Unicode (Chapter 1)
Zawgyi Unicode က ဇာတ်ရှိန် အမြင့်ဆုံး အချိန်သို့ ရောက်လာပြီ ဖြစ်၏။ Facebook မှာလည်း Zawgyi က ဘာဖြစ်တယ်၊ Unicode က ဘာဖြစ်တယ်ပေါ့။ ယခင်ကတည်းက Zawgyi ကိုပဲ စွဲစွဲလန်းလန်း သုံးလာခဲ့ပြီး Zawgyi ကိုပဲ ချစ်ခင်နေကြသူများက Unicode က Match မဖြစ်ဘူး၊ အဆင်မပြေဘူးပေါ့။ အခြားသူများနှင့် communicate လုပ်မရဘူး အစရှိသဖြင့် ပြောဆိုကြ၏။ Unicode သမားများကလည်း Unicode ၏ အားသာချက်များကို ပြောပြီး Zawgyi ကို ပစ်ပယ်သင့်ကြောင်း ပြောကြ၏။
October (1) ရက်နေ့က စပြီး Operator များ အားလုံး Unicode ပြောင်းကြတော့ မည်ဆို၏။ အခြား operator များတော့ မသိပေမယ့် MPT ကတော့ လွန်ခဲ့သော တပတ်ကတည်းက Unicode ပြောင်းနေပြီ ဖြစ်၏။ ကျနော့် ထံသို့ ပို့်သည့် message ကို Unicode နှင့် ပို့လာခဲ့ခြင်း ဖြစ်၏။ အသိ သူငယ်ချင်းများထဲမှ အချို့လည်း Unicode ပြောင်းကုန်ကြပြီ ဖြစ်၏။ အချို့က Uni မှ Zawgyi သို့ ပြန်ပြောင်း၏။ အချို့ကတော့ Unicode ပဲ ဆက်သုံးကြ၏။ ပြန်ပြောင်းသူများက အဆင်မပြေလို့ ဆိုသည့် အကြောင်းပြ ချက်ကို ရ၏။ ကနဦးမှာတော့ ထိုသို့ ဖြစ်နေမည်မှာ သဘာဝပင် ဖြစ်၏။
ယခုအချိန်ထိ အများစုက Zawgyi ပဲ သုံးနေကြသေးသည်ကိုး။ လွယ်ကူသည့် အကူးအပြောင်းလည်း ရှိသလို ခက်ခဲသည့် အသွင်ကူးပြောင်းရေးတွေလည်း ရှိနေမည်မှာ သဘာဝပင်။ ယခု Unicode ကူးပြောင်းရေးက ခက်ခဲသည်ဟု ပြောလို့ မရသလို လွယ်ကူသည်ဟုလည်း ပြောလို့ မရပြန်သေးပေ။ သူ့ အနေအထားနှင့်သူတော့ ခက်ခဲနေသည် ဆိုရမည် ထင်၏။ တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် ပြောင်းလဲ ချင်သည်ဆိုလျှင်တော့ ယခုလောက်နှင့် မရနိုင်ဟု ကျနော် ထင်၏။
ဒါက တကိုယ်တော် အမြင်ဆိုတော့ မှားကောင်းလည်း မှားနိုင်၏။ သို့ပေမယ့် Unicode ပြောင်းလဲရေးက လွယ်မရောင်နှင့် ခက်လှ၏။ အရိုး အသားထဲထိ စွဲလာခဲ့သည့် Zawgyi ကို ပစ်ပယ်ပြီး Unicode ပြောင်းဖို့ကား တော်လှန်ရေး တရပ်အလားပင်။ Unicode ပြောင်းရေး အတွက် တကိုယ်တော် အမြင် အနည်းငယ်ကို ပြောပြလို၏။
Unicode ၏ အားသာချက်များကို အများသူငါ သိအောင် ချပြနိုင်ဖို့ လို၏။ ထိုသို့ ချပြရာ၌ Unicode သုံးခြင်းဖြင့် ရနိုင်မည့် အကျိုး ကျေးဇူးများကို လူအများ စိတ်ဝင်စားအောင် စိတ်ပါလာအောင် ချပြဖို့ လို၏။ နောက်တခုက Zawgyi ကို block ဖို့ ဖြစ်၏။ ဒီကိစ္စကတော့ တော်တော်လေး ခက်မည်။ လွယ်ချင်လျှင်တော့ Facebook မှာ Zawgyi ကို block လိုက်ရုံပင်။ Zawgyi နှင့် ရိုက်ထားသည့် စာများကို translate မလုပ်ပေးတော့ဘဲ နဂိုအတိုင်း ထားလိုက်ခြင်းဖြင့် ဖတ်ရတော့မည် မဟုတ်ပေ။ ဒါတောင် Uni Zawgyi converter နှင့် ပြောင်းဖတ်လို့ ရနေသေးသဖြင့် Zawgyi ချစ်သူများက မပြောင်းဘဲ နေနေဦးမည် ထင်၏။
မည်သို့ပင် ဆိုစေ စာများ ပိုစ့်အများစုကို ဖတ်မရမှတော့ ထို Zawgyi သမားသည် Unicode သို့ မဖြစ်မနေ ပြောင်းရပေလိမ့်မည်။ ကျနော်တို့ နိုင်ငံ၏ Facebook သုံးစွဲမှု လွှမ်းမိုးမှုက မည်မျှ လောက် ကြီးမားသည်ကို အားလုံး သိကြပေလိမ့်မည်။
ဆက်ပါဦးမည်
Don Jaun
MSC 31

