သက်ငယ်စကား သက်ကြီးကြား
သက်ကြီး စကား သက်ငယ်ကြား ဆိုသည့် စကားကိုတော့ လူတိုင်း နီးပါး ကြားဖူးကြပေလိမ့်မည်။ အသက် အားဖြင့် ကြီးသူသည် မိမိထက် ဖြတ်သန်းခဲ့ရသည့် ဘ၀အတွေ့အကြုံတွေက ပိုများသည် မဟုတ်လား။ မိမိ မကြုံဖူး မသိဖူး သေးသည်များကို မိမိထက် သက်ကြီးဝါကြီးသူများထံမှ လေ့လာ သိရှိနိုင်၏။ ဘ၀နေနည်းများ၊ အောင်မြင် ကြီးပွားရေး၊ အမှားသင်ခန်းစာများ စသည် စသည်ဖြင့် မိမိဘ၀ အတွက် အဖိုးတန်သော နည်းလမ်းကောင်းများ၊ အကြံဥာဏ်ကောင်းများ ရနိုင်သည် မဟုတ်လား။
သို့သော် တခါတလေ သက်ငယ်စကား သက်ကြီးကြား အခြေအနေမျိုးလည်း ရှိသေး၏။ လူကြီးတွေကသာ လူငယ်တွေ အကျိုးကို ပြုနိုင်သည် မဟုတ်၊ လူငယ်တွေကလည်း လူကြီးတွေကို အကျိုးများစေ၊ အကျိုးရှိစေနိုင်၏။ နားရှုပ်သွားသလား …. မိတ်ဆွေ။ ရှင်းပါမည်။ ရှင်တော်ဘုရားမှ လွဲ၍ အလုံးစုံသိ၊ အလုံးစုံ တတ်သော သူ မရှိပေ။ လူကြီးတိုင်း လူငယ်ထက် အရာ အားလုံး သိမနေ နိုင်ပေ။ လူကြီးပဲ ဖြစ်ဖြစ်၊ လူငယ်ပဲ ဖြစ်ဖြစ် ကိုယ်စီ အားသာချက်၊ အားနည်းချက် ရှိကြ၏။
ကဲ ထားပါ ကြီးကြီးကျယ်ကျယ် ရှည်ရှည်ဝေးဝေးတွေ ပြောဆို မနေတော့ပေ။ Steemit နဲ့ပဲ စလိုက်ရအောင်။ ညီမငယ် @pyaesonekhinkhin ၏ စတီးမစ်ရွာ post များကို ဖတ်ဖူးကြမည် ထင်၏။ Myanmar Steemit Community ၏ သမိုင်းကြောင်းကို ရေးသားထားသော post များ ဖြစ်၏။ ထို post များ အကြောင်းကို ပြောလိုခြင်း မဟုတ်ပေ။ ( သို့ပေမယ့် ကြုံကြိုက်လျှင်တော့ ၀င်ရောက် ဖတ်ရှုသွားဖို့ တိုက်တွန်းပါ၏ ) အဓိကက ထို post များထဲ၌ ထည့်ရေးဖူးသည့် ကျတော်တို့ထံ၌ ရေးသားနည်းများ အကြောင်း မေးဖူးသည် ဆိုသည့် ကိစ္စပါ။ တကယ့်တကယ်တမ်းမှာက ထိုကဲ့သို့ တခုတ်တရကြီး ထည့်ရေးရအောင် ကျတော်က တော်နေသူ မဟုတ်ပေ။ ဒီအတိုင်း ကိုယ် သိသလောက်လေး sharing လုပ် လိုက်ခြင်းသာ။ သူမသည် ပင်ကိုယ် ဗီဇအရကို Active ဖြစ်သော၊ Bright ဖြစ်သော သူ တယောက် ဖြစ်၏။ ရှည်ရှည်ဝေးဝေး ကြီး အများကြီး ပြောပြနေစရာ မလိုသူ ဖြစ်၏။ ( ကျတော် မှတ်မိသလောက်ဆိုလျှင် သူမသည် ကျတော့်ကို တကြိမ်လောက်သာ မေးဖူးသည် ထင်၏) လက်ရှိ သူမ၏ Steemit account ကို ကြည့်လျှင် ကျတော်ပြောသည့် စကားကို အပိုတွေပါ၊ အလွန်တွေပါ ဟု မည်သူမျှ ပြောမည် မထင်ပေ။
ကျတော်သည် စာရေးခြင်း အလုပ်ကို နှစ်သက်သူ ဖြစ်၏။ ထို့ကြောင့်ပင် စာလည်း ရေးရ၊ အကျိုးအမြတ်လည်း ရသော steemit ပေါ်၌ ပျော်ရွှင်စွာ စီးမျောနေခြင်း ဖြစ်၏။ သို့သော် အထက်မှာ ဆိုခဲ့ပြီးသည့်အတိုင်း ကျတော်သည် အရာအားလုံးကို နှံ့စပ်သူ မဟုတ်ပေ။ Steemit နှင့် ပတ်သက်၍ လေ့လာစရာတွေ အများကြီး ကျန်သေး၏။ ကျတော် မသိသေးသည်များက တောင်ပုံရာပုံ ရှိသေး၏။ ထို များစွာထဲမှ တခုကို ပြပါဆိုလျှင် Booster Bot များ အကြောင်းပင် ဖြစ်၏။
