Dog Story (Chapter 1)

in #myanmar8 years ago

FB_IMG_1527335451652.jpg

ကျနော်တို့ နေသည့် ၀န်ထမ်းအိမ်ယာ ၀န်းထဲ၌ ခွေးများ ရှိ၏။ ယခုအခါ ယခင်ကထက် ခွေးကောင်ရေများလာပြီ ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ခွေးမ (၃) ကောင်ကနေ ခွေးကလေးများ ထပ်ပေါက်လာကြသောကြောင့် ဖြစ်၏။ အနှီခွေးကလေးများသည် လသား အရွယ်ပင် ရှိနေပြီ ဖြစ်၏။ ကျနော်တို့ အိမ်မှ မွေးထားသည့် ခွေးများ တကောင်မှ မပါပေ။ အခြားသူများ မွေးထားတာလား ဆိုတော့လည်း ပြောရခက် ပြန်၏။ ယခင်က ခွေးတွေမွေးခဲ့သည့် ၀န်ထမ်းက အခြားဒေသသို့ အပြောင်းအရွှေ့နှင့် ပြောင်းသွားသဖြင့် သူမွေးခဲ့သည့် ခွေးများ ကျန်ခဲ့ခြင်း ဖြစ်၏။ သို့သော် တကယ့်တကယ် သူမွေးခဲ့သည့် ခွေးမျိုးဆက်များထဲမှ ကျန်ရစ်ခဲ့သည်မှာ တကောင်သာ ဖြစ်၏။ ကျန်ခွေးများသည် ဘယ်နားက ဘယ်လို ရောက်လာမှန်း မသိပေ။

ကျန်ခွေးများဆိုသည်ထက် ပထမဆုံး ရောက်လာသည်က ခွေးမ တကောင် ဖြစ်၏။ မည်သို့မှ မောင်းထုတ် မရပေ။ ကုတ်ကပ်ပြီး နေ၏။ တွေ့လို့ ခြောက်လှန့်လျှင်တော့ ထွက်ပြေး၏။ သို့သော် တအောင့်နေ ပြန်ပြန်ရောက်လာလေ့ ရှိ၏။ သို့နှင့် နေပါစေတော့ ဆိုပြီး ထားထားလိုက်၏။ သူ့ရာသီချိန်ရောက်တော့ ရပ်ကွက်ထဲက တခြားခွေးများနှင့် ထိတွေ့ပြီး ခွေးကလေးများ ထပ်မွေး၏။ ကျနော်တို့ ၀န်းထဲက ခွေးနှင့် မဟုတ်ပေ။ ထိုခွေးမ မွေးသည့် ခွေးများထဲမှ အထီးတကောင်နှင့် အမ (၂) ကောင် အဖတ်တင်၏။ ထိုခွေးမ မွေးပြီးနောက် ၀န်းထဲသို့ နောက်ထပ် ခွေးတကောင် ရောက်လာသေး၏။ အလွန်မှပဲ ပိန်လှီဖျော့တော့ နေသောခွေး ဖြစ်၏။ ထိုခွေးသည်လည်း ကနဦးက ခွေးမလိုပင် မည်သို့ပင် မောင်းထုတ်၊ မောင်းထုတ် လုံးဝ ထွက်မသွားပေ။ သို့နှင့် ထိုခွေးကိုလည်း ရှိစေတော့ ဆိုပြီး ထားလိုက်ရ၏။ တ၀န်းလုံးက တညီတညွတ်ထဲ ထိုခွေးကို ငပိန်ဟု ခေါ်ကြ၏။

P81017-121734.jpg

သို့နှင့် ၀န်းထဲတွင် မူလခွေးက တကောင်၊ ကျူးကျော်ခွေးက (၂) ကောင်၊ ကျူးခွေး ခွေးမက မွေးသည့် ခွေးက (၃) ကောင် စုစုပေါင်း (၆) ကောင် ဖြစ်၏။ ခြံလုံ၊ ၀န်းလုံတာပေါ့ဟု တချို့က ထင်မည်။ လုံတော့လုံပါ၏။ ထိုခွေးတို့၏ အထှာများကို မသိသေးသူအဖို့တော့ လန့်ကြပေလိမ့်မည်။ ခွေး (၆) ကောင်တောင် ဆိုတော့လေ။ တကယ့်တကယ်က ထိုသို့ မဟုတ်။ လုံသည့် အလုံက ကြောက်ဖို့ ကောင်းသည်။ ညရေးညတာ ၀န်းထဲက လူများ သန့်စင်ခန်းသို့ သွားသွားလာလာ လုပ်လျှင်တောင် ဟောင်၏။ ဟောင့်ကောင်တွေဆိုပြီး အသံပေးပြီး မန်လိုက်လှ အဟောင်ရပ်၏။ ဒါတောင် နည်းနည်းလေးတော့ ဆက်ဟောင်သေး၏။

