Simple ways for success in Steemit

in #myanmar8 years ago (edited)

FB_IMG_1498534182631.jpg

ရိုးသားမှု

အခြေခံ အကျဆုံး မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်၏။ Stemit မှ မဟုတ်ပေ၊ အခြား မည်သည့် နေရာ၌ မဆို ရိုးသားမှုသည် မရှိမဖြစ် လိုအပ်၏။ ရိုးဂုဏ် ရိုးဂုဏ်ဟု ပြောဆိုနေကြသည်ကို ကြည့်လျှင် ရိုသားမှုသည် မည်မျှ မျက်နှာပွင့်ကြောင်း၊ မည်မျှ ဂုဏ်ရှိကြောင်း သိနိုင်၏။

စိတ်ပါ ၀င်စားမှု

စိတ်ပါဝင်စားမှု မရှိပဲ Steemit မှာ ရေရှည် ရပ်တည်နိုင်ဖို့ မလွယ်ပေ။ SBD ရ ပြီးရော ဆိုသည့် အခြေအနေ တရပ်တည်းကို ဦးတည်ပြီး သွားလို့ မရပေ။ မိမိအလုပ်ကို မိမိ စိတ်ဝင်စားခြင်းသည် ထို အလုပ်မှာ အောင်မြင်လာဖို့ လမ်းစ တရပ်ပင် ဖြစ်၏။

သတင်း အချက်အလက်

လက်ရှိ steem မှာ ဘာတွေ ဖြစ်သွားပြီလဲ။ ဘာတွေ ဖြစ်လာနိုင်လဲ။ ဘာတွေ ဘယ်လို ပြောင်းလဲမှုတွေ လာနိုင်မလဲ … စသည်စသည်ဖြင့် အချိန်နဲ့ တပြေးညီ ပြောင်းလဲ နေမှု များကိုလည်း အဆက်မပြတ်နေဖို့ လို၏။ မိမိ လုပ်ငန်းနှင့် သက်ဆိုင်သည့် မည်သည့် သတင်းအချက်အလက်မျိုးကို မဆို မျက်ခြေ မပြတ်နေဖို့ လို၏။

စာဖတ်ခြင်း

အခရာ ကျဆုံး အချက် တချက်ဖြစ်၏။ English စာပဲ ဖတ်ဖတ်၊ မြန်မာ စာပဲ ဖတ်ဖတ်၊ အခြား မည်သည့် စာပဲ ဖတ်ဖတ် မဖြစ်မနေ အကျိုးရှိသည့် စာများကို ဖတ်ဖို့ လို၏။ စာဖတ်ခြင်းသည် Steem မှာမှ မဟုတ်ပဲ တခြားတပါးသော အလုပ်များအတွက်လည်း လွန်စွာမှ အထောက်အကူ ပြု၏။ အသိပညာ ဗဟုသုတ တိုးစေ၏။

Destination-1c9f693d-9af1-36b0-9e8b-57d6e57b41fe.jpg

ရေးသား တင်ပြခြင်း

အရေးမကြီးသလိုနှင့် အရေးကြီး၏။ မိမိရေးသား တင်ပြပုံသည် မိမိ၏ standard ကို ဖော်ပြ၏။ စာရေး ဆရာတွေမှ မဟုတ်တာဆိုသည့် အချက်သည် အကြောင်းပြချက်ကောင်း တခု မဟုတ်ပေ။ သာမန် စာချောအောင်၊ စာလှအောင် ရေးနိုင်နေရင်ပင် steemit ၌ အောင်မြင်နိုင်ပါသည်။ တပါးသူ စိတ်ဝင်စားအောင် တင်ပြနိုင်ဖို့သာ လို၏။