Steemit ၌ ၀င်ရောက် ရေးသား၊ လုပ်ကိုင်ပြီး မကြာမီမှာပင် booster bot ဆိုသည့် စကားလုံးကို သိရှိခွင့် ရခဲ့၏။ သို့သော် သိပ်အကျွမ်းတ၀င် မရှိလှပေ။ ကျတော် ကိုယ်တိုင်က Bot များနှင့် ခပ်စိမ်းစိမ်းနေသော ကြောင့်လည်း ပါ၏။ အချိန်တန် စာရေး၊ post တင်၊ vote & comment လုပ် နှင့်သာ နေလာခဲ့၏။ Bot တွင် အားသာချက် ရှိသလို အားနည်းချက်များလည်း ရှိ၏။ သို့ပေမယ့် သေချာ တွက်ချက်လုပ်လျှင် Bot ကနေ မိမိအတွက် အကျိုးအမြတ်များစွာ ရရှိ ဖြစ်ပေါ်စေ၏။ ငပျင်း ကျတော်သည် ထိုကဲ့သို့ တွက်ချက် နေမည် ထင်ပါသလား။ ဝေးသေး။ ခုချိန်ထိ ကျတော့် post များ၏ sbd, sp ရရှိမှုကို အကြမ်းဖျင်း လောက်သာ တွက်ချက် ခဲ့ဖူး၏။ ထို့ထက်ပို၍ သေသေချာချာကြီး တွက်ချက်ခဲ့ခြင်းမျိုး မရှိပေ။
သို့သော် ခုရက်ပိုင်း၌ ကျတော့်တွင် SP (steem power) ရောဂါ စွဲကပ်လာ၏။ လက်ရှိရနေသာ၊ လက်ရှိ စုဆောင်းဖြစ်နေသော sp ထက် ပို၍ လိုချင်လာ၏။ လက်ရှိအခြေအနေထက် တဆင့် ထက်၍ တိုးတက် ချင်လာ၏။ ထို့ကြောင့်ပင် လက်ထဲရှိသည့် sbd လေးနှင့် တခါမှ မ booster ဖူးသော ကျတော်၏ သမိုင်းကြောင်းကို ပြောင်းရပေတော့မည်။ ဤတွင် အထက်က ဆိုခဲ့သည့်အတိုင်း bot များနှင့် စိမ်းသော မိမိ အဖို့ လွန်စွာ အခက် တွေ့ရတော့၏။ ထို့ကြောင့်ပင် ညီမငယ် @pyaesonekhinkhin အား လှမ်း၍ မေးရလေတော့၏။ သူမကလည်း စေတနာ ထားပြီး စိတ်ရှည်လက်ရှည်ဖြင့် ကျတော့်အား ရှင်းလင်း ပြောပြေ ပေးရှာပါ၏။ သူမ ကျေးဇူးဖြင့် ကျတော်သည် booster bot ကို အထိုက်အလျောက် နားလည်၍ အသုံးပြုတက်လာပြီ ဖြစ်၏။
သို့ဆိုလျှင် ကျတော်ဆိုလိုချင်သည့် သက်ငယ်စကား သက်ကြီးကြားကို သဘောပေါက်လောက်ပြီ ထင်ပါ၏။ Steemit သည် တယောက်တည်း ရပ်တည်လို့ မရပေ။ ရေရှည် ခရီးဖြစ်၍ အဖော်အပေါင်း အသိမိတ်ဆွေ လို၏။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ မဟုတ်လား။ Liverpool ဘောလုံး အသင်း၏ ဆောင်ပုဒ်လေးကို ကျတော် အလွန်သဘောကျ၏။ You'll never walk alone တဲ့။ ကဲ ကျတော်တို့လည်း Steemit မှာ တယောက်တလှည့် ကူညီရင်း အတူ လျှောက်လှမ်း လိုက် ရအောင်လား ဗျာ။
Unity is Strength
Special Thank to My sister @pyaesonekhinkhin
Don Jaun
MSC 31



ကျွန်တော်လည်း botနေတယ် ကိုဒွန်ရေ
ကိုဒွန်postကိုတော့ မVoteပေးတော့ဘူးနော်
Powerနည်းနေလို့ ခြွေတာလိုက်အုံးမယ် 😄😄😄
No problem Bro!
ဟူးဒီလိုပါပဲဗျာ တခါတလေ ဆရာကလည်းတပည့်ုပြန်ဖြစ်တဲ့အခါလည်းရှိပါတယ်. ဒီ post ဖတ်ပြီး ရေးစရာအတွေးတခု ရလိုက်တယ်ဗျာ
ကိုယ်တွေလည်း မေကြည့်ဦးမှပဲ ဘာဆိုဘာမှမသိဘူး ကျေးဇူး bro
မေးလိုက်တော့ မေးလိုက်တော့ ဝေ့
တို့ လည်းသွားသင်ပါအုံးမယ်အားကျမခံ😂
လုပ်လိုက် ...ကြာသလားလို့
Ha Ha
Bot အကြောင်းသိချင်ရင် မပြည့်ကိုမေးရမှာပေါ့နော်အစ်ကို သွားမေးဦးမယ်ဗျ
Okay
Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
တူတူ ပဲ အကိုရေ ခုရက်ပိုင်း steempower များချင်တဲ့ စိတ်က တအားပြင်းပြနေတယ် bot စရာလဲ မရှိ မသုံးရသေးဘူး
ပိုက်ပိုက်စုပြီးတော့သာ bot.
မိုက်တယ်
မှန်တာပေါ့ ကိုဒွန် ။ we all never walk alone.
Right
hay bro, how to bot up?
I think you don't need bot.
But if you wana you can read in Sister @pyaesonekhinkhin post
5tin sir don, I am walking. I don't want to stop.
Yeah!
Never stop. Keep moving.