Road to Next Success

in #myanmar7 years ago

t5n9axz4v5.jpg

ယခုနှစ် MNL မှာ Shan United အသင်းက ရှုံးပွဲမရှိ စံချိန်နှင့် ချန်ပီယံ ဆိုကို သိမ်းယူသွားပြီ ဖြစ်၏။ ယခုလိုမျိုး စံချိန်သစ်၊ စံချိန်ကောင်းနှင့် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် Shan United အသင်းကို ဘောလုံး ရပ်ဝန်းမှ အထင်ကရ ပုဂ္ဂိုလ်များက ဂုဏ်ပြု စကားများ အသီးသီး ပြောကြားပေးခဲ့၏။ ထို ဂုဏ်ပြုစကားပြောကြားပေးသည့် လူများထဲမှာ ဖီဖာ ဘောလုံး ဥက္ကဌလည်း အပါအ၀င်ပင် ဖြစ်၏။ ထို့ပြင် အသင်း၏ ကစားသမား အဟောင်းများကလည်း ဂုဏ်ပြု စကား အသီးသီး ပြောကြား ပေးပို့ခဲ့ကြ၏။

Shan အသင်းအတွက် ယခုနှစ် ရာသီကတော့ ပျော်စရာ အတိပင်။ League ဖလားကို အပိုင်သိမ်းပြီးနောက် နောက်ထပ် ဖလားတလုံး သိမ်းဖို့ကလည်း လက်တကမ်း အကွာသို့ ရောက်နေပြီ ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ပြိုင်ပွဲ ဖြစ်၏။ Yangon United နှင့် လာမည့် (၂၄) ရက်နေ့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ ထိုပွဲ စဉ်ကိုသာ အနိုင်ကစားနိုင်ခဲ့ပါက ဖလား (၂) လုံး ရမည့် ဒုတိယမြောက် ရာသီ ဖြစ်လာမည် ဖြစ်၏။

တဖက် Yangon United အသင်းကလည်း တောင့်တင်းသည့် အသင်းကောင်း အသင်းကြီး တသင်း ဖြစ်၏။ ထို့အတူ ကျနော်တို့ Shan United အသင်းသည်လည်း အသင်းလိုက် စုစည်းမှု ကောင်းသည့် အသင်း တသင်းပင် ဖြစ်၏။ ထို (၂) သင်း ထိပ်တိုက် တွေ့ဆုံမှုသည် အတော်လေးကို ကြည့်ကောင်းမည့် ပွဲတပွဲ ဖြစ်လာနိုင်၏။ ဘောလုံး ရသ အပြည့်အ၀ ပေးနိုင်၊ ရနိုင်မည့် ပွဲ တပွဲ ဖြစ်လာလောက်၏။ ဗိုလ်လုပွဲက ရန်ကုန်မြေမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်သဖြင့် Yangon United အတွက်တော့ တပန်းသာ နေ၏။ သို့ပေမယ့် Shan United ကလည်း ရှိန်နေမည် မဟုတ်ဘဲ သူနိုင် ကိုယ်နိုင် အပြိုင်ကျဲမည်သာ ဖြစ်၏။

rucjq0bsy5.jpg

(၂) ဖက်အသင်း ပရိတ်သတ်များသည်လည်း ယခုပွဲ အတွက် ကြိုတင်ပြီး စိတ်လှုပ်ရှားနေကြပြီ ဖြစ်၏။ ကျနော်တို့ Shan United ပရိတ်သတ်များကတော့ ထိုနေ့ ရန်ကုန်မြေမှာ ကျင်းပမည့် ဗိုလ်လုပွဲကို လိုက်ပါ အားပေးဖို့ စီစဉ်နေကြပြီ ဖြစ်၏။ အသင်းနှင့် fan အဖွဲ့၏ ဦးစီး ခေါင်းဆောင်မှုနှင့် Shan အသင်းကို လိုက်ပါအားပေးမည့် ပရိတ်သတ်များကို ခေါ်ဆောင်သွားဖို့ ဖြစ်၏။ ဗိုလ်လုပွဲကို လိုက်ပါ အားပေးမည့် သူများ စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း လွန်ခဲ့သော ရက်ပိုင်းကတည်းက ကြေငြာထား၏။ တောင်ကြီးမြို့မှ ပရိတ်သတ်များတင် မဟုတ်ဘဲ ရွှေညောင်၊ အောင်ပန်း၊ ပင်းတယ၊ ရပ်စောက် အစရှိသည့် အနီးအနားမှ ပရိတ်သတ်များလည်း ပါဝင်၏။

အသွား အပြန် ကားခ အငြိမ်း ဖြစ်၏။ စားစရိတ်ကတော့ မိမိဘာသာ ကျခံရမည် ဖြစ်၏။ လိုက်ပါအားပေးမည့် သူများကတော့ ခုကတည်းက စာရင်းသွားပေးနေကြပြီ ဖြစ်၏။ ကျနော်ကတော့ မလိုက်နိုင်ပေ။ အတန်းချိန်များ ရှိနေသေးသည်ကိုး။ အတန်းချိန် သိပ်မရှိလျှင်တော့ ခွင့်ယူပြီး လိုက်သွားလို့ ရ၏။ သို့ပေမယ့် အတန်းက ပျက်လို့ကလည်း မဖြစ်သေးပေ။ မလိုက်နိုင်ပေမယ့်လည်း TV ကနေ ကြည့်ရှုအားပေး နေမည် ဖြစ်၏။ ထို့နေ့ အောင်ပွဲသည် ကျနော်တို့ အတွက်သာ ဖြစ်ရမည် ဖြစ်၏။ အသင်း နှင့်အတူ တပါတည်း အောင်ပွဲခံဖို့ ခုကတည်းက ကြိုတင် ပြင်ဆင် ထားပြီး ဖြစ်၏။ Fighting Shan United …

Don Jaun

MSC 31

Sort:  

MNL ပွဲ တွေ မကြည့်ဖြစ်တာ ကြာပါပြီ။ Shan utd နည်းပြက ဘယ်သူများ လည်း ဗျ

Posted using Partiko Android

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.084
BTC 61477.83
ETH 1589.93
USDT 1.00
SBD 0.47