ResultsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဒီနေ့ ဆယ်တန်းတွေ အောင်စာရင်း ထွက်၏။ နှစ်တိုင်း ဒီလို အချိန်ရောက်လျှင် စာမေးပွဲ ဖြေထားသည့် ကျောင်းသူ၊ ကျောင်းသားများ နည်းတူ သင်ကြားပေးသည့် ကျနော်တို့ ဆရာ၊ ဆရာမများလည်း ရင်ခုန်ကြရ၏။ အောင်စာရင်းမထွက်ခင် ညကတည်းက ကြိုတင် စိတ်လှုပ်ရှား ရင်ခုန်ရသဖြင့် တော်တော်နှင့်ကို အိပ်လို့ မပျော်ပေ။ စာမေးပွဲ စဖြေကတည်းက တောင်းပေးခဲ့ရသည့် ဆုတောင်း၊ အောင်စာရင်း ထွက်ချိန်ထိပင် ဖြစ်၏။ ဆုတောင်းခြင်းကို လက်ခံခြင်း သိပ်မရှိလှသော ကျနော် ကိုယ် သင်ပေးရသည့် ကလေးများနှင့် အခြား ဘတူ စာဖြေကျောင်းသား၊ ကျောင်းသူများအတွက် ဆုတောင်းပေးမိ၏။ ရှင်တော်ဘုရားသာ သက်ရှင်ထင်ရှား ရှိနေသေးလျှင် ချစ်သား … တော်လောက်ပြီ ဟုပင် မိန့်ဆိုမည် လား မသိပေ။

စာမေးပွဲ မအောင်ချင်တဲ့သူဆိုပြီး ရှိမည် မထင်ပေ။ လူတိုင်း နီးပါး စာမေးပွဲ အောင်ချင်ကြ၏။ ဖြေဆိုချိန်မှာ အဘယ်ကဲ့သို့ ရှိခဲ့ရှိခဲ့ အောင်စာရင်းထွက်ချိန်မှာတော့ ပျော်ရွှင်လိုလှသည်မှာ သဘာဝပင် ဖြစ်၏။ နှစ်တိုင်း ဒီလိုအချိန်ဆိုလျှင် အပျော် တ၀က်၊ ၀မ်းနည်း တ၀က်နှင့် ဖြစ်၏။ အောင်မြင်သူများအတွက် ၀မ်းသာ ပီတိ ဖြစ်ရသလို၊ မအောင်မြင်သူများအတွက်လည်း ၀မ်းနည်း စိတ်မကောင်း ဖြစ်ရ၏။ ရှေ့နှစ်များတုန်းကတော့ အောင်စာရင်းထွက်ချိန်တိုင်း ၀မ်းနည်းမှုထက် အပျော်က သာလွန်လေ့ ရှိ၏။ အောင်မြင်မှု အခြေအနေက ကိုယ် ထင်မြင် မျှော်လင့်ထားသည့် အတိုင်း ဖြစ်သွားလေ့ ရှိသည်ကိုး။

ယခု နှစ်မှာတော့ ထိုသို့ မဟုတ်ပေ။ ယခု နှစ်က ထူးခြားသည့် နှစ် မဟုတ်လား။ အခြား သင်နေကြ အဆောင်များမှာပါ သင်နေသည့် အပြင် ကိုယ့်နာမည်နှင့် ကိုယ်ပိုင် ကျူရှင်လေး တခု စပြီိး ဖွင့်ခဲ့သည် မဟုတ်လား။ ကျနော့် ကျူရှင်က အပြင်ဖြေ (ပြင်ပဖြေ) သီးသန့် ဖြစ်၏။ နှစ်စပိုင်းလောက်က ကျောင်းသား (၅) ယောက်လောက် ရှိ၏။ ၀င်လိုက်၊ ထွက်လိုက်နှင့် စာမေးပွဲ ဖြေချိန်နားနီးသည့် အခါမှာတော့ ကျောင်းသား (၄) ယောက်သာ ကျန်၏။ ကျောင်းသူ (၁) ယောက်၊ ကျောင်းသား (၃) ယောက် ဖြစ်၏။ ထိုအထဲမှာ ကျောင်းသား (၂) ယောက်ကတော့ သင်တန်းချိန် (ကျူရှင်ချိန်) မှန်၏။ စာလည်း မှန်မှန် လုပ်ကြ၏။

