Silent
Silent
အဲ့ဒီနေ့က
ငါတို့ဝိုင်းမှာ စကာလုံးတွေ တိတ်ဆိတ်နေခဲ့တယ်
အားလုံးက တညီတညွတ်ထဲ အသံတိတ် ငိုပွဲမှာ ပါဝင်ကြတယ်
တခုက ဘယ်သူမှ မျက်ရည်မကျဘူး
မကျအောင် ထိန်းထားတာ မဟုတ်ဘူး
မျက်ရည်က ကျကို မကျတာ
ငါတို့ မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းမောထဲမှာ
မျှော်လင့်ချက် တွေ ပါသွားပြီ
ပြုတ်ကျ သွားတဲ့ အဲ့မျှော်လင့်ချက်တွေကို
ဘယ်သူမှ မကောက်နိုင်ပဲ
အားလုံး ဒီအတိုင်းလေး ငေးကြည့်နေကြတယ်
နေဝင်ချိန်က သိပ်စောလွန်းတယ်
ရင့်မှည့်လာတော့မယ့် ခင်မင်မှုတွေ
လက်ဆိပ်တက်ပြီး ညှိုးနွမ်း သွေ့ခြောက်သွားတယ်
ရေလောင်းပေါင်းသင်ခဲ့ပေမယ့်
သူ့ ခမျာ သက်ဆိုး မရှည်ရှာဘူးရယ်
အဲ့နေ့မှာပဲ
ရိုးသားခြင်းပါ သေဆုံးသွားတယ်
သူ့ကို ငါတို့ သစ္စာတရားနဲ့ အတူ မြေမြှပ် ပေးလိုက်တယ်
အဲ့ ဈာပနက သိပ်ပြီး တိတ်တဆိတ် ဆန်လွန်းတယ်
ငါတို့
ကိုယ်စီ ဝမ်းနည်းခြင်းလေးတွေကို ပိုက်ပြီး အိမ်ပြန်ခဲ့ကြတယ်
ခက်တာက ခုထိ ငါတို့ မျက်ရည် မကျသေးတာပဲ .....
သိဟ် (သုတ)
ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။
Don Jaun
MSC 31
Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
စိတ်မကောင်းပါဘူး 😢
😥
တိတ်ဆိတ် စွာ ငိုနေမိပါတယ်
😥
Same feeling.. :(
😓
အသက်မဲ့သွားတဲ့ငါ့ အိမ်မက်တွေနဲ့အတူ မှေးမှိန်သွားတော့မယ့်
သူငယ်ချင်းတစ်ယောက်ရယ်။
😥
သိပ် ဝမ်းနည်းတာပဲ😭😭
😥
ကိုယ်ချင်းစာမိပါတယ် အောင်မြင်ပါစေ MSC
Thank you Sis
ရိုးသားခြင်းသေဆုံးသွားတဲ့နောက် . . . . .
Crying is start
:(
silent but heart broken ...
😥
I follow you.please return votes.
Nice to meet you.