ငါးဆယ်တန်

in #myanmar8 years ago

FB_IMG_1498534182631.jpg

ငါးဆယ်တန်

........... ........... ...........

ခင်မင်မှု တာရိုးက ကျိုးပြီးသွားပြီ
ဝမ်းနည်းခြင်းတွေ ဒလဟော ဝင်လာတယ်
တားမရ စီးမရပဲ

လိပ်ပြာသန့်ဖို့ အတွက်
ဘယ်ဆပ်ပြာနဲ့ လျှော်လို့ရလဲ

အတိတ်ဆိုတာက ပြီးသွားပြီ ဆိုတဲ့ အဓိပ္ပာယ် ပဲ
ပြင်ဆင်ခွင့် မရှိတော့ပေမယ့် သင်ခန်းစာတော့ ယူလို့ရမယ်
နောင်တ ဆိုတာကြီး ထပ်မလိုချင်ရင်ပေါ့

ဒီနေ့ အသက်ရှူနှုန်းက
မနေ့ကထက်
များလား ..... နည်းလား .....

သန့်ရှင်းတဲ့ လေထုကို ရရှိဖို့
သဘာဝ ပတ်ဝန်းကျင်ကို မှီခိုရသလို
သန့်ရှင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့
ဘာကို မှီခိုရမလဲ

ယုံကြည်မှုဆိုတာ
ဒီဖက်ခေတ်မှာ ဘယ်သူမှ မကောက်တော့တဲ့
လမ်းပေါ်မှာ ကျနေတဲ့
ခပ်နွမ်းနွမ်း ငါးဆယ်တန်တစ်ရွက်

သင့်
ငါးဆယ်တန်ကို လမ်းပေါ်
ပစ်ချကြည့်လိုက်ပါ

တစုံတယောက်က
ကောက်ယူပေးခဲ့ပါက
လူ့အဖွဲ့အစည်းအတွက်
အဖြေတခု ရလာပါလိမ့်မည်

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

P80123-174125(1).jpg

Don Jaun

MSC 31

Sort:  

ဒေါ်လာ၁၀၀၀ဆိုကောက်ပေးမယ်😁

ငှယ့်
ကိုယ့်အလှည့်တောင် ရောက်မှာ မဟုတ်ဘူး
သူများ ကောက်သွားမှာ အရင်

ရေးတတ်လိုက်တာဗျာ သိပ်သိပ်ကောင်းတယ်

ကျေးဇူးပါ ဗျာ။
အမယ် ပုံတွေ ဘာတွေ ချိန်းလို့ ဟ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဖင်လေးတော့ကုန်းကောက်ရပါလိမ့်မယ်

ငှယ့်
ဖင် မကုန်းပဲ ကောက်လဲ ရပါတယ် ကိုစိုး ရယ်

ဒူးထောက်မယ်ဆို စကပ်တိုတွေအတွက်မဖြစ်နိုင်ဘူး

အရေးအသားတွေကတော့
Respectပါကိုဒွန်

ဟုတ်ကဲ့ပါ ဗျ။

သားကောက်မယ် ဘယ်နားချထားလဲ

၅၀ ကျပ်ဆို ဆေးပေါ့လိပ်တစ်လိပ်တော့ရသေးတယ် ။ ဟိဟိ။

အတွေးလေးကောက်းပ ထိတယ်။

သူများကောက်သွားပြီ ko Shwe. အတွေးတူသူ တယောက်ပေါ့။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.080
BTC 61714.34
ETH 1618.58
USDT 1.00
SBD 0.40