MIUI 10 (Chapter 1)
MIUI update နှင့် ကျနော်နှင့်တော့ တွေ့နေပြီ ဖြစ်၏။ MIUI မှ မဟုတ် meizu ၏ flyme update ကလည်း ကျနော်နှင့် တွေ့ခဲ့ပြီးပြီ ဖြစ်၏။ update (၂) ခုလုံးက ကျနော့်ကို တော်တော်လေး အကျိုး ပေး၏။ ကောင်းကျိုးတော့ မဟုတ်ပေ။ flyme တုန်းကလည်း battery၊ ခု MIUI မှာလည်း battery ပင်။ MIUI မှာက တော်တော်လေးကို သိသာ၏။ MIUI 10 မှာ မေ့လောက် မုန်းလောက်အောင် ခံခဲ့သည့် battery က MIUI 11 မှာတော့ လုံး၀ကို ဘာမှ မဆိုင်တော့ပေ။ ဆီနှင့် ရေလို တော်တော်ကြီးကို ကွာ၏။ တော်တော်လည်း သိသာ၏။
ယခင် ML ပွဲ (၃) ပွဲလောက် ဆော့လျှင် အားက (3%) လောက်ပဲ ကျပေမယ့် ယခု MIUI 11 မှာတော့ (15, 20) လောက် ဆင်းနေ၏။ facebook သုံးနေရုံလောက်လေးနှင့်လည်း အားက ကုန်တာ မြန်နေပြန်၏။ တော်တော်လေးကို အဆင်မပြေလှပေ။ Update မတင်ဘဲ နေလိုက်လျှင် အကောင်း၊ ခု တင်လိုက်တော့ ဖြစ်ပြီ ဖြစ်၏။ မတင်နဲ့၊ တင် ဆိုပြီး သတိပေးသူတွေ ကြားထဲမှာ ဘာကို ဘယ်လို လိုက်လုပ်ရမယ် မှန်းမသိဘဲ လိုက်တင်မိလိုက်သည့် အဖြစ်ပေါ့။ update တိုင်းလည်း မကောင်းဘူးဆိုတာကို သိခွင့်ရသွားခဲ့၏။ ကောင်းကောင်းကြီးလည်း နားလည်သွားခဲ့ရ၏။
နောက်ထပ် update မှာ ထို battery error ကို ပြင်ထားပေးနိုင်မလားကိုတော့ စောင့်ကြည့်ရမည် ဖြစ်၏။ သို့ပေမယ့် update က တော်တော်လေး ကြာဦးမည့် ပုံပင်။ ထို့ကြောင့် ပိုသေချာတာက down grade ပြန်ဆင်းဖို့သာ ရှိတော့၏။ ဟုတ်၏ အားမခံသည့် error ရှိနေမှာတော့ 10 ပဲ ပြန်ဆင်းလိုက်တာ ပိုကောင်းမည် ထင်၏။ 10 သို့ ဆင်းလိုက်ပြီး လုံး၀ error ကင်းသွားသည့် version update ရပြီ ဆိုမှပဲ တင်လိုက်တော့ဖို့ တွေးထား၏။ ဒါမှပဲ အဆင်ပြေပေလိမ့်မည်။ Update ကို ကြိုက်ပေမယ့် error ပါနေမှတော့ အဆင်မပြေပေ။ ကျနော် လိုချင်တာက update ထက် သုံးရသည့်နေရာမှာ မိမိနှင့် အဆင်ပြေဖို့ အဓိက ဖြစ်၏။
Firmware ပြန်ဆင်းဖို့ ကြပြန်တော့လည်း mi က သိပ်ပြီး မလွယ်ကူ၊ မရိုးရှင်းလှပေ။ သိသွားလျှင်တော့ လွယ်ကောင်း လွယ်ပေမယ့် မသိသေး၊ မရင်းနှီးသေးသည့် ကျနော့်အဖို့တော့ မလွယ်သေးပေ။ သူငယ််ချင်းနား မေးမြန်းကြည့်မှ သိရတော့၏။ meizu ထက်စာလျှင် mi down grade က သိပ်မရိုးရှင်းပေ။ meizu တုန်းက flyme 8 ကနေ 7 ဆင်းဖို့ flyme 7 ကို ဒီအတိုင်း down ပြီး update တင်လိုက်ခြင်း ဖြစ်၏။ ဘာမှ အလုပ် မရှုပ်လှပေ။
ဆက်ပါဦးမည်
Don Jaun
MSC 31

