Happy Memo
ဒီနေ့ ကျနော်တို့ သူငယ်ချင်းများ အလှူ သွားလုပ်ကြ၏။ မနေ့က ပြောထားသည့် ခရစ်ယာန် ဘာသာ မသန်စွမ်းနှင့် မိဘမဲ့ ကလေးများ ဂေဟာမှာ ဖြစ်၏။ လူမှုဝန်ထမ်း အသိအမှတ်အပြု (ဒုတိယ အဆင့်) ဖြစ်၏။ မိဘမဲ့ကလေးများ နှင့် မသန်စွမ်းများ ဆိုပေမယ့် လူကြီး၊ သက်ကြီး ရွယ်အိုများလည်း ရှိ၏။ သို့ပေမယ့် မသန်စွမ်း ကလေးငယ်များကတော့ ပိုများ၏။ တချို့ ကလေးငယ်များကတော့ ကျောင်းနေကြ၏။ ထို ဂေဟာနှင့် မနီးမဝေးတွင် အစိုးရ စာသင်ကျောင်းများ ရှိ၏။
ဂေဟာ၌ စုစုပေါင်း လူ (၁၄၀) လောက် ရှိသည် ဆို၏။ ဆိုခဲ့ပြီးသည့် အတိုင်း အရွယ်စုံ အသက်စုံ ဖြစ်၏။ မိဘမဲ့များ၊ မသန်စွမ်းများ၊ သက်ကြီး ရွယ်အိုများ ဖြစ်ကြ၏။ သူ့အဆောင်နှင့်သူ သပ်သပ်ရပ်ရပ် ခွဲထားပေး၏။ အဆောင် တခုစီ အလိုက် သက်ဆိုင်ရာ အဆောင်မှူး၊ ကြီးကြပ်များ ရှိကြ၏။ တယောက်တလှည့် ကူညီခြင်း၊ စောင့်ရှောက်ခြင်းဖြင့် ဖြတ်သန်းကြ၏။ လမ်းလျှောက်နိုင်သူကို အခြား လမ်းသွားနိုင်သည့် သူများက wheel chair တွန်းပေးခြင်း၊ မျက်စိ သိပ်မမြင်သူများကို လမ်းလျှောက်၊ လမ်းပြ ကူပေးခြင်း၊ အစာစားချိန်၌ အရိုးများ ထွင်၊ နွှာပေးခြင်းများ ပြုလုပ်ပေး၏။
ကျောင်းသွားတတ်သည့် ကလေးများကိုလည်း ဂေဟာမှ အခြားသူများက နေ့လည်စာ သွားရောက် ပို့ဆောင်ပေးခြင်းများ ပြုကြ၏။ လူများပေမယ့် ဂေဟာလေးက သူ့ဟာနှင့်သူ စနစ်တကျ လည်ပတ်နေ၏။ ထိန်းသိမ်းထားပုံလေးက ကောင်း၏။ တယောက်နှင့် တယောက် ဖေးမပြီး စောင့်ရှောက်ကြသလို၊ လုပ်စရာ အလုပ်များကိုလည်း ကိုယ်စီ တာဝန်ခွဲဝေယူပြီး လုပ်ဆောင်ကြ၏။ မိမိ နိုင်သည့် တာဝန် မိမိ ယူပေါ့။ ဂေဟာမှာ တွေ့မြင်ရသည့် လူတိုင်းနီးပါး အပြုံးလေးတွေနှင့် ဖော်ရွေကြ၏။ စိတ်ပျက် အားငယ်ချင်း၊ ၀မ်းနည်းခြင်း ပုံရိပ်များ လုံးဝ မတွေ့ ရပေ။ ထိုအချက်က ကောင်းသည့် အချက် ဖြစ်၏။ မိမိ ဘ၀ကို စိတ်ပျက် အားငယ်နေစရာ မလိုဘဲ အကောင်းဆုံး ရှေ့ဆက်မည် ဆိုသည့် အတွေးများ၊ သဘောများ ပြည့်ဝနေကြပြီး ဖြစ်၏။
Cygnus FC
ကျနော်တို့ သူငယ်ချင်း တစုလည်း နေ့လည်စာ စားချိန် (ထို ဂေဟာ၏ နေ့လည်စာ ကျွေးချိန်) လောက်ကို ချိန်ပြီး သွားလိုက်ကြ၏။ သူတို့ ထမင်းကျွေးချိန်က မနက် (၁၁) နာရီ ဖြစ်၏။ မနက်ခင်း အစောတုန်းကတော့ သူငယ်ချင်း တယောက်၏ ဆိုင်ဖွင့်ခြင်း (၃) နှစ်ပြည့်ပွဲမှာ သွားရောက် စားသောက်ကြပြီး ဂေဟာ သွားမည့် အချိန်ကို တပါတည်း ညှိလိုက်ကြခြင်း ဖြစ်၏။ ကျနော်တို့က ဒီအတိုင်း သွားကြည့်ရုံသာ၊ ဘာမှ လုပ်ကူစရာ မလိုပေ။ သူ့ဟာနှင့်သူ၊ သူ့အစီအစဉ်နှင့်သူ အားလုံး လုပ်ပြီးသား စီစဉ်ပြီးသား ဖြစ်၏။ သူတို့ ထမင်းသုံးဆောင်ကြသည်ကို လိုက်လံ ကြည့်ရှုပြီး သာဓုခေါ်၊ ပီတိ ဖြစ်ပြီး ကုသိုလ်ယူဖို့သာ ရှိ၏။
အလှူငွေ (နေ့လည်စာ) (၂) သိန်း ပေးခဲ့၊ ထည့်ဝင်ခဲ့ပြီးနောက် ပိုနေသေးသည့် (၁၅၀၀၀) ကို စာရေးကိရိယာများ ရသလောက် ၀ယ်လိုက်၏။ အစကနဦးက ထိုပိုနေသည့် ငွေများနှင့် သရက်သီး ၀ယ်မည်ဟု တွေးထားသော်လည်း မ၀ယ်ဖြစ်လိုက်ပေ။ ထို့ပြင် အဖွဲ့ထဲမှာ အကို တယောက်ကလည်း wheel chair တခု လှူသေး၏။ ထို့ကြောင့် ကျနော်တို့ အလှူလေးသည် သူ့ဟာနှင့်သူတော့ ပြည့်စုံသလိုလေး ဖြစ်သွား၏။ သိပ်အများကြီး မဟုတ်သော်လည်း မိမိတို့ နိုင်သလောက်လေးပေါ့။ အားလုံး ပြီးစီးသွားပြီးနောက် ကျနော်တို့လည်း ပြန်လာခဲ့ကြ၏။ ထုတ်ဖော် မပြောကြပေမယ့် အားလုံး၏ ရင်ထဲတွင်တော့ နောက်တခါ၊ နောက်တခေါက် လာရောက်လှူဒါန်းဦးမည်ဟု တွေးနေမည်မှာ အသေအချာပင်။ ပုံများ မရိုက်ထားသဖြင့် မတင်ပေးနိုင်သည်ကို နားလည်ပေးကြပါ။
Don Jaun
MSC 31
အလှူတခု အောင်မြင်ခဲ့ပြန်ပေါ့။ သာဓု ခေါ်ပါတယ်။
ဟုတ် အကို
သာဓုခေါ်ပါတယ်ဗျာ ကြည်နူးစရာအလှူဒါနလေးပ