ကျတော်နှင့် ဝီရိယ
ကျတော်သည် သာမန် လူတယောက်သာ ဖြစ်၏။ တိတိကျကျ ပြောရလျှင် သာမန်ထက် ပျင်းသောသူ တယောက် ဖြစ်၏။ အိပ်ချိန်၊ စားချိန် မမှန်ပေ။ ကျတော် မှန်မှန် လုပ်ဖြစ်သည်ဆိုလို့ ပျင်းရိခြင်းသာ ဖြစ်၏။ ထို့ကြောင့်ပင် အမေ၏ ချီးကျူးထောပနာ ပြုခြင်းကို မကြာခဏ ခံယူရလေ့ ရှိ၏။ ဆိုရလျှင် အရေးကြီးပါသည် ဆိုသည့် ဆယ်တန်းကျောင်းသား ဘ၀မှာတောင် ကျတော်၏ ၀ီရိယသည် သာမန်ထက် မပိုခဲ့ပေ။ ကိုယ်ရည်သွေးလိုခြင်း မဟုတ်။ သာမန်ထက်သာ ပိုခဲ့လျှင် ကျတော်သည် ယခုအချိန် ဆရာဝန်တယောက် ဖြစ်နေမည် ဖြစ်၏။ ဤသည်မှာ စကား အဖြစ် ပြောခြင်းသာ ဖြစ်၏။ ကျတော်သည် ဆရာဝန် အလုပ်ကို စိတ်မ၀င်စားပေ။ သွေးမြင်လျှင် ကြောက်တောက်သော၊ အပ်မြင်လျှင် လန့်တက်သော သူတယောက်သာ ဖြစ်၏။ ယခုအချိန်ထိလည်း သွေးလှူတိုင်း သွေးဖောက်သည့် အပ်ကို မကြည့်ပဲ မျက်နှာလွှဲနေတုန်းဖြစ်၏။ သွေးလှူ ဖြစ်ခဲ့သည်မှာတောင် (၁၁) ကြိမ် ပြည့်သွားပြီ ဖြစ်၏။
တက္ကသိုလ်ကျောင်းတက်တော့ သာ၍ အပျင်းထူ၏။ ကျောင်းသည် မနက် (၈) နာရီ တက်၏။ ကျတော်သည် နေ့စဉ် မနက် (၇) နာရီမှသာ ထ၏။ တောင်ပေါ်ကနေ ကျောင်းရှိရာ အေးသာယာကို ရောက်ဖို့ လိုင်းကား (၁) နာရီလောက် စီးရ၏။ ကျတော်သည် မနက်အစော စာသင်ချိန် တချိန် အမြဲလွတ်၏။ ဆရာ၊ ဆရာများ သဘောကောင်း၍သာ တော်သေး၏။ လွတ်သွားသည့် စာများ ဆရာ၊ ဆရာမများ အားသည့်အချိန် အဆောင်မှာ သွားမေး။ သူငယ်ချင်းများထံ၌ မှတ်စု တောင်းယူကူးခြင်းဖြင့် မနက်ပိုင်း စာသင်ချိန် တော်တော်များများကို ဖြတ်သန်းခဲ့၏။ ထိုမျှ ကျတော်သည် ၀ီရိယ ကောင်း၏။
ယခု ဆရာ ဘ၀ ရောက်လာတော့ ၀ီရိယ မရှိ၍ မရတော့။ မဖြစ်တော့။ ကျောင်းသားဘ၀တုန်းက ကိုယ့်ကို စောင့်မျှော်နေမည့်သူက ဆရာ တဦးတည်းသာ။ ကိုယ်ဆရာဖြစ်လာတော့ကိုယ့်ကို စောင့်မျှော်နေမည့် တပည့်များက တဦးတယောက်မကပေ။ ဆယ်တန်း ကျောင်းသားဘ၀ကတောင် ခပ်စောစော မထခဲ့သော ကျတော်သည် ယခု ဆရာ ဖြစ်ခါမှာ အစောကြီးထနေရတော့၏။ သို့သော် ကျတော်ကို့ ချစ်သော၊ ကျတော့်ကို နားလည်ပေးသော အဆောင်မှ ဆရာမက ကျတော်၏ မနက်ပိုင်း စာသင်ချိန်အား ညနေဖက်သို့ ပြောင်းပေး၏။ ကျတော် အိပ်ရေး ၀၀ အိပ်ရအောင်တဲ့။
ဆရာ ဘ၀မှာ အစပြုလာသော ၀ီရိယသည် ယခုအချိန်မှာ ပိုမို၍ အားကောင်းပြီး အရှိန်ရလာတော့၏။ တခြား မဟုတ်။ Steemit ၀ီရိယ ပင် ဖြစ်ချေ၏။ နေ့စဉ် ပုံမှန် post ရေးနိုင်ဖို့ လုံးပန်းသည်။ အခြားတပါး မိမိနှစ်သက်သော သူတို့၏ စာများကို ဖတ်ရမည် စသည်ဖြင့် ၀ီရိယထား တက်နေပြီ ဖြစ်၏။ steemit နှင့် ပတ်သက်သည့် ကိစ္စများကို ဂရုတစိုက်နှင့် အာရုံစိုက် အလေးထားလာ၏။ အများက ပြောသည် Steemit ဆွဲနေပြီဆိုပြီးပေါ့။ ကျတော်ကတော့ ထိုသို့ မသုံးချင်ပါ။ ကျတော်သည် steemit ကို စွဲလမ်းနေခြင်း မဟုတ်။ နှစ်သက်ခြင်းသာ ဖြစ်၏။ သဘောကျခြင်းသာ ဖြစ်၏။
