Trekking at New Year

in #myanmar8 years ago (edited)

FB_IMG_1498534182631.jpg

ကမ္ဘာတ၀န်းလုံးမှာ နှစ်သစ်ကို ပုံစံ အမျိုးမျိုးနဲ့ ကြိုဆိုကြပါတယ်။ မနှစ်ကစပြီး ကျတော်တို့ဟာ ကြိုဆိုနေကြ ပုံစံကနေ ခွဲထွက်ပြီး အခြားလူများအတွက် အသစ်အဆန်းမဟုတ်ပေမယ့် ကျတော်တို့ အတွက်တော့ အသစ်အဆန်းဖြစ်နေခဲ့သော Trekking သွားရင်း နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။ ကလော-ညောင်ရွှေ တညအိပ် Trekking ခရီးစဉ်လေး ဖြစ်ပါတယ်။ သွားနေကြ၊ လျှောက်နေကြ မဟုတ်လို့ ပင်ပန်းတာက လွဲ၍ ပြန်ရရှိတဲ့ ပျော်ရွှင်မှုက နောက်တချိန်မှာ ထပ်မရနိုင်တဲ့ အမှတ်တရတွေ အဖြစ် ရှိနေမှာပါ။ ဒါကတော့ ကျတော် ထုတ်ဖော်မပြောလည်း Trekking သွားခဲ့ဖူးတဲ့ သူတွေတိုင်း ဒီအတိုင်းပဲ ခံစားမိကြမှာပါပဲ။ ချစ်ရခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ခရီးတခုကို အတူသွားခွင့်ရခြင်းဟာလည်း ဘ၀မှာ ပျော်ရွှင်စရာ ဆုလဒ်တခုပါပဲလေ။

P70101-095817.jpg

ကဲ … အခုလည်း နှစ်သစ်ရောက်ဖို့ သိပ်မလိုတော့ပါဘူးလေ။ ဒီနှစ်မှာလည်း မနှစ်ကလိုပဲ Trekking သွားဖို့ စီစဉ်ထားပါတယ်။ တညအိပ် ခရီးစဉ်ပါပဲ။ ပင်းတယ-ရွာငံရေပြာအိုင် ဖြစ်ပါတယ်။ ကလော-ညောင်ရွှေ လို မြေပြင့် သိပ်များလှပဲ တောင်တွေပိုများလှတာကြောင့် ယခင်ခရီးစဉ်နဲ့ မတူသော Taste အသစ်ကို ခံစားရမှာပါ။ ဒီအချိန်၊ ဒီရာသီမှာ တော၊တောင်တွေရဲ့လှပမှုဟာ တခြားအချိန်တွေနဲ့ မတူပါဘူး။ နောက်ပြီး ရွာငံဒေသတ၀ိုက် စိုက်ခင်းတွေကလည်း ဒီအချိန်ဆိုရင် အရောင်သွေးစုံလင်စွာ လှပနေမှာ အသေအချာပါပဲ။ ခရီးစဉ် တလျှောက် ဒေသခံရွာတွေကို ဖြတ်သန်းသွားရင်း သူတို့ရဲ့ နေထိုင်မှုပုံစံ၊ ဓလေ့ ရိုးရာတွေကိုလည်း လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ နောက်တချက်က စိတ်တူ၊ ကိုယ်တူ သူငယ်ချင်းတွေနဲ့ သွားရတာဖြစ်လို့ စရင်း၊ နောက်ရင်း၊ ပြောရင်း၊ ဆိုရင်း သွားနေလို့ ပင်ပန်းရကောင်းမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။ (ခရီးစဉ်ပြီး အိမ်ပြန်ရောက်မှ စုပြီးပင်ပန်းကြတာပေါ့။ လမ်းမှာတော့ ဟန်ကိုယ့်ဖို့ လုပ်ရသေးတာကိုး)

