ကလေးအတွေး ( Child Though )
ဆရာမင်းခိုက်စိုးစံ၏ ကလေးအတွေး စာအုပ် ဖတ်ဖူးကြမည်ထင်၏။ မဖတ်ဖူးက ဖတ်ကြည့်ဖို့ ပြောလို၏။ ရသပိုင်းထက် အတွေးအခေါ်ပိုင်း အသားပေးထားသောကြောင့် တမျိုးတဖုံလေးတော့ ဆန်းနေမည် ဖြစ်၏။ တွေးရခေါ်ရတာကို နှစ်သက်သူများကတော့ အကြိုက်တွေ့ကြပေလိမ့်မည်။ ထိုစာအုပ်ထဲ၌ စာရေးဆရာက ကလေးတွေပါဝင်ပြောဆိုထားသော စကားတို ( ဟာသ ) လေးများကို အရင်ပြောပြီး ထို ဟာသလေးကို အကြောင်းပြုပြီး ဆက်လက်ဆွေးနွေး ရေးဖွဲ့ထား၏။ ထိုစာအုပ်ထဲမှာ ပါသည့် ကလေးအတွေးလည်း (၂) ခုလောက်ကို ပြန်လည်မျှဝေ ပေးလို၏။
ပထမ
ကျောင်းမှ ပြန်လာသော ကလေးက သူ၏ အမေကို ဘတ်စ်ကားပေါ်က အတွေ့အကြုံကိုပြန်ပြောပြ၏။
“ မေမေ ... ဒီနေ့ သားသားလေ ကျောင်းက အပြန် ကားစီးလာတော့ ကားပေါ်မှာ အန်တီကြီး တယောက်ရဲ့ ခြေထောက်ကို တက်နင်းမိတယ် ”
“ အို … ဟုတ်လား။ အဲ့တော့ ”
“ သားက တောင်းပန်လိုက်တာပေါ့ မေမေ။ အဲ့တာ အန်တီကြီးက သားကို ချောကလက် တခု ထုတ်ကျွေးတယ်။ ”
“ ဟုတ်လား … အဲ့တော့ သားက ဘာပြန်ပြောလိုက်လဲ။ ကျေးဇူးတင်ပါတယ်ပေါ့လား ”
ထိုအခါ ကလေးက မဆိုင်းမတွပြန်ဖြေ၏။
“ မဟုတ်ဘူး မေမေ။ သား နောက်ထပ် ခြေထောက် တဖက်ကို ထပ်နင်းလိုက်တယ် ”
ဒုတိယ
စာသင်ခန်းအတွင်း၌ ကလေး (၂) ယောက် ငိုနေကြ၏။ ဆရာမက ရန်များ ဖြစ်ကြသလားဟု စိတ်ပူပြီးခေါ်မေး၏။
“ သားတို့ ဘာဖြစ်ကြတာလဲ ”
ကလေးတယောက်ကဖြေ၏။
“ သား အကြွေစေ့ မျိုချလိုက်မိလို့ ဆရာမ ”
“ အို … ဟုတ်လား။ ဒါဖြင့် ဟိုသားသားက ဘာလို့ ငို ”
ဒုတိယ ကလေးက ငိုနေလျက်နဲ့ပြန်ဖြေ၏။
“ သူ မျိုချ လိုက်တာ သား အကြွေစေ့ ပါ ဆရာမ ”
ထိုကဲ့သို့ စာပိုဒ်တိုလေးများ ပေးပြီး နောက်ဆက်တွဲ အဖြစ် စာရေးသူ၏ အမြင်များကို ဖြည့်စွက် ဆွေးနွေးပြထား၏။ ယနေ့ခေတ် ကလေးများနှင့် တူသော လူကြီးများ အကြောင်းကိုပေါ့။ ကိုယ်တိုင် ဖတ်ကြည့်စေချင်သောကြောင့် ထိုအကြောင်းအရာများကို အကျယ်တ၀န့် မပြောပြတော့ပါ။
ကျတော့်တွင် တူ၊ တူမ လေးယောက် ရှိ၏။ တူမ (၃) ယောက်၊ တူလေး တယောက်။ တူမ (၁) ယောက်နှင့် တူလေး (၁) ယောက်မှာ ယခုမှ မူကြိုတက်နေသေးသည့် အရွယ်ဖြစ်၏။ ထိုထဲမှ တူတောင်မောင်သည် ဗိုလ်ချုပ်မွေးနေ့ ( ကလေးများ နေ့ ) ကျောင်း၌ ကျင်းပသည့် ပွဲ အခမ်းအနားတွင် ကဗျာ ရွတ်ရမည် ဖြစ်၏။ ဆရာမ ထိုကဗျာကို စ သင်ပေးလိုက်သောနေ့။ ထိုကဗျာကို သူ့ ကိုကျတော် ကျောင်းသွားကြိုသည့် အချိန် ဆိုင်ကယ်ပေါ်မှာ ရွတ်ပြ၏။ အစ စာပိုဒ်လေးသာ သင်ရသေး၏။
ဗိုလ်ချုပ် ဗိုလ်ချုပ် … ဒို့ ဗိုလ်ချုပ်
ဗိုလ်ချုပ် ခွေးကလေး ….
