Two Days Trip ( Trekking )

in #myanmar6 years ago

FB_IMG_1498534182631.jpg

မနေ့က ကလော soft trekking အကြောင်းလေး နည်းနည်း ဆက်ပြောခွင့်ပြုပါ။ မတင်လိုက်ရတဲ့ ပုံတချို့လည်း ကျန်နေသေးတာကိုး။ ရှမ်းပြည်တောင်ပိုင်းမှာ ဆိုရင်တော့ ကလောနဲ့ ညောင်ရွှေကို ပြည်တွင်း ပြည်ပက ခရီးသွား ဧည့်သည်တွေ မကြာခဏ လာရောက် လည်ပတ်ကြပါတယ်။ ခရီးသွား ရာသီချိန်ဆိုရင် ခရီးသွားများနဲ့ ယခင်ထက်ကို ပိုမို စည်ကားလို့နေပါတယ်။ တောင်ကြီးကိုလည်း လာရောက်လည်ပတ်သူ များပေမယ့် တခြားမြို့များ၊ အခြားနေရာများသို့ ထပ်မံသွားရောက် လည်ပတ်ဖို့ ခရီးတထောက် ၀င်နားကြတာက ပိုများပါတယ်။ သို့ပေမယ့် တောင်ကြီးကို သီးသီးသန့်သန့် ကြီး လာရောက် လည်ပတ်သူတွေလည်း ရှိပါတယ်။

received_1133538886776032.jpeg

ကလော၊ ညောင်ရွှေမြို့များမှာတော့ ပြည်တွင်းခရီးသည်ထက် ပြည်ပ ဧည့်သည်တွေကို ပိုမို တွေ့ရှိရပါတယ်။ ပြည်ပကနေ လာရောက်လည်ပတ်သူ ပိုများတာပေါ့။ ပြည်ပ ခရီးသွားတွေ အကြိုက်တွေ့တဲ့ နေရာတွေ ဖြစ်ပါတယ်။ ညောင်ရွှေမှာ စက်ဘီးစီး၊ စက်လှေစီး ခြင်းများ ပြုလုပ်လေ့ ရှိကြသလို ကလောမှာ trekking လုပ်ခြင်း၊ လမ်းကြမ်း ဆိုင်ကယ်စီးခြင်းများ ပြုလုပ်လို့ ရပါတယ်။ trekking လျှောက်ကြတာတော့ ပိုများပါတယ်။ ကလောကို လာရောက်လည်ပတ်သူ အများစုက trekking လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လာကြတာပါ။ ကလောကလည်း တကယ့်ကို trekking လုပ်လို့ ကောင်းတဲ့ နေရာတခုပါ။ သဘာဝတရားကြီးက ပေးတဲ့ လက်ဆောင်လို့ ပြောလို့ ရမယ် ထင်ပါတယ်။

received_1133538923442695.jpeg

ကလောမြို့ အနီးနား တ၀ိုက်မှာ တရက်စာ၊ တညအိပ် နှစ်ရက်၊ နှစ်ညအိပ် သုံးရက်၊ သုံးညအိပ် လေးရက် ဆိုပြီး trekking ခရီးစဉ် အမျိုးမျိုး ရှိပါတယ်။ မတူညီသော နေရာ၊ မတူညီသော လမ်းကြောင်းတွေနဲ့ ရွေးချယ်စရာတွေ အများကြီးပါ။ ကြုံကြိုက်လို့ လာရောက် လည်ပတ်ဖြစ်ရင် ဆက်သွယ်လိုက်ပါလေ။ သိသလောက်လေး လမ်းညွှန် ပေးပါ့မယ့်။ အသိ trekking guide တွေနဲ့လည်း ချိတ်ဆက်ပေးပါ့မယ်။

received_1214625955333991.jpeg

လမ်းလျှောက်ကျင့် မရှိရင် trekking လုပ်ဖို့က ခက်ပါတယ်။ သာမန်ထက် ပိုပင်ပန်းပါတယ်။ လျှောက်နေတုန်း ထပ်မလျှောက်ချင်တော့အောင် စိတ်ပျက်လာပါလိမ့်မယ်။ သဘာဝ အလှတရားတွေကို မခံစားနိုင်တော့ပဲ နားမယ့်နေရာ (သို့မဟုတ်) ခရီးစဉ် ဆုံးမှတ်ကို မြန်မြန် ရောက်ချင်လာပါလိမ့်မယ်။ trekking လျှောက်နေရင်းနဲ့ တော်ပြီ ... နောက်တခါ ဘယ်တော့မှ ထပ်မလျှောက်တော့ဘူး ဆိုတဲ့ အတွေးတွေ တောက်လျှောက် ၀င်ပါလိမ့်မယ်။ သို့ပေမယ့် တကယ်လျှောက်ပြီး သွားရင်တော့ အစောက အတွေးတွေ မရှိတော့ပါဘူး။ နောက်တခါ နောက်တခေါက် ဘယ်အချိန်များ ထပ်လျှောက်ရမလဲ ဆိုပြီး ဖြစ်သွားတက်ပါတယ်။ trekking က အဲ့လောက်ထိကို ဆွဲဆောင်မှု ရှိပါတယ်။

received_1214625468667373.jpeg

ကျတော် တို့ ကလောကနေ ညောင်ရွှေ တညအိပ် (၂) ရက် trekking ခရီးသွားဖူးပါတယ်။ နောက်ပြီး ပင်းတယ ကနေ ရွာငံ ရေပြာအိုင်ကိုလည်း တညအိပ် (၂) ရက် trekking ခရီးသွားဖူးပါတယ်။ နောက်ပြီး တရက် trekking ခရီးသေးလေးတွေလည်း သွားခဲ့ဖူးပါတယ်။ ကလော ညောင်ရွှေ ခရီးစဉ်ကိုတော့ steemit မှာ post အဖြစ်တင်ထားခဲ့ပြီးပါပြီ။ ပင်းတယ_ ရွာငံ ရေပြာအိုင် ခရီးစဉ် အကြောင်းကိုတော့ အချိန်ရတဲ့ တရက်မှာ ပြန်လည် မျှဝေပေးပါဦးမည်။ နောက်လည်း ခရီးတွေသွား၊ အစားတွေ စားတဲ့ အကြောင်းကို အလျင်းသင့် သလို ပြန်လည် မျှဝေပါဦးမည်။

Life is waiting. So we need to wait by traveling.

Don Jaun

MSC 31

Sort:  

ဒါသက်သက်ချန်ထားတာပဲဖစ်ရမယ် တစ်ခါတည်းတင်ရင်ပီးရော ☻☻☻

ခရီးစဉ် မတူလို့ပါ ဗျာ........
😊

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65236.35
ETH 3483.12
USDT 1.00
SBD 2.51