ဤမျှ မှတ်ဥာဏ်ကောင်းသော၊ တာဝန်ကျေသော ခွေးများ ဖြစ်ကြ၏။ သူစိမ်း၊ သူကျက် မခွဲပေ။ ညညဆိုလျှင်လည်း စိတ်ပျက်ဖို့ကောင်းအောင် အူကြသေး၏။ အမှန်တာ့ ဟောင်ခြင်း ဖြစ်၏။ သို့သော် ဟောင်ခြင်း နည်းပသေကို သိနားလည်သည့် ခွေးတို့ မဟုတ်ရကား မအောင်တတ်ပဲ အူသာအူကြ၏။ တော်သလင်းလလိုမျိုးဆိုလျှင် သာပြီး ဆိုး၏။ ညဥ့်နက်သန်းခေါင် တညီတညွှတ်ထဲ ထထအူသဖြင့် ကျနော်တို့မှ အိပ်ရေးပျက်ကြရတော့၏။ ခွေးတအုပ်က ပေးသည့် ဒုက္ခက မသေးပေ။ ထိုကဲ့သို့သော အခါမျိုးများတွင် အနှီခွေးများ၏ ပါးစပ်ကို တိပ်ကပ်ပြီး ကြိုးနှင့် ချည်ထားပစ်ချင်၏။ ရာသီချိန်ကြောင့် ၀န်းထဲမှာ အခြားခွေးများနှင့် တရုန်းရုန်း ဆူညံချိန်များဆိုလျှင် အနှီခွေးတအုပ်လုံးကို ခဲနှင့်ထု၊ ရေနှင့် ပတ်ရသည်မှ အမေ၊ ညည ထိုခွေးများကြောင့် အိပ်ရေးပျက်ရပေါင်းလည်း များခဲ့၏။ တခါတလေကျ ထိုခွေးတအုပ်လုံးကို ဖမ်းပြီး တောထဲသို့ သွားပစ်ချင်၏။

P81016-164223.jpg

ကျနော်သည် ငယ်ငယ်လေးကတည်းက ယခုအချိန်ထိ မည်သည့် အိမ်မွေး တိရိစ္ဆာန်မှ မမွေးဖူးပေ။ အမေတို့ကတော့ ခွေးကလေး ကြောင်ကလေးများ ခဏတဖြုတ် မွေးလိုက်ကြသေး၏။ လပိုင်းလောက်နှင့်ပင် တခြားအိမ် သို့မဟုတ် ဘုန်းကြီးကျောင်းသို့ ပေးပစ်လိုက်၏။ ဘာမှ မမွေးဖူးပေမယ့် ရွှေငါး၊ အလှမွေးငါး လပိုင်းလောက်ထိ မွေးဖူးလိုက်၏။ ခင်မင်သည့် သူငယ်ချင်း (၃)၊ (၄) လလောက် ရန်ကုန်မှာ သွားနေရမည် ဖြစ်သဖြင့် သူမွေးထားသည့် ငါးများကို ခဏစောင့်ရှောက်ပေးရခြင်း ဖြစ်၏။ ငါးစာကျွေး၊ ရေလှယ်နှင့် တော်တော် အလုပ်ရှုပ်၏။ ကျနော်သည် သတ္တ၀ါ တိရိစ္ဆာန်လေးတွေကို မမုန်းပါ။ သို့သော် ချစ်လည်း မချစ်ပါ။ အလုပ်ရှုပ်သောကြောင့် ဖြစ်၏။ ထို့ပြင် သံယောဇဉ်တွယ်လွယ်သော၊ သံယောဇဉ်ကြီးသော မိမိအကြောင်းကို မိမိ သိသောကြောင့်လည်း ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

The most intelligent dogs are reportedly the Border Collie and the Poodle, while the least intelligent dogs are the Afghan Hound and the Basenji.

‌စောင့်‌‌နေပါတယ်‌ဗျာ။

ဟုတ်

အားကိုးရပြီး အိမ်လုံတဲ့ခွေးမျိုးတွေလည်းရှိတတ်ပါတယ်။တစ်ချို့ခွေးတွေကြတော့လည်း အအိပ်အစားသက်သက်ပဲလေ။ဆက်အားပေးမယ်အစ်ကို။

ဟုတ်ကဲ့ဗျ။

ကိုယ်အိမ်နဲ့ကိုယ်ဆိုရင်စည်းကမ်းရှိရှိမွေးရင်ခွေးက အကျိုးပြုပါတယ်

Posted using Partiko Android

ဟုတ်တော့လည်း ဟုတ်ပါတယ်။
ဒါပေမယ့် အဲ့ကျူးခွေးရဲ့ ဗီဇ အခံကကို မကောင်းတာ ဦးမင်းရဲ့

အဲလိုခွေးလည်းကြုံခဲ့ဖူးတယ်၊အစာကျွေးတဲ့လက်တောင်ကိုက်တဲ့ခွေး၊ အစာခွက်ထပ်ဖြည့်ဖို့ကိုင်တာတောင်မရတဲ့ခွေးရှိတယ်

Posted using Partiko Android

ဟယ် ဆာဒွန် ခွေးမ သုံးကောင်က ကလေးတွေအများဂျီး ဘူနဲ့ ရတာလား ဟင် ☺

ဗုဒ္ဓေါ ... ခွေးတွေပေါ့ ကိုစိုးရယ် 😂

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 61674.69
ETH 1647.32
USDT 1.00
SBD 0.42