ဘယ်ကမွေး …
နတ်မောက်မြို့တဲ့လေး …
ဗုဒ္ဓေါ … ဗိုလ်ချုပ် ခွေးကလေး ဆိုပါလား။ ကလေး လေးပဲ ဖြစ်မှာပါ။ ထို့ကြောင့် ကျတော်က …
“ သားရေ … ကလေးလေး ဟုတ်ဘူးလားကွာ။ ဘယ်နှယ့် ခွေးကလေးတုန်း။ နတ်မောက်မှာ မွေးတယ် ဆိုတော့ ကလေးလေး လေကွာ … ဟုတ်ဘူးလား။ သား နားကြားမှားလို့ ဖြစ်ပါလိမ့်မယ် ”
တူတော်မောင်က လက်မခံပေ။ ဘ၀င်မကျသည့် အသံဖြင့်
“ မဟုတ်ပါဘူး … ချစ်ချစ်ကလည်း ”
(တူလေးနှင့် တူမလေးက ကျတော့်ကို ချစ်ချစ်ဟု ခေါ်၏)
“ ဟုတ်ပါတယ် သားကလည်း။ ကလေးလေး ဖြစ်မှာပါ။ ”
သူ လက်မခံပဲ ပြန်ဖြေလိုက်သည့် စကားကြောင့် ကျတော့်မှာ ဘာမှ မပြောနိုင်တော့ပဲ ရယ်လိုက်ရတော့၏။
“ ဟာ … ချစ်ချစ်ကလည်း ဗိုလ်ချုပ်ကလည်း ခွေးကလေးတွေ ဘာတွေ မွေးမှာပေါ့ ”
ကလေးတွေက ဖြူစင်၏။ သူတို့ အတွေးက ရိုးရှင်း၏။ သို့ပေမယ့် တခါတလေ သူတို့အတွေးတွေက လူကြီးများထက်တောင် ဆန်းနေသေး၏။ ကျတော်တို့ မထင်ထား၊ မတွေးထားမိတဲ့ အခြေအနေမျိုး၊ ရှုထောင့်မျိုးကနေ သူတို့ စဉ်းစားမိတက်ကြ၏။ ထို့ပြင် သူတို့ တွေးတောပုံလေးက တမျိုး တဖုံလေး ချစ်ဖို့ကောင်းနေပြန်၏။ အိမ်တွင် ထို တူတော်မောင်နှင့် တူမတော် တို့မှာ ကျတော့် အချစ်တော်များပင် ဖြစ်၏။ ယနေ့ သူတို့ကို သွားကြိုတော့ တူတော်မောင်မှ ကဗျာအကြောင်းကို ဆက်လက်ပြောဆို ရွတ်ပြ၏။ ကျတော်တို့ (၂) ယောက်လုံး မမှန်ပေ။
ဗိုလ်ချုပ် အထွေးလေး ... တဲ့
Don Jaun
MSC 31



ကလေးက ချစ်ဆာယေး
ဦးလေး တူလို့ပါ ဆိုနေ ...
😂
အော် တူတော်မောင် တူတော်မောင် တော့ အင်း ဖတ်ရတာ တစ်ညိုးလေး ကလေးလေးတွေက ချစ်စရာ လေးတွေ ရမ်းချစ် ဒါနဲ့ ဆရာဒွန် ကလဲဂျာ သူငြားနာမည်တွေဘဲ ယူသုံးနေတယ် ချစ်ချစ်က ကျွှန်တော်လေ ။
ငှယ့်
သူတို့ အကို့ကို ခေါ်တာ ပြောပါတယ်။
အော်..😍😍ချစ်စရာလေးပါဆို
ချစ်မွှေးတွေပေါ့ ဗျာ။
Good
Thank
အော် ကလေးအတွေး ကလေးအတွေး တူတယောက်ကို ထိန်းရတာမလွယ်ဘူး ကိုdonရေ
မလွယ်တာမှ ခုက ၂. ယောက်။
ပြီး ရွယ်တူတွေ ဆိုတော့ သေရော။
သူတို့ ပေါင်းမိလို့ကတော့
အမေရိကန် မပြောနဲ့ မဟာမိတ်တွေနဲ့ ပေါင်းတိုက်တောင် မနိုင်ဘူးရယ် ။
ကိုDon ရဲ့တူတွေတူမလေးတွေကချစ်စရာကောင်းတာ
ဦးလေး တူလို့ လေ
😊
😂😂😂
msc နံပါတ်ယူချင်လို့ပါအကို
msc number က လောလောဆယ် မပေးသေးပါဘူး bro.
ခဏ ရပ်ထားပါတယ် ဗျ။
ကျတော့်ကို facebook chat box ကနေ ဆက်သွယ်ပေးပါဗျ။
Fb chat box မှာ Alibaba အကောင့်နဲ့ဆက်သွယ်ထားပါတယ်
ဖတ်ရတဲ့အကြောင်းအရာရော..ပုံထဲက ကလေးလေးတွေရော ချစ်စရာလေးတွေ :)
ဟုတ် ကျေးဇူးပါ ဗျ။
မင်းခိုက်စိုးစံတို့ တာရာမင်းဝေတို့ က ကျွန်တော့်အကြိုက် ဆရာများပါ။
တခါတလေ သူတို့အတွေးလေးတွေက လိုက်လို့မမှီဘူး..