S90608-181152.jpg

(၂) ယောက်ထဲမှာ တယောက်ကိုတော့ အောင်ဖို့ မျှော်လင့် မျှော်မှန်းထားမိ၏။ သူ ကိုယ်တိုင်လည်း ဒီနှစ်တော့ အောင်ပြီဟု ယုံကြည်ထား၏။ ကျန်ကလေး တယောက်ကတော့ တော်တော်လေး အားနည်းလှ၏။ စာလုပ် နည်းနည်း ပျင်း၏။ ထို့ပြင် သူ့ရဲ့ စာစိတ်ဝင်စားမှုနှင့် မှတ်သားနိုင်စွမ်းက အနည်းငယ် သံသယ ဖြစ်ဖွယ်ပင်။ အခြား (၂) ယောက်မှာတာ့ ကျောင်းသူ ကလေးမက အလုပ် တဖက်နှင့် ဖြစ်၏။ အစောပိုင်း အတန်းချိန်များ မတက်ခဲ့ဘဲ စာမေးပွဲ နားနီးမှ လာတက်ပြီး လုပ်ခြင်း ဖြစ်၏။ ထို့ပြင် ထို ကလေးမလေးမှာ လူမှုရေး ပြဿနာ (အချစ်ရေး ကိစ္စ) ကလည်း စာမေးပွဲ နားနီးမှ ထပြီး ပေါ်လာသေး၏။ မဖြေတော့ဘူး လုပ်နေသဖြင့် မနည်း ဖြောင်းဖျပြီး ဖြေခိုင်း ခဲ့ရ၏။

နောက် ကျောင်းသား တယောက်ကတောာ့ အေးအေးလေးနှင့် ပေ၏။ ပြောလိုက်လျှင်တော့ ဟုတ်ကဲ့ … ဟုတ်ကဲ့နှင့် ပြီးလျှင်တော့ သူလုပ်ချင်တာ လုပ်လေ့ ရှိ၏။ ကျူရှင်လည်း မှန်မှန် မလာပေ။ ဆိုခဲ့သည့် အတိုင်း ဒီ တနှစ် ကျနော့် ကျူရှင်၏ ရဲ (၄) ဖော်ထဲမှာ တယောက်ကတော့ တော်တော်လေး ဟုတ်၏။ ဟုတ်သည် ဆိုပေမယ့် စာမေးပွဲဆိုသည့် အမျိုးကလည်း ခန့်မှန်းရ ခက်သည် မဟုတ်လား။ ထို တယောက်လေးလည်း မအောင်ပေ။ ကိုယ့်စိတ်နှင့် ကိုယ် ဆိုလျှင်တော့ (၄) ယောက်လုံးကို အောင်စေချင်တာပေါ့။ သူတို့လေးတွေ အတွက် စိတ်မကောင်း ဖြစ်ရသလို၊ ကိုယ့်အတွက်လည်း စိတ်ပျက်မိ၏။ ရှေ့ဆက်ဖို့ကို မည်သို့သော် အားအင် မျိုးနှင့် စခန်းသွားရမည် မသိပေ။ စပြီး လှော်လှော်ချင်း တက်ကျိုး ရသည့် အဖြစ်။

Don Jaun

MSC 31

Sort:  

ဆယ်တန်းက အောင်ဖို့တော့ ခက်သား။တော်ရုံတန်ရုံ ဇွဲလုံ့လဝီရိယနဲ့ မရဘူး။

Posted using Partiko Android

သူ့ကံကိုယ်ကံပေါ့ဗျာ
ဆက်ပြီး ထပ်ကြိုးစားပေးရမပေါ့

Posted using Partiko Android

Guide လိုရင်ပြောလေ

ဆယ်တန်း ကိုယ်တွေ ငယ်စဉ်ရင်ခုန်ခဲ့ဖူးပ ခုထိလည်း ရင်ခုန်ဆဲ

နောက်နှစ်တွေဆို စာမေးပွဲ စနစ်ပြောင်းမယ်ကြားတယ်ဗျ။

Posted using Partiko Android

ဖိုက်တင်းပါ
စစချင်းမို့ အခက်ခဲတွေတော့ရှိမှာပါပဲ။
အရှူံးထဲက အမြတ်ယူကြတာပေါ့ ကိုဒွန်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63585.64
ETH 3035.86
USDT 1.00
SBD 3.84