မတော် လောဘ

in #myanmar8 years ago

image

မတော် လောဘ

........... ........... ...........

နေဝင်နေထွက်
တကုတ်ကုတ်နဲ့
အချိန်တွေ စားသုံးရင်း
ငါတို့တွေ
ခရီးဆက်ခဲ့တယ်

အလို ဆန္ဒတွေ အတွက်
မလိုချင်တာတွေ
လက်ခံခဲ့ရသလို
လိုချင်တာတွေကိုလည်း
စတေးခဲ့ရတယ်
ရင်နာနာနဲ့ပေါ့

အိပ်မက်တွေက
ဘယ်တော့မှ မဆုံးဘူး
တခုပြီးရင် နောက်တခုက
ပေါ်လာတော့တာပဲ
ငါတို့ သေတဲ့ အချိန်မှ
အဲ့
အိပ်မက်တွေလည်း
ချုပ်ငြိမ်းတယ်။

ဟိုကာတွန်းကားထဲက
စကားလေး သတိရတယ်
တိရစ္ဆာန် တွေက
အသက်ရှင်ဖို့အတွက် စားနေတာတဲ့
လူတွေက
စားဖို့ အတွက် အသက်ရှင်နေတာတဲ့

ဘာလာလာ စားပစ်မယ် ဆိုတာထက်
စားသင့် စားထိုက်တာတွေပဲ
စားဖို့ လိုတယ်
ခက်တာက
အိပ်မက်တွေရဲ့
မတော်လောဘက
တခါတလေ
ဘာတွေ့တွေ့ အကုန်လုံး
ပစ်ထည့်ပြီး ဝါးပစ်ချင်နေပြန်ရောကိုး

မတော်လောဘဆိုတဲ့ အတိုင်း
မတော်သရွေ့
လောဘက ဆက်ရှိနေမှာပဲ

ရောင့်ရဲခြင်းနဲ့ လောဘကို
ခွဲခြား နားမလည်သရွေ့
ရှင်သန်ခြင်းတွေဟာ
ပင်ပန်းနေရဦးမှာပဲလေ

ကိုယ်ရှူ သွင်းနေတဲ့ လေထုက
တကယ်ပဲ
သန့်ရှင်း စင်ကြယ်ရဲ့လား...

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

image
photo from ZEDGE

Don Jaun

MSC 31

Sort:  

အိုက်စ် လန်းတေယေ😌

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.092
BTC 62578.40
ETH 1778.40
USDT 1.00
SBD 0.39