Keep Going
ဒီနေ့တော့ သင်တန်း စပြီ ဖြစ်၏။ ကျနော့် သင်တန်းမှာ ကလေး (၇) ယောက် ရှိ၏။ နောက်ရက်များမှာလည်း တဖြည်းဖြည်း ထပ်လာဦးမည် ဟု ဆို၏။ ထပ်အပ်ထားသည့် ကလေးများ ကျန်သေးသည်ကိုး။ ဒီနှစ်က ကျနော့် နားမှာ လာအပ်သည့် ကျောင်းသား မရှိသေးဘဲ၊ ဆရာမနားမှာ လာအပ်ထားသည့် သူများသာ များ၏။ အင်းလေ ဆရာမ၏ နာမည်ကြောင့်သာ ရောက်လာကြခြင်းကိုး။ ကျနော့် နာမည်က ဘာမှမှ မဟုတ်သေးဘဲ။ တချိန်ချိန် အတွက်ကို ရည်ညွှန်းဦးတည်ပြီး ကြိုးစားထားရမည် ဖြစ်၏။
မနက် အစော သွားရမည် ဖြစ်သဖြင့် အိပ်ရေးသိပ်မ၀လိုက်ပေ။ ညကလည်း တော်တော်နှင့် အိပ်မပျော်ဘူးကိုး။ မနက်ကို မနည်းကောင်း ထနေရ၏။ တော်တော်နှင့် မထချင်ပေ။ အမေ နားမှာထားလို့ အမေ နှိုးပေးလို့ တော်သေး၏။ (၇) နာရီလောက် ထ ပြင်ဆင်ပြီး၊ (၈) နာရီ အရောက်မှာတော့ သင်တန်းသို့ ထွက်လာလိုက်၏။ ကျနော့် စာသင်ချိန်က (၉) နာရီခွဲမှ ဖြစ်သော်လည်း ကလေးများ၏ အခြေအနေကို သိလိုလှသဖြင့် ခပ်စောစော ထွက်လာ ခဲ့ခြင်း ဖြစ်၏။
ကလေးတွေက အနေအေး၏။ သူတို့ လေးတွေ ပုံက ခုထိ အောင်စာရင်း ဒဏ် ကနေ မရုန်းထွက် နိုင်ကြသေးပေ။ ဒါကလည်း ဖြစ်လေ့ ရှိသည့် သဘောပင် ဖြစ်၏။ မကြာမီ အချိန်အတွင်း အဆင်ပြေသွားပေလိမ့်မည်။ တော်တော်လေးကို ငြိမ်လွန်းနေကြသဖြင့် ဘာများ ဆက်ဖြစ်လာမည်ကိုတော့ စောင့်ကြည့်ရပေဦးမည်။ ကျနော့် စာသင်သက် အရတော့ မကြာမီ ကာမှာပင် သူတို့ ပြုံးပြုံး ပျော်ပျော်နှင့် စကားတွေ များလာကြပါ လိမ့်ဦးမည်။ တယောက်နှင့် တယောက် ရင်းနှီးဖို့ အချိန်လိုသေးသည် မဟုတ်လား။
ကျနော့် အတန်းချိန်ရောက်တော့ အတန်းဝင် စာသင်လိုက်၏။ ဒီနေ့တော့ ပေါ့ပေါ့ပါးပါးနှင့် အနည်းငယ်လောက်သာ သင်လိုက်၏။ သူတို့်လေးတွေ၏ အခြေအနေကို စောင့်ကြည့်ရင်းနှင့်ပေါ့။ ဒီဖက် အတန်းချိန် ပြီးတော့ အနောက်ဖက် အဆောင်သို့ သွားရပြန်၏။ အတန်း (၂) တန်းလုံးက အခန်း (၁) ကနေပဲ စကြသဖြင့် အကြောင်းအရာ တခုထဲကိုပဲ (၂) ကြိမ် သင်လိုက်၊ ပြောလိုက်ရသလို ဖြစ်သွား၏။ လူလည်း တော်တော်လေးမောသွား၏။ မနေ့က သွေးလှူထားသည့် အရှိန်က ခုမှ လာပြနေ၏။ ခေါင်းတောင် နည်းနည်း မူးချင်ချင် ဖြစ်လာ၏။ လူလည်း သိပ်လှုပ်ရှားလို့ မကောင်း ဖြစ်လာ၏။
သို့နှင့် အတန်းချိန် ပြီးသည်နှင့် အိမ်ပြန်လာလိုက်၏။ နေ့လည်စာ စားပြီး ခဏ တဖြုတ် အိပ်မည် တွေးထား၏။ လပြည့်နေ့ ဖြစ်နေသောကြောင့် အမေ့ကို ဘုန်းကြီးကျောင်း ပို့ပေးရဦးမည်။ သို့နှင့် အမေ့ပို့ပြီး ပြန်လာမှ အိပ်မည်ပေါ့။ အမေ့ကို ပို့ခါနီး မိုးတွေက ရွာလာ၏။ ခဏလောက် စောင့်ပြီး လိုက်ပို့ ပြန်လာပြီး အိပ်ပေါ့။ ခပ်ကြာကြာလည်း မအိပ်လိုက်ရပေ။ တူတော်မောင်ကို ကျောင်းကြိုပေးရဖို့ ရှိသေးသည်ကိုး။ တူတော်မောင် ကြိုပြီးလျှင် အမေ့ကို ပြန်ကြိုရဦးမည်။ အင်းလေ အားလုံးပြီးသွားမှပဲ အိပ်ပါတော့မယ်။ အိပ်မှ နားမှ တော့ ရမည်။ လူက အားပြန်ပြည့်ဖို့ လိုသည် မဟုတ်လား။ နေ့ရက်တွေကို မောင်းနှင်ဖို့ ခွန်အားလို၏။ ကောင်းကောင်းစား၊ ကောင်းကောင်းနားပေါ့။
Don Jaun
MSC 31
ဆက်တော့ချီတတ်နေတာပါပဲလေ
Posted using Partiko Android
ဟုတ်
သင်တန်းဆရာ မလိုဘူးလား
လိုဘူး
ဆရာမပဲ လိုတယ်
ကျွန်တော်တော့ ကိုဒုန်ဆီမှာတောင် စာသင်ဖူးချင်လာပြီ
အားပြည့်ဖိုလိုတယ်လေ 😀
Posted using Partiko Android