Julia ( 2 nd wave )

in #myanmar8 years ago

FB_IMG_1498534182631.jpg

Julia ( 2 nd wave )

........... ........... ...........

မတူညီခြင်း​တွေကို
ထပ်​တူညီ​စေဖို့
ကျောင်းမှ သင်​ခဲ့တဲ့ သီအိုရီ ​တွေက
ခုချိန်​မှာ သုံးမရဖြစ်​​နေတယ်​ julia

အရာရာ ခြားနားလည်း
အချစ်​​တော့ တူမှာပါတဲ့
အဆို​တော်​ ဂျီလတ်​ သီချင်းလို​ပေါ့
ဝေးကွာခြင်းက ငါ့ချစ်​ခြင်း​တွေကို
မ​အေးခဲ ​စေနိုင်​ပါဘူး julia

မင်းအတွက်​ဆို
ငါ့ဘဝကို
ဝုန်းခနဲဖြစ်​ဖြစ်​ တ​ငွေ့​ငွေ့​လေးဖြစ်​ဖြစ်​ 
မင်း စိတ်​ကြိုက်
မင်း ​နွေး​ထွေးဖို့
လောင်​ကျွမ်းပစ်​လိုက်​ချင်​သူ ပါ julia

အိပ်​မက်​ဆိုတာ
မျက်​စိနဲ့ မြင်​မက်​တာမှ မဟုတ်​တာ
နှလုံးသား(စိတ်​)နဲ့ မြင်​မက်​ရတာ​လေ
ငါ့နှလုံးသားမှာ
ခန်းလုံးပြည့်​ ​နေရာယူထားသူဟာ မင်းပါ julia
(ငါ့ အိပ်​မက်​ဟာ မင်းပဲ julia)

မင်း ခလုတ်​တိုက်​မှာစိုးလို့
ငါ့ သတိရခြင်း​တွေကို
ရင်​နာနာနဲ့ မျိုသိပ်​ထားတယ်
ဒါနဲ့ပဲ အလွမ်း​တွေ ခုန်​​ပေါက်​မြူးထူးကြလွန်းလို့
ငါ့ည​တွေ အအိပ်​ခက်​တယ်​ julia
( အဲ့ အလွမ်း​တွေက သိပ်​ဆူညံလွန်းတယ်​)

ငါ့မှာ မင်းကို ပြုစားဖို့
ဂါထာ အင်းအိုင်​ ​တွေ မရှိဘူး
သိပ်​ စွပ်​စွဲချင်​ရင်​​တော့
ရိုးရှင်းတဲ့ အဖြူ​ရောင်​ ချစ်​ခြင်း​တွေကိုပဲ
လက်​နက်​လို့ ယူဆလိုက်​ပါ​တော့ julia

အဲ့လက်​နက်​က ပစ်​လိုက်​တိုင်း 
သေ​စေနိုင်​​လောက်​တဲ့ ယမ်းကျည်​ဆံ​တွေ အစား
အကြင်​နာ​တွေကြည့်​ ထွက်​ထွက်​ လာတာကလည်း တဒုက္ခပဲ julia

ငါ ဘာကိုမှ
မသိမ်းပိုက်​ထားဘူး
အဲ့​ကြောင့်​ပဲ
ငါ့ ချစ်​ခြင်း​တွေက
မင်းဆီကို အ​ပြေးက​လေးသွား​နေတာ​ပေါ့ julia

ခဏတာပဲ ဖြစ်​ဖြစ်
တစ်​ဘဝစာလုံး ဖြစ်​ဖြစ်
မင်းခိုနားနိုင်​တယ်
ပြန်​ချင်​တယ်​ဆိုလည်း ပြန်​သွားနိုင်​တယ်​ julia

မင်းနဲ့ ပတ်​သက်​တဲ့
ငါ့ ချစ်​ခြင်း ငါ့ ခံစားချက်​​တွေက
ပူ​လောင်​ရမယ့်​ အစား
ငြိမ်းချမ်း​နေတာလည်း ခက်​တယ်​ julia