ယခုလည်း ခရီး (၆) ရက်လောက်သွား ဖြစ်မည့် အကြောင်း ဖန်လာ၏။ laptop သယ်သွားလို့ မဖြစ်။ Phone နှင့်က စာရှည်ရှည် မရိုက်တတ်။ မရိုက်တတ်တာထက် မရိုက်နိုင်ခြင်း ဖြစ်၏။ ထို့ကြောင့်ပင် ထို (၆) ရက်စာ အတွက် ကျတော့်မှာ post များ အဆင်သင့် ရှိနေဖို့ ပြင်ဆင်ရတော့၏။ ကျတော့် ၀ီရိယကို ကျတော် ကိုယ်တိုင် အံ့သြမိ၏။ စွမ်းအား ကြီးပါပေ့ Steemit ရယ်။ ယခု ဤ စာကို ရေးနေချိန်၌ ကျတော့်ထံတွင် (၆) ရက်စာအတွက် post များ Ready ဖြစ်နေ၊ ရှိနေပြီ ဖြစ်၏။
မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူး။ မဖြစ်သေးတာပဲ ရှိတယ်။ လက်တွေ့သည် တခါတရံ စိတ်ကူးယဉ်ထားတာထက် ဆန်းကျယ်နေတတ်၏။ ကျတော်သည် ယခုကဲ့သို့ online currency တမျိုးမျိုးနှင့် ပတ်သက်မိပြီး င၀ါးများ ကိုင်တွယ် အသုံးပြုနိုင်လိမ့်မည်ဟု လွန်ခဲ့သော (၂) နှစ်ခန့်ကအထိ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ Btc နှင့် ပတ်သက်၍ ငွေကြေးအားဖြင့် အကျိုးအမြတ် တစုံတရာ မရခဲ့သော်၊ အသိပညာများတော့ ရခဲ့၏။ သို့သော် ယခု steemit တွင်မူ ငွေကြေးအားဖြင့်ကော၊ အသိပညာ အားဖြင့်ကော တိုးပွား သိမြင်မှုများ ရရှိလာ၏။ ထို့ကြောင့် ကျတော့် မိတ်ဆွေများလည်း လုံလောက်သော ၀ီရိယ စိုက်ထုတ်မှုဖြင့် Steemit မှာ လျှောက်လှမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော ဘ၀များ ဖန်တီး ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါသည်။
Don Jaun
MSC 31



steemitကတော့ ကြိုးစားအောင်တွန်းအားပေးတဲ့ အရာတစ်ခုလည်း ဖြစ်နေတယ်။
Right
steemit သုံးရတာစာရေးဖို့အတွက်စာဖတ်ဖြစ်တယ်ထင်တာပဲ
အမှန်ဆုံးပါပဲ ဗျာ ...
ကျနော်နှင့်တူသော ကျနော်လည်းရှိသည်
ရိုက်လိုက်ပါဦး
✋
ကျနော်နှင့်တူသော ကျနော်လည်းရှိသည်
မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူး။ မဖြစ်သေးတာပဲ ရှိတယ်။ လက်တွေ့သည် တခါတရံ စိတ်ကူးယဉ်ထားတာထက် ဆန်းကျယ်နေတတ်၏
အဲဒါလေး က လက်တွေ့ဆန်တယ် သိပ်ကောင်း။
ဟုတ်တယ်ဗျ။
အားကျပါတယ်ကိုDon ညီမကမနက်ဖြန်အတွက်အခုထိမရေးရသေးဘူး😂
😊
အလွန်မှန်ကန်သောပါဘဲဗျာ ကိုဒုန်ထက်တောင်ကျွှန်တော်က သာသေး ပျင်းလွန်းလို့ အလုပ်တောင် မလုပ် ဖူး ဟီးဟီး
မယုံဘူး အပျင်းပြိုင်မယ်ကွာ ....
အတူတူပဲ ဖုန်းနဲ့စာရိုက်ရရင်တလွဲတွေများတယ် နေမကောင်းဖြစ်နေရင်တောင် post ကိုရအောင်တင်ချင်တယ်ဆာဒွန်ရေ
ဟုတ်ပ ဟုတ်ပ ဗျာ
Interesting story!
Upvote!
Thank Anty
သာမန်ထက်ပိုပျင်းတာတော့ အတူတူပဲ အကိုရေ..
We are ငပျင်း