ကျတော်နှင့် Creation

in #myanmar8 years ago (edited)

FB_IMG_1498534182631.jpg

ဘာလိုလိုနဲ့ steemit ပေါ်သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်လလောက် ရှိခဲ့ပြီ။ တဖြည်းဖြည်းနှင့် နားလည်စတော့ ပြုလာပြီ ဖြစ်၏။ သို့သော် သင်ယူစရာတွေတော့ အများကြီးရှိသေး၏။ သင်ယူခြင်းသည် အဆုံးသတ် မရှိဘူးကိုး။ အစောပိုင်း က တရက် တခုလောက်တော့ တင်မည်ဟု စိတ်ကူး၏။ သို့သော် ထင်သလောက်မလွယ်။ အချိန်၊ အချက်အလက်၊အတွေး၊ စိတ်ပါဝင်စားမှုနှင့် တင်ဆက်ပုံတွေက လိုသေးသည် မဟုတ်လော။ မည်သို့ပင် ဆိုစေကာမှု SBD ရလိုက ကြိုးစားရပေမည်။ အနှီကြိုးစားမှုကလည်း မှန်ကန်သင့်တော်ဖို့လိုသေးသည်။ သို့မှ လမ်းကြောင်းမှန်ပေါ် ရောက်နိုင်မည်။ စီနီယာတွေ သင်ကြားပေးတာကို နာခံ၊ နောက် သူတို့ တင်ထားရေးထားတဲ့ posts တွေကို ဖတ်ပြီး သေချာပြင်ဆင်ဖို့လိုသည်။ ကြိုတင်ပြင်ဆင်အောင်ပွဲဝင် မဟုတ်လော။

ဖြတ်သန်းခဲ့တဲ့ ကာလတိုလေးအတွင်းမှာ စိတ်ပျက်အားငယ်မှုလည်း ရှိခဲ့သည်။ post တွေတင်ထားပေမည့် ရသည့် SBD က ခုဂဏန်းမပြောနဲ့ ပြားဂဏန်းတောင် နပ်မမှန်ချင်သည့် အချိန်မျိုးတွေမှာပေါ့။ ထိုသို့ ဖြစ်ရသည်မှာလည်း အကြောင်းရှိ၏။ English language ကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိတော့ မိမိပြောဆိုလိုသည့် အကြောင်းအရာကို တကမ္ဘာလုံး နားလည်နိုင်အောင် တင်ပြရန် ခက်ခဲခြင်း၊ မြန်မာ user များ steemit မှာ ပါဝင်ပူးပေါင်းနေမှု နည်းနေသေးခြင်း၊ ရှိပြီးနေသည့် မြန်မာ user များမှာလည်း ထိုက်သင့်သလောက် အောင်မြင်မှု (ဒီနေရာမှာ [voting power or steem power] ကို အဓိက ရည်ညွှန်းပါတယ်) မရရှိသေးခြင်း တို့ကြောင့်ဖြစ်ပါတယ်။ သို့ပေမယ့် ဒီကိစ္စဟာ ဇူလိုင်လကုန်ပိုင်း အတွင်းမှာပဲ ပြေလည်သွားခဲ့ပါတယ်။ ကိုဟင်နရီရဲ့ ကြိုးစား အားထုတ်ပေးမှုကြောင့်ပါပဲ။ Steemit အဖွဲ့ဝင်ခေါင်းဆိုင်ပိုင်းမှ လူများကို မြန်မာနိုင်ငံမှာ members များကို support ပေးဖို့ အကူအညီတောင်းခံ ပြောဆိုပေးခဲ့ပါတယ်။ အရည်အသွေးကောင်းမွန်သော (Quality posts) တွေကို promotion (Vote) လုပ်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ နှစ်ရက်တကြိမ် မြန်မာ members တွေရဲ့ posts တွေကို voting လုပ်ပေးခြင်းဖြစ်ပါတယ်။ သို့နှင့် ယခင်ကပင် newbies ကိစ္စများနှင့် အလုပ်များနေ၊ အလုပ်ရှုပ်နေရသော ကိုဟင်နရီတယောက် အလုပ်ပိုလာရပါတော့တယ်။ စည်းကမ်းချက်နှင့် ညီသော Original creation ကိုယ်တိုင်ရေး ပိုစ့်တွေကို လိုက်ရှာဖတ်ရပါတော့တယ်။ (Promotion နှင့်ပတ်သက်သည့် စည်းကမ်းချက်များကို Steemit Myanmar Facebook Group မှာ ဖော်ပြထားပေးပါတယ်)

