Choice (Chapter 1)

in #myanmar6 years ago

ge98xhautm.jpg

ခုတလော ရောဂါ တခု ထနေ၏။ အခြား မဟုတ် phone အသစ် လိုချင်သည့် ရောဂါ ဖြစ်၏။ ယခု phone လေးကို ကိုင်ပြီး သုံးလာခဲ့သည်မှာလည်း အတော်လေး ကြာလာခဲ့ပြီကိုး။ phone က မကောင်းတော့လို့လား မသွက်တော့လို့လား ဆိုတော့လည်း မဟုတ်ပေ။ အကုန်လုံး ကောင်းနေသေး၏။ camera နှင့် battery က လွဲလျှင်ပေါ့။ ယခင် တုန်းက ထုတ်ထားသည့် Phone ဖြစ်သဖြင့် camera က တလုံးပဲ ပါ၏။ ယခု ခေတ် အနေအထားနှင့် ဆိုလျှင် date out နေပြီဟု ပြောလို့ ရ၏။ Battery ကလည်း ထိုနည်း လည်းကောင်းပင်။

တကယ်တမ်း battery (3000) က သိပ်အနည်းကြီးတော့ မဟုတ်ပေ။ သို့ပေမယ့် များလည်း မများပေ။ daily use မှာ နည်းနည်းတော့ စကားပြော၏။ ဂိမ်းမဆော့လျှင် သိပ်မသိသာပေမယ့် ဂိမ်းဆော့က တော်တော်လေး သိသာ၏။ ကျနော်က ML ဆော့သများဆိုသမားဆိုတော့ battery က မခံပေ။ ယခင် flyme 7 မှာတုန်းက သိပ်မသိသာပေမယ့် ယခု flyme 8 မှာတော့ battery ဆင်းတာ မြန်နေ၏။ ထိုအကြောင်းကိုလည်း ပိုစ့်ရေးထားခဲ့ဖူး၏။ ထို့ကြောင့် ဂိမ်းဆော့လိုက power bank နှင့် တွဲတွဲပြီး ကစားမှ အဆင်ပြေ၏။ ဒါတောင် ကျနောက်က ဂိမ်းအကြာကြီး ဆော့လေ့ ရှိသူ မဟုတ်ပေ။

ထို့ကြောင့် အားက မကြာမကြာ ပြန်သွင်းနေရ၏။ photo ရိုက်ဖို့လည်း အလယ်အလတ်အဆင့်လောက် camera လေးပါလျှင်တော့ ပိုပြီး အဆင်ပြေသည် မဟုတ်လား။ ယခု camera က သိပ်မဆိုးလှဘူးဆိုပေမယ့် တလုံးထဲဆိုတော့ သိပ်ပြီး အားမရလှပေ။ သူများတွေလို ပုံလန်းလန်းတွေ ရိုက်ပြီး ကြွားချင်သေးသည်ကိုး။ ထို့ကြောင့် battery များ၊ camera မဆိုးလှသည့် phone လေး တလုံးတော့ လိုချင်မိ၏။ သို့နှင့် phone တွေကို လိုက်လံ ရှာဖွေ စပ်စုရပြန်တော့၏။