P61231-170243.jpg

၃၁ ရက်နေ့ မနက် ခပ်စောစော တောင်ကြီးကနေ ပင်းတယကို သွားပါမယ်။ စမှတ် ပင်းတယကနေ စထွက်ပြီး၊ ပင်းတယ တောင်ပေါ်ကနေ တဆင့် စလျှောက်ကြပါမယ်။ တောင်ပေါ်ကနေ ပင်းတယ မြို့ကို အပေါ်စီးကနေ ပြန်ကြည့်ရမယ့် အရသာကလည်း တမျိုးတဘာသာ လည်း ထူးခြားနေမှာပါ။ (တောင်ချွန်းပေါ်ကနေဆင့် တောင်ကြီးမြို့ကြီးကို ကြည့်ရသလိုပေါ့)
ထွက်နီရွာမှာ ခဏနားပြီးနောက် ဆီးကျအင်းရွာမှာ နေ့လည်စာ စားအနားယူကြမှာပါ။ ထိုရွာလေးဟာ တောင်ပတ်လည် ၀န်းရံထားတဲ့အတွက် နေ့လည်ခင်းမှာတောင် အေးမြနေမှာ ဖြစ်ပါတယ်။
ရဇဂြီရွာမှာ ညအိပ်နားပြီး မီးပုံဖိုကာ နှစ်သစ်ကို ကြိုဆိုကြမှာပါ။ နောက်တနေ့ မနက် မှာ ဆက်လျှောက်ပြီး ရွာငံ ရေပြာအိုင်မှာ ကျတော်တို့ ပျော်ရွှင်စရာ ခရီးစဉ်လေး တခန်းရပ်မှာ ဖြစ်ပါတယ်။

P61231-165655.jpg

စိန်ခေါ်မှုတွေများလှတဲ့ လက်ရှိနေ့စဉ် ကျတော်တို့ ဘ၀ဟာ စိတ်ပင်ပန်းစရာ အပြည့်ပါ။ တခါတလေမှာ စိတ်အပန်းဖြေစရာလေးတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။ ခရီးသွားခြင်းဟာလည်း အကောင်းဆုံး အပန်းဖြေနည်း တခုပဲ မဟုတ်ပါလား။ တဒင်္ဂလောက် မြို့ပြရဲ့ စိန်ခေါ်မှုတွေကနေ ခွဲထွက်ပြီး မိခင်သဘာဝတရားကြီးရဲ့ ရင်ငွေ့ကို အတူ ခိုလှုံလိုက်ကြရအောင်။

P61231-123605.jpg

ကျတော် ခရီးက ပြန်ရောက်မှ ရိုက်လာတဲ့ Photo တွေနဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး ရေးတဲ့ Review ကို ဖတ်ပြီး ၊ နောင်တရ မလွမ်းနေရအောင်။ ခုပဲ ကျတော်နဲ့ အတူ လိုက်ပါ စီးမျောလိုက်ပါလို့ သူငယ်ချင်း၊ ဘော်ဒါအပေါင်းကို ဖိတ်ခေါ်လိုက်ရပါတယ်။ မမေ့မလျော့ ထည့်လာရမယ့် ပစ္စည်းတွေကို Trekking မသွားမီ (၂) ရက်လောက် ကြိုတင် ပြောပြေပေးပါ့မယ်။ ကျေးဇူးပြုပြီး လိုက်ဖြစ်မယ့် သူငယ်ချင်းများ စာရင်းပေးပါဗျာ။ တဖက်က Trekking Guide ကို စီစဉ်စရာ ရှိတာ စီစဉ်ထားလို့ ရအောင် အကြောင်းပြန်ရမှာ မလို့ပါ။

Don Jaun

MSC 31

ပုံတွေကို တော့ 2017 Trekking တုန်းက ပုံတွေ အမှတ်တရ ပြန်ထည့် ထားပါတယ်။

Sort:  

ပျော်စရာကြီး လိုက်ခဲ့ချင်တယ်ဗျာ အကိုဒွန်ရာ

လိုက်ခဲ့ပါဗျာ။
၃၁ ရက်နေ့ သွားမယ်။

coming soon
happy news years

ခရီးထွက်တာ စိတ်ဖိစီးမှုကိုပြေပျောက်သလို ဒေသံသရ ဗဟုသုတလည်း ရစေပါတယ်

ခေါ်မယ်ဆို လမ်းစရီတ် sbd လေး လွဲခဲ့ပေးပါနော်

Okay Okay
😂

လိုက်ခဲ့ချင်တယ်
သို့ပေမယ့် သက်လုံကောင်းဖို့လိုမယ်နော် အစ်ကို
ပျော်စရာခရီးလေးတစ်ခုဖြစ်မှာတော့သေချာတယ်။

ဟုတ်တယ်
သက်လုံကတောင့် ကောင်းမှကို ရမှာ။
ပျော်စရာ ကောင်းမှက သေချာပြီးသား အကုန်လုံး လူပျော် လူနောက် တွေကိုး ...

SMC group တူတူသွားကြမယ်

May be One day

Nice Travel
ပုံ​တွေလှတယ်​...

မ​ရောက်​ဖူးဘူးသွားချင်​တာ😁

သွားသင့်ပါ၏။

ဟုတ်

Good post

ရွာငံဘက်တော့ သွားဖူးချင်တယ်ဗျို့

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.077
BTC 61874.73
ETH 1626.75
USDT 1.00
SBD 0.40