S70812-144357(1).jpg

ကိုဟင်နရီရဲ့ စွမ်းဆောင်ချက်က ကျတော်တို့ မြန်မာ user များအတွက် အလွန်အဆင်ပြေ ကောင်းမွန်လှပေသည်။ ဒီနေရာမှာ ကိုဟင်နရီ၏ စိတ်ထားလေးကို အနည်းငယ် အမွှန်းတင်လို၏။ (ကျတော် သူနှင့်အပြင်မှာ မဆုံဖူးပါ။ ရင်းလည်း မရင်းနှီးပါ။ ကျတော်မြင်သလို ခံစားမိသလိုလေး သူ့ပေါ်အမြင်ကို ဖော်ပြလိုခြင်းဖြစ်သည်။ ၁၀ တန်းကျောင်းသားကို မူကြိုကျောင်းသားက ချီးကျူးသည်ဟု ဆိုချင်က ဆိုနိုင်ပါသည်။) ကိုဟင်နရီ ရည်ရွယ်မှန်းချက်က ရှင်းရှင်းလေးနှင့် မွန်မြတ်သည်။ သူအောင်မြင်သလို သူရရှိသလို မြန်မာ user များကိုလည်း ရရှိစေလိုခြင်းဖြစ်၏။ သူ့လက်ထဲရှိသည့် steem power နှင့် သူ့သူ အေးဆေး နေနေလို့ရသည်။ ဘာမှ ထပ်အမောခံနေစရာမလိုပေ။ သို့သော် ပင်ပန်းခံဖို့လမ်းကို သူရွေးလေတော့၏။ ကျေးဇူးတင်ပါတယ် အကို ဟင်နရီ။ မြန်မာ user တွေ အောင်မြင်ရေးလမ်းကြောင်းပေါ် ရောက်ရှိလာဖို့ သူ့လမ်းစဉ်က ရိုးရိုးလေးပင်။ ကနဦး senior user သုံး၊လေး၊ငါး ဆယ်ကို နည်းမှန်လမ်းမှန်နှင့် အောင်မြင်ရေး လမ်းကြောင်းပေါ်တင်ပေးမည်။ ထိုသူတို့ အောင်မြင်လာက အခြားသူကို တွဲခေါ်နိုင်ပြီး နောက်ထပ် user များကို အောင်မြင်အောင် လုပ်ဆောင်ပေးမည်။ ထိုမှသည် ထို user တွေက ထပ်ဆင့် လမ်းညွှန်ပေးမည်။ Powerful evolution makes success ပင်။ ထိုသို့အောင်မြင်ဖို့ ကျတော်တို့ လူညီဖို့လိုသည်။ သူတမျိုး၊ ငါတမျိုးနှင့် ပြောချင်တာပြော လုပ်ချင်တာလုပ်မည် လုပ်နေလို့မဖြစ်။ ချမှတ်ထားသည့် စည်းဘောင်ဝင်နေဖို့လိုသည်။ ဘောင်မ၀င်လျင် သောင်ပြင်၌လွတ်နေပြီး ဘောင်ဝင်လျှင် အောင်မြင်မည်မှာ မလွဲပေ။