လူမှုဆက်ဆံရေး

Steem သည် တယောက်တည်း သွားလို့ ရသည့် ခရီးလမ်း မဟုတ်ပေ။ အပေါင်းအသင်းကောင်းများသည် သင့်ကို တိုးတက်စေသည် မဟုတ်လား။ မိတ်ကောင်းဆွေကောင်းသည် သင်၏ အမှုကိစ္စ အားလုံးကို ပြီးစေသည်ဟု ရှင်တော်မြတ်ဘုရားကိုယ်တော်တိုင် မိန့်ကြားတော် မူသည် မဟုတ်လား။ မိမိ steem blog မှာ ပဲ နေထိုင်နေလို့ မရပေ။ အခြားတပါးသော သူများ၏ blog သို့ သွားရောက် လည်ပတ်ခြင်းဖြင့်လည်း သင့် blog ထံသို့ အသိမိတ်ဆွေများကို ခေါ်ဆောင်လာလို့ ရပါ၏။ သင့် ရိုးသားမှုသာ စစ်ပါစေ။ လာပါ … လာပါ … လို့ ဖိတ်ခေါ်နေစရာ မလိုပဲ သင့် blog သို့ တဖွဲဖွဲ အလည်လာကြပါလိမ့်မည်။

အစီအစဉ်

ရေရှည်အတွက် သင့်တော်ကောင်းမွန်သော plan တခု ရှိထားဖို့ လို၏။ မရှိလျှင် ဆွဲထားပါ။ plan မရှိပါက ပဲ့မပါသော လှေကဲ့သို့ ဟိုမြောဒီမြော၊ ဟိုလွင့်ဒီလွင့် ဖြစ်နေပေမည်။ plan A အပြင် plan B အထိပါ ရှိက ပိုကောင်း၏။ steemit နှင့် ပတ်သက်ပြီး ကောင်းမွန်သော Daily, Monthly, Yearly plan ရှိနေပြီ။ နောက် ထို plan အတိုင်းလည်း ချီတက်နေမည် ဆိုပါက အောင်မြင်လာဖို့ မဝေးတော့ပေ။

စည်းကမ်း နှင့် ဇွဲ၊ လုံလ၊ ၀ီရိယ

တော်သင့်မှန်ကန်သော စည်းကမ်းနှင့် အတူ မဆုတ်မနစ်သော ဇွဲ၊လုံလ၊၀ီရိယ က သင့်ကို အောင်မြင်မှု ပန်းတိုင် သို့ ရောက်စေ၏။ တခါတလေ မိမိ မျှော်မှန်းထားသလို ဖြစ်မလာသည့် အခါမျိုး၌ နောက်ဆုတ် လိုက်တော့မည်။ မလုပ်တော့ဘူး ဆိုသည့် အတွေးများ ၀င်လာတတ်၏။ ထိုအတွေးများသည် သင့်အောင်မြင်ရေး အတွက် ဆူးငြောင့် ခလုတ်ပင် ဖြစ်၏။ စည်းကမ်းကောင်းဖြင့် ထိန်းပြီး မလျော့သော ဇွဲ၊လုံလ၊၀ီရိယ ဖြင့် ချီတက်မည်ဆိုလျှင် အောင်မြင်ခြင်းသည် အနီးလေးပင် ဖြစ်၏။

Don Jaun

MSC 31

Sort:  

Good guides & Quotes. Very thanks for your support.

Thank You Ko Shew

အရမ်းကောင် အလွန်ကောင်း အမတန်ကောင်း သူများတွေလဲ သိစေချသ်လိုက်တာ

အဲ့ လောက်လည်း မဟုတ် ပါဘူး အေ။
မြောက်တောင် သွားတယ်။

ကြိုးစားပါ့မယ်

You are on the success way.
Keep it up Sis.

Success is a journey 👍🏻

Good တယ်အကိုကြီးရေ

ဟုတ် ကျေးဇူးဗျ။

Great advice from great mind-set :) Thank you Don Jaun.

Yeah!
I'm also thank you

အရမ်းကောင်းတဲ့ လမ်းညွှန်မှုပါ bro

Very good advice, Thanks for sharing!
Upvoted!

ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေပါ အကိုရေ။
ကြိုးစား လိုက်နာပါ့မယ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.092
BTC 62610.99
ETH 1758.90
USDT 1.00
SBD 0.39