Life
life
..... ..... ..... ..... .....
ပင်ပန်းလွန်းတဲ့ ဘဝ
တစ်နေ့ တစ်နေ့ ....
ငါတို့ ဘာတွေ လုပ်
စား ... ၀တ် ... နေ ...
ပြီးတော့ သေ
ချစ်လိုက် မုန်းလိုက်
ရယ်လိုက် ငိုလိုက်
သူများကို ရိုက်ပုတ်လိုက်
ကိုယ်က လည်စင်းခံပေးလိုက်
မထိန်းသိမ်းနိုင်တဲ့ ခံစားချက်တွေကို
အန်ထုတ်လိုက် နဲ့ ..
မောရ ပန်းရမှန်း မသိ
ဒီလို ခရီးဆက်နေရတာကိုပဲ
ကိုယ့်ကို ကျေနပ်လို့
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို
ငါတို့
နေ့စဉ် ပိုင်ဆိုင်နေရဲ့ လား ...
လွင့်ပါသွားတဲ့ အိပ်မက် ...
လွှတ်ချခဲ့လိုက်တဲ့ အိပ်မက် ...
မပြီးစီးသေးတဲ့ အိပ်မက် ...
မက်ပြီးသွားတဲ့ အိပ်မက် ...
မမက်ရသေးတဲ့ အိပ်မက် ...
မဆုံးနိုင်တဲ့ အိပ်မက်တွေ ...
ငါတို့ ကျိန်စာသင့် နေပြီလား ...
ငါတို့ သိပ်သနားစရာ ကောင်းနေပြီ လား ...
အမှန်တော့ ငါတို့ ဟာ
အသိအမှတ်ပြုခံ ချင်လို့
ပင်ပန်းနေကြရတာပါ
ငါ ရှိကြောင်း
အမေ သိဖို့ .. အဖေ သိဖို့ ..
မောင်နှမတွေ သိဖို့ ..
ချစ်သူ သိဖို့ ..
သူငယ်ချင်းတွေ သိဖို့ ..
အများ သိဖို့ ..
အသိအမှတ်ပြုခံ ချင်လွန်းနေတဲ့ စိတ်တွေကို
ဆွဲထုတ်ထားလိုက်စမ်းပါ ...
တကယ်တော့ .....
ဘ၀ဆိုတာ ပျော်ဖို့ ကောင်းပါတယ်ဗျာ
နေတတ်ရင်ပေါ့။
သိဟ် (သုတ)
ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။
Don Jaun
MSC 31


ဖတ်လို့ကောင်းတယ်ရှင့်
ကျေးဇူးပါဗျ
နေတတ်ရင်..ကျေနပ်စရာတွေပါတဲ့..
.ကျေနပ်စရာဖြစ်ဖို့..နေတတ်ဖို့လိုတယ်...။
Right