ကဲပြောချင်သည့် နေရာက ခုမှရောက်သည်။ Quality post နှင့် ပတ်သက်၍ ဖြစ်သည်။ Quality post အကြောင်းပြောရအောင် မင်းက ဘာကောင် မလို့လဲ ဟု ပြောလိုက ပြောနိုင်ပါသည်။ ကျတော် ဘာကောင်မှ မဟုတ်ပါ။ ကျတော် သိလောက် ကျတော် နားလည်သလောက်လေး ပြန်လည် ပြောပြလိုခြင်းဖြစ်ပါသည်။ Post တင်ရမည် ဆို၍ တချို့က စာချည်း ဖိရေး ဖိတင်ရမည်ဟု ထင်နေကြ၏။ စာရေးခြင်း မဟုတ်ပဲ တခြား တင်ပြစရာတွေ အများကြီးရှိပါသည်။ ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ နည်းပညာ အစရှိသဖြင့် မိမိကျွမ်းကျင်ရာကို ရွေးချယ်တင်ပြလို့ရသည်။ အိုဘယ်လိုပြောပြောလေ စာတော့ရေးရတာပဲ လို့ ကပ်သတ်ပြောက ပြောလို့ရပါသည်။ သို့သော် အညွှန်းစာ နည်းနည်းလောက်သာ ရေးဖို့လိုတော့တာပေါ့။ ကျတော် follow လုပ်ထားသည့် ကမ္ဘောဒီးယားမှ တယောက်ဆိုလျှင် သူကိုယ်တိုင် ရိုက်ကူးထားသည့် ဓါတ်ပုံတွေသာ တင်သည်။ စာချည်းပဲ သက်သက်ရေးတင်သည်ကို တခါမှ မတွေ့ပေ။ မြန်မာမှာလည်း အကို တယောက်ရှိပါသည်။ ကိုယ်တိုင်ရိုက်ဓါတ်ပုံလေးများနှင့် စာသားလေးအနည်းငယ်နှင့် တွဲပြီး မကြာမကြာ post တင်၏။ ဓါတ်ပုံကောင်းနေလျှင် စာသားအများကြီး ညွှန်းနေစရာကို မလိုတော့ပင်။ ပန်းချီ၊ ကာတွန်းလည်း ထိုနည်း လည်းကောင်းပင်။

ကျတော် ကျမတို့က အဲ့လို အနုပညာရပ်တွေမှ မလုပ်တတ်တာ။ အဲ့ကြောင့် ဟုတ်မဟုတ် စာလေးရေးချင်တာပေါ့။ ကူးချလို့ကလည်း မရ၊ ကိုယ်တိုင်ရေးမှ ဖြစ်မယ်ဆိုတော့ ကိုယ်တွေက စာရေးဆရာ မှ မဟုတ်တာဟု ပြောလိုက ပြောနိုင်ပေသည်။ ဘယ်သူကမှ မွေးကတည်းက အနုပညာရှင် ဖြစ်လာသည် မဟုတ်။ ကျတော့် တကိုယ်ရေစာအတွေးကတော့ အနုပညာသည် ဖန်တီးမှုပင်ဖြစ်သည်။ လူကြိုက်များသည့် အရာကို ဖန်တီးခြင်းမဟုတ်ပဲ။ မိမိဖန်တီးသည့် အရာကို လူအများကြိုက်လာအောင် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ အနုပညာသည် ဖန်တီးမှု၊ ဖန်တီးမှုသည် အနုပညာဖြစ်သည်။ လူတိုင်းတွင် ဖန်တီးနိုင်စွမ်းအားရှိပြီးသားဖြစ်၏။ အနုပညာမြောက် ဖန်တီးနိုင်ခြင်း၊ မဖန်တီးနိုင်ခြင်းသာ ကွာမည်။ steemit မှာ အောင်မြင်ဖို့က ထိုမျှလောက်ကြီး အနုပညာ မြောက်နေစရာမလိုပေ။ တော်သင့်ကောင်းမွန်သော ဖန်တီးမှုလေးရှိနေဖို့သာလိုပါသည်။ ဟုတ်ပါပြီ … ဒါဖြင့် ငါတို့က ဘာတွေများ ဖန်တီးရမှလဲ။ ပြောစမ်းပါဦး။ ဟုတ်ကဲ့ ဆိုခဲ့သလိုပါပဲ ကျတော် ဘာကောင်မှ မဟုတ်ပါ။ မရှိတာကြီးကို ဖန်တီးခိုင်းခြင်းမဟုတ်ပါ။ ရှိပြီးသား၊ သိပြီးသား အကြောင်းအရာ၊ မိမိရင်းနှီးပြီးသား ကိစ္စရပ်များကို သင့်တော်သလို ဖော်ထုတ်တင်ဆက် ပြရန်သာဖြစ်သည်။ ပြန်လည်မျှဝေရန်ဖြစ်၏။ ဒါသည်လည်း အနုပညာပင်ဖြစ်၏။ အနုပညာသည် မျှဝေခြင်းဖြစ်၏။