တခုပဲ
မင်း ငါ့ကို ထားသွားခဲ့မယ်​ဆို
ဘယ်​ဖက်​ရင်​အုံက ပြသာနာ​ကောင်​ရဲ့ ပါးကို
ခပ်​နာနာ​လေး ရိုက်​သွားလိုက်​စမ်းပါ julia

ခက်​တာက
အဲ့ ပြသာနာ​ကောင်​က
ကျန်​ပါးတစ်​ဖက်​ကို ထိုး​ပေး​နေဦးမှာပဲ julia

သိဟ် (သုတ)

IMG_20170825_231016_processed.jpg

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

(julia= နာမ်​စားတခု ဖြစ်​သည်​။ သို့​သော်​ သက်​ရှိနာမ်​စား ဖြစ်​သည်​။)

2016 February လ အတွင်းက ရေးဖွဲ့ခဲ့သော ကဗျာ တပုဒ် ဖြစ်၏။ Julia နာမည်ဖြင့် ကဗျာ (၃) ပုဒ် ရေး ဖြစ်၏။ ယခု တပုဒ်သည် ဒုတိယ တပုဒ် ဖြစ်၏။ (၂) နှစ်ပြည့် အမှတ်တရ အဖြစ် ပြန်လည် ဖော်ပြ အပ်ပါသည်။

Don Jaun

MSC 31

Sort:  

Julia is my name
တူနေတယ် အကိုဒွန်ရဲ့တယောက်နဲ့

အမ်
Sophia တုန်းက သက်လျာ
ခု
Julia က ပြည့် ....
အံ့ရော အံ့ရော ... အေ
😊

ဟားး ဟုတ်တယ်လေ ကျန်သေးတယ် မောင်မောင်လေးက Martin

အေးပါကွာ ...
သူ့နာမည်တော့ ရှောင်ပြီး ရေးပေးပါ့မယ်။
မထူးပါဘူးကွာ ....
ခဏနေ သူ့ကြမှ ကျန်ခဲ့တယ် ဖြစ်နေဦးမယ်။
Martin ... လေး ရေးမယ်ကွာ။

ကြည့်နာမည်က julisophi တဲ့ ဟီး😂😂😋

ဟားး မမကြည် မနောက်ရဘူးလေ

နာမည် ၂ ခု ပေါင်း ခေါ်ကြည့်တာ တမျိုးကြီး ရယ် .
..
😂

လူပျိုကြီးဖြစ်တော့မှာဘဲ😂

ဖြစ်နေပြီပဲကို

အို တောင်းဆု ပြုလိုက်ပါရစေ အကိုဒွန်
julia နဲ့ ပြန်ဆုံတွေ့ပြီး ခလုပ်တိုက်လို့
အဆင်ပြေပါစေ
ကိုဒွန် ရုန်းမရတဲ့ ကြိုးလေးတစ်ခုနဲ့ဖြစ်ဖြစ်ပေါ့
ဥပမာ ရှင်နဲ့ရလာတာ ။

ငှယ့် ရုန်းမရတဲ့ကြိုးနဲ့တောင် ကပ်တွေ့နေသေးတယ်။

ပါးတစ်​စုံကို​တော့..ချမ်းသာ​ပေးပါ.julia

မရိုက်ပဲ အာဘွား ပေးမလို့ ဆိုရင်ကော ကွာ။

နှလုံးသားရှိသူတိုင်း ခံစားတတ်ကြသည်

Julia ရေ ၃ကိုမျှော်လင်လျှက်🤗🤗🤗🤗

Okay!
Coming Soon.

အို julia လေးရယ်။

အို ....
Ko Shwe ရယ်

လက်လှမ်းမိသလောက် vote သွားတယ်အကိုရေ sorry

ရပါတယ် sophia.
ကျေးဇူး အထူးပါ။
😂

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63435.26
ETH 1684.80
USDT 1.00
SBD 0.41