျင်းလာလျှင် ညရှုခင်းလေး ကြည့်လိုက်နှင့် တော်တော်လေးကို အဆင်ပြေလှ၏။

P90610-204335.jpg

အားလုံး ကိုယ်စီ လမ်ခွဲပြီး ပြန်ကြ၏။ သို့ပေမယ့် အချို့ကတော့ အိမ် မပြန်ကြသေးဘဲ အခြား နေရာမှ ဆက်ပြီး သွားသောက် ကြသေး၏။ ကျနော်ကတော့ အိမ်ပဲ ပြန်ခဲ့၏။ Bar ၏ ၀န်ဆောင်မှုကတော့ အနည်းငယ် လိုအပ်ချက် ရှိသည်ဟု ပြောလို့ ရ၏။ ထားပါလေ၊ ဒါကတော့။

နောက်နေ့ မှာတော့ အဖွဲ့ထဲက သူငယ်ချင်း တယောက်၏ တူလေး မွေးနေ့ ရှိ၏။ ဖိတ်လည်း ဖိတ်ထား၏။ ထို့ပြင် တပည့်လေး တယောက်၏ ဆယ်တန်းအောင် အထိမ်းအမှတ် ဂုဏ်ပြုပွဲလည်း ရှိ၏။ ပွဲက (၂) ပွဲ တိုက်နေ၏။ မနက်ခင်းပိုင်းမှာ မွေးနေ့ပွဲ သွားစားပြီး နေ့လည်ခင်းမှ တပည့်လေးပွဲသို့ သွားမည် ဟု တွက်ထားလိုက်၏။ မွေးနေ့ ပွဲက ရှမ်းခေါက်ဆွဲ (ကျိုင်းတုံ ခေါက်ဆွဲ) ကျွေး၏။ စားလို့ ကောင်း၏။ နေ့လည်ခင်းမှာတော့ တပည့်လေး၏ ပွဲသို့ သွားမည် ဆိုမှပဲ ကိစ္စပေါ်လာသဖြင့် မသွား ဖြစ်လိုက်ပေ။ မည်သို့ပင် ဆိုစေ ထိုရက်ပိုင်း အတွင်းမှာတော့ တကယ့်ကို စားပွဲ သောက်ပွဲများနှင့် တိုးနေ၏။ ကျနော်လည်း ပွဲစားကြီးကို ဖြစ်လို့ နေတော့၏။ တခါတလေ ကျလျှင် ထိုကဲ့သို့ပင် ဆက်တိုက်ကြီးကို စားနေ၊ သောက်နေရတော့၏။ အိမ်က အမေကိုလည်း ကြိုပြောထားရ၏။ ခဏနေ မင်း အိမ်ဟင်း အိမ် ထမင်း မစားတော့ဘူး မလားဆိုလျှင် ခက်ချေလိမ့်မည်။ သူများတွေက အမြဲ မကျွေးမွေးနိုင်ဘူးလေ၊ အမေ ကတော့ အမြဲ ချက်ကျွေးသူ မလား။

Don Jaun

MSC 31

Sort:  

ဒါနဲ့ပဲ အသက်ကကြီး ဗိုက်ကရွှဲ တစ်ယောက်တည်းဖစ်တော့မယ်

ဟဟ
Slim လေး ဖြစ်သွားမှ ဆာဒွန် ဆာဒွန်နဲ့ ခေးတွေ ဝိုင်းနေမှာ မြင်ယောင်သေး

အော်.. စားပွဲ သောက်ပွဲတွေနဲ့ အရမ်းဟန်ကျနေတာပဲဗျ။တပည့်တွေကလည်း ဒီရက်ပိုင်း ဂုဏ်ပြုပွဲတွေလုပ်တော့ ဆရာ့အတွက် အဆင်သင့်နေတော့တာပေါ့ဗျာ။

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63435.26
ETH 1684.80
USDT 1.00
SBD 0.41