S70812-145707(1).jpg

ရုပ်ရှင်ကြည့်ရတာ ၀ါသနာပါသူက ရုပ်ရှင် အညွှန်း(review) ရေးလို့ရသည်။ (ကျတော်တောင် တခါ ရေးဖူးသည်)။ ထို့အတူ စာဖတ် ၀ါသနာပါသူသည် စာအုပ် အညွှန်း ရေးလို့ရသည်။ သီချင်းဝါသနာပါသူသည် သီချင်းအညွှန်း ရေးလို့ရသည်။ ထိုထက် မိမိသည် သင့်တော်ရာ နယ်ပယ်၌ professional ဖြစ်နေက ဝေဖန်ရေးပင် လုပ်လို့ရသေးသည်။ Phone တွေနှင့် ပတ်သက်ပြီးလည်း review ရေးလို့ရသေးသည်။ (Gsmarea.com လိုပေါ့) computer ပိုင်း၊ technology ပိုင်းနှင့် ပတ်သက်လို့လည်း ရေးလို့ရသေးသည် မဟုတ်လော။ Android app, IOS app တွေနှင့် ပတ်သက်ပြီးတော့လည်း ရေးလို့ရသေးသည် မဟုတ်လော။ ထို့အပြင် အစားအသောက်နှင့် ပတ်သက်ပြီးလည်း ရေးလို့ရသေးသည် မဟုတ်လော။ တလောက မြန်မာမှ ညီမတယောက် မုန်လာဥချဉ် လုပ်ပုံလေး ပုံလေးနှင့် တင်ထားသည်။ ထို post အောက်မှာ စားချင်ကြောင်း သွားရည်တွေ ယိုကုန်ကြ၏။ ကျတော်လည်း တယောက် အပါအ၀င်ဖြစ်၏။ အနှီညီမအား အစားအသောက်နှင့် ပတ်သက်ပြီး ထပ်တင်စေချင်၏။ ပုံလေးတွေ ဝေေ၀ဆာဆာနှင့်ပေါ့။ video နှင့်တကွ တင်နိုင်က ပိုတောင်ကောင်းသေးသည်။ (ဆရာလုပ်ခြင်းမဟုတ်ပါ။ အကြုံပြုယုံ သက်သက်သာ။) မိမိလုပ်ငန်း၊ မိမိပတ်ဝန်းကျင်၌ ဖြစ်ပျက်ကြုံတွေ့ရသည်များကို ရေးသားဖော်ပြလို့ ရသည်ပဲ မဟုတ်လား။

