DonationsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

မနက်ဖြန် ခရစ်ယာန် မိဘမဲ့ ကလေးများ ကျောင်းမှာ အလှူသွားလုပ်ကြမည် ဖြစ်၏။ Futsal ကွင်းမှ မဲဖောက်ပေးသည့် ဆိုင်ကယ်ကို ရောင်းပြီး အသီးသီး ကိုယ်စီ ဝေစု ခွဲဝေမယူခင် ကတည်းက အလှူလုပ်ဖို့ကို အားလုံးက တွေးထားပြီးသား။ ထို့ကြောင့် ဝေစု ခွဲကတည်းက ဂျာစီဖိုးနှင့် အလှူလုပ်ဖို့အတွက် သတ်သတ်ဖယ်ထားလိုက်၏။ ဂျာစီဖိုးက (၁၅၀၀၀) နှင့် အလှူ လုပ်ဖို့က (၁၀၀၀၀) ဆိုပြီး ခွဲစုထားလိုက်၏။ လူက (၁၅) ယောက်ဆိုတော့ အလှူ လုပ်ဖို့အတွက် (၁၅၀၀၀၀) လောက်ရ၏။ ထို ရသည့် ငွေလေးနှင့် ဘာလုပ်လို့ ရမလဲဆိုပြီး စဉ်းစားမိ၏။ သရေစာမုန့် လောက်ပဲ ရမယ်ထင်တယ်ဟု တွေးမိ၏။

သို့နှင့် ထို မိဘမဲ့ကလေးကျောင်းမှာ မကြာခဏ အလှူ လုပ်လေ့ ရှိသည့် ညီမလေး တယောက်ကို လှမ်းမေးကြည့်ရ၏။ သူမက မေးပြီး အကြောင်း ပြန်ပေး၏။ ထမင်းကျွေးလျှင် (၂) သိန်းလောက်ဆိုလျှင် ရပြီ ဆို၏။ နေ့လည်စာကိုပေါ့။ ကြက်သားနှင့်ဆို (၁၈၀၀၀၀)၊ အမဲသားနှင့် ဆိုလျှင် (၂၂၀၀၀၀) လောက် ကြမည် ဆို၏။ အမဲသားနှင့် ကျွေးမလား၊ ကြက်သားနှင့် ကျွေးမလားဆိုသည်ကို မဲခွဲကြတော့ အများစုက ကြက်သားနှင့်သာ ကျွေးဖို့ ရွေးကြ၏။ သို့နှင့် ကြက်သားနှင့် ကျွေးဖို့ လုပ်လိုက်၏။

အလှူရှင်များက ချက်ပေးစရာမလိုပေ။ ဒီအတိုင်း အလှူငွေ ပေးလိုက်ရုံသာ။ သူတို့ကိုယ်တိုင် ချက်ကြ၏။ ကုန်ကျမည့် ငွေနှင့် လက်ထဲ ရှိသည့် ငွေက မကိုက်၊ မလောက်ဘူး ဖြစ်နေ၏။ စုံစမ်းပေးသည့် ညီမလေးက သူလည်း အလှူငွေ ထည့်ဦးမည် ဆို၏။ သို့နှင့် အခြားလူများကော လှူကြဦးမလားဟု ဆော်သြကြည့်၏။ ကျနော့် အိမ်က (၁၅၀၀၀) ခွဲ ထည့်မည် ဆို၏။ သူငယ်ချင်း တယောက်က (၁၀၀၀၀)၊ အလှူနှင့် ပတ်သက်ပြီး မေးမြန်းပေးသည့် ညီမလေးက (၃၀၀၀၀) နှင့် ဘောလုံးကန် နေကြအဖွဲ့ထဲမှ သူငယ်ချင်း တယောက်က (၁၀၀၀၀) ထည့်ဝင်ကြ၏။

received_1065167990537539.jpeg

သို့နှင့် စုစုပေါင်း အလှူငွေ (၂၁၅၀၀၀) ကျပ်ရရှိသွား၏။ သို့နှင့် မနေ့က ထို မိဘမဲ့ကျောင်းကို သွားကြည့်လိုက်၏။ အလှူငွေပေးဖို့ပေါ့။ ကနဦးက Sunday မှာ ကျွေးဖို့ ပြင်ထားပေမယ့် ဘုရားရှိခိုး ရှိနေခြင်း အပြင် အခြား အစီအစဉ်များပါ ရှိနေသဖြင့် Monday နေ့လည်စာ ကျွေးဖို့ ရက်ရွှေ့လိုက်ရ၏။ ထို့ပြင် ကြက်သားဈေးက တက်သွားသဖြင့် ယခင် ပြောထားသည့် (၁၈၀၀၀၀) နှင့် မရတော့ဘဲ (၂၀၀၀၀၀) ကျသင့်မည် ဆို၏။ တော်သေး၏ ကျနော်တို့ အလှူငွေ ပိုပြီး စုထားလိုက်လို့။

သို့နှင့် အလှူငွေကို တာဝန်ရှိသူ လက်ထဲ အပ်ခဲ့ပြီး နေ့လည်စာ ကျွေးမည့် Monday မှ သွားကြဖို့ တိုင်ပင် သတိပေးထားလိုက်၏။ ပိုတဲ့ ငွေလေးနှင့် သရက်သီးလေး ဘာလေး ၀ယ်သွားပြီး အချိုပွဲလေး အနေနှင့် ဖြည့်ပေးဖို့လည်း တွေးထားလိုက်၏။ ရာသီစာ မလား၊ ဒီလိုလေး ဆိုလျှင်တော့ အဆင်ပြေမည် ထင်၏။ ကိုယ် တက်နိုင်သလောက်လေး ဆိုပေမယ့် တော်တော်လေး ပြည့်စုံသွားသည်ဟုတော့ ခံစားမိ၏။ နက်ဖြန်တော့ အလှူလုပ်မည့် နေရာလေးကို သွားကြည့်ပြီး ပီတိ ခံစားရပေဦးမည်။ ပုံရိုက်တင် ဖြစ်မည် မဟုတ်ကြောင်း ကြိုတင် ပြောကြားထားလိုပါ၏။ ကလေးများ၏ အခွင့်အရေးကို နားလည် ကိုယ်ချင်းစာသည့် အနေနှင့် သူတို့နှင့် ပတ်သက်သည့် ပုံလေးများကို ရိုက်ယူလာမည် မဟုတ်ကြောင်းနှင့် ကျနော်တို့၏ တနိုင်တပိုင် အလှူလေးကို သာဓုခေါ်နိုင်ရန် ရေးသားလိုက်ရပါသည်။

Don Jaun

MSC 31

Sort:  

လှူလေ ရလေ
လှူလေ ရှိလေ

Posted using Partiko Android

သာဓု သာဓု သာဓု ခေါ်ပါတယ် ကိုဒွန်

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

အလှူဆို စိတ်ဝင်စားတယ်။ နောက် post ကို မျှော်ပြီလေ...

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62904.22
ETH 2571.38
USDT 1.00
SBD 2.76