စိတ်ဓာတ် (Final Chapter)

in #myanmar8 years ago

FB_IMG_1527335451652.jpg

ဆရာ မောင်သာချို ပြန်ပြော စရာ စကား မရှိတော့ပေ။ ရန်ကုန်မြို့ကြီးထဲမှာများ သူ့လက်ပတ်နာရီကို ချထားခဲ့လျှင် ပြန်ရနိုင်ပါ့မလားပေါ့။ တဖက် နယ်ခံက ဆရာမြို့မှာကော ပစ္စည်းပျောက်ရင် ပြန်မရဘူးလားဟု မေးလျှင် သူ မည်သို့ ဖြေရမည် မသိပေ။ ဆရာ မောင်သာချို ခံသာသွားသည်က နယ်ခံက သူ့ကို ထိုမေးခွန်းမျိုး ပြန်မမေး လိုက်သောကြောင့် ဖြစ်၏။ သို့နှင့် ပစ္စည်းကျန်ခဲ့သည် ဆိုသည့် နေရာသို့ သူတို့ ပြန်သွား ကြည့်၏။ ပစ္စည်းအိတ် ရှိမနေတော့ပေ။ သို့နှင့် နီးစပ်ရာ ရဲစခန်းသို့ သွားရောက် စုံစမ်းတော့ ပစ္စည်း ပြန်ရ၏။ ကောက်တွေ့သူမှ ရဲစခန်းသို့ လာရောက် အပ်နှံထားပေးခြင်း ဖြစ်၏။

ဆက်လက်ပြီး ဆရာမောင်သာချိုက ထပ်မံပြောပြသေး၏။ ဂျပန်မှာ ရေးဘေး၊ ငလျင်ဘေးများ ကြုံပြီး လူအများ ဘေးဒုက္ခနှင့် ရင်ဆင်ရ၏။ ဒီနေ့လို သဘာဝ ဘေးအန္တရယ်ကျရောက်သည် ဆိုပါဆို့ မနက်ဖြန်လိုမျိုး အထိအခိုက် အပျက်အစီး သိပ်မရှိလိုက်သည့် ဈေးဆိုင်များ ဆိုင်ခင်းပြီ ဆိုလျှင် ယနေ့ ဒီဆိုင်ရှိ ပစ္စည်း အားလုံးကို ယခင်ဈေးအတိုင်းသာ ရောင်းချပေးပါသည် ဆိုသည့် စာတမ်းများ ချိတ်ထား၏။ မြန်မာနိုင်ငံမှာတော့ ရေဘေးများ ကြုံပြီ ဆိုသည်နှင့် နောက်ရက်တွင် ဆန်ဈေးများ တက်သွား၏။ လေမုန်တိုင်း တိုက်ပြီး သွားပြီ ဆိုသည်နှင့် သွပ်ဈေး၊ သစ်ဈေး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ဈေးတက်သွားတော့၏။

FB_IMG_1543491674394.jpg
photo from Facebook

နောက်ထပ်လည်း ဆရာ မောင်သာချို၏ ဟောပြောချက်များ ရှိသေး၏။ ထိုအရာများကိုပါ ဖော်ပြနေလျှင် ကျနော့် စာလည်း အတော် ရှည်သွားပေလိမ့်မည်။ တိုင်းပြည်မွဲနေသည်က အပြစ်တခု ဆိုလျှင် ကျနော်တို့ တိုင်းသူ၊ ပြည်သားတွေ၏ အခြေခံ စိတ်ဓါတ်တွေ မွဲနေခြင်းကလည်း ဗူးလေးရာ ဖရုံဆင့်ခြင်း ပင် ဖြစ်၏။ ကိုယ်ချင်းစာ တရား ကြီးစိုးရမည့် အစား အတ္တများနှင့် လောဘများက နေရာ ယူသွားခဲ့၏။ အလွန်မှပဲ ၀မ်းနည်းဖို့ ကောင်းလှ၏။ လောကနီတိကို စာအုပ်ထဲမှာပဲ ထားက ဖုန်တက်သွားဖို့သာ ရှိ၏။ ဖတ်မှတ်ထားပြီး လက်တွေ့ မကျင့်သုံးက အလကားပင် ဖြစ်၏။

ဖော်ရွေ၊ သဘောကောင်း၊ ယဉ်ကျေး ပျူငှာ၊ ကူညီတတ်သူများ ဆိုသည့် မြန်မာလူမျိုးတို့၏ ဂုဏ်ပုဒ်သည် တဖြည်းဖြည်းများ မှေးမှိန်သွားပြီလား။ လူပီသသော လူများ ဖြစ်ဖို့၊ သန့်ရှင်း သပ်ရပ် လှပသော လူ့ဘောင်ကြီး ဖြစ်ဖို့ လူတို့မှာသာ တာဝန် ရှိ၏။ ဘယ် တန်ခိုးရှင်မှ လုပ်ဆောင်ပေးလို့ မရပေ။ ရှိသင့်သည့် အခြေခံ စိတ်ဓါတ်၊ စိတ်ထားကောင်းများ မရှိသရွေ့ ဘယ်အစိုးရ တက်တက် မွဲနေမြဲ၊ ခေတ်နောက်ကျဆဲ ဖြစ်နေဦးမှာပင် ဖြစ်၏။ ပြင်သင့် ပြင်ထိုက် သည်များ၊ မွေးမြူသင့်သင့် အလေ့အကျင့်ကောင်းများကို ကျနော်တို့ ပြင်ဆင် မွေးမြူ ရပေဦးမည်။ တယောက်စကနေ လူအများ ပူးပေါင်း ပါဝင်လာသည်အထိပေါ့။

Don Jaun

MSC 31

Sort:  

စိတ်​ဓတ်​​တွေ​မှေးမှိန်​ကုန်​ကြပြီ😄

Posted using Partiko Android

အဟုတ်ပဲ

လောကနိတိတေ ဖုန်တက်နေကြပီလား😁😁

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60666.80
ETH 1563.25
USDT 1.00
SBD 0.47