S70812-145946(1).jpg

ကဲ ဟုတ်ပါပြီ .. ခုလည်း စာရေးဖို့ပါလာပြီပဲလေ။ ဟုတ်ပါသည်။ မည်သို့ပင်ဆိုစေ စာကတော့ ရေးရမည်။ ထို့ကြောင့် စာတော့ ဖတ်ဖို့လိုလာပါသည်။ ဖတ်ပါ မှတ်ပါ ပေါ့။ မြန်မာ စကား စု၊တု၊ပြု ဆိုပြီး ရှိသည် မဟုတ်လား။ မပြည့်ဝခင် စုဆောင်းခြင်းကိုလုပ်၊ အထိုက်အလျောက် ပြည့်ဝလာတော့ ကိုယ်ကြိုက်သည့် လေးစားအားကျသည့် စာရေးဆရာပုံစံလိုမျိုး တုပရေး၊ ထိုမှတဆင့် တက်ကာ မိမိကိုယ်ပိုင်ဟန်ဖြင့် ရေးသားခြင်းကို ပြုလုပ်နိုင်လာပေမည် မဟုတ်လော။ အချိန်တော့ ယူရပေလိမ့်မည်။
အချုပ်ဆိုရသော် အောင်မြင်လိုလျှင်တော့ ပိုကြိုးစားဖို့လိုပေလိမ့်မည်။ သူလိုကိုယ်လို လုပ်နေလျှင် သူလိုကိုယ်လိုသာ ဖြစ်နေပေလိမ့်မည်။ ဘာကိုပဲလုပ်လုပ် ကြိုးကြိုးစားစားနှင့် အကောင်းဆုံး လုပ်ဆောင်ဖို့လိုသည်။ 3 Idiots Indian movie ထဲက ရန်ချို( အမီယာခန်း) ပြောစကားလေးလိုပေါ့။

S70812-150631(1).jpg

“ ဘယ်တော့မှ အောင်မြင်မှုနောက် မလိုက်နဲ့။ အကောင်းဆုံးသာ လုပ်ဆောင်ပေးလိုက်၊ အောင်မြင်မှုက သူ့သူ အနောက်က လိုက်လာလိမ့်မယ် ”
အားလုံးပဲ မိမိရဲ့ အကောင်းဆုံး ဖန်တီးမှုတွေနဲ့ အောင်မြင်နိုင်ပါစေလို့ ဆန္ဒပြုလျက် …….

Don Jaun

Sort:  

very nice bro...,thanks for sharing.

အလွန့် အလွန် nice ပါဗျာ

ဗဟုသုတရပါပေတယ်ဗျာ ကျေးဇူးအကို

ဟုတ် လေ့လာမှတ်သားနေပါတယ် ကျေးဇူးပါဗျ

Carry on bro.
You can do

မြန်မာတွေရဲ့အောင်မြင်မှုနောက်က ကွင်းစကွင်းပိတ်ထဲက Streem Power ပိုဖြစ်သင့်သလားလို့

ဟုတ်ကဲ့ပါ အကိုရေ။ voting power ထက် စာရင် steem power က ပို သင့်တော်ပါတယ်။ ကျတော် က vote လုပ်ဖို့ ကို ပို စိတ်စောသွားလို့ ပါ။
ပြင်လိုက်ပါ မယ် အကို။
ကျေးဇူးပါဗျ။

ကောင်းမွန်တဲ့ အကြံပြုချက်ပါ ကို donရေ!

ဟုတ်ကဲ့ပါ အကိုရေ
သိသလောက် တတ်သလောက် လေးပါ။
ကျေးဇူးပါဗျ။

Original writer လား..အကို​ရေ..ဟဲဟဲ

Original Don Jaun
😜

ဟုတ် အစ်ကိုရေ
အကောင်းဆုံးတော့လုပ်ဆောင်နေပါတယ်..
ပတ်ဝန်းကျင်အကြောင်းရေးရရင်
လင်မယားချင်းရန်ဖြစ်တာတွေပါ ပါလာမှာစိုးလို့...ဟီး 😁😁

အဲ့တာလည်း အဆင်ပြေတာပဲလေ
လူပျို အပျိုတွေအတွက် သင်ခန်းစာ ရတာပေါ့ 😜

အားပေးတာ နောက်ကျသွားတယ်ဗျာ ဆောရီး။

Coin Marketplace

STEEM 0.12
TRX 0.34
JST 0.033
BTC 117555.23
ETH 4334.86
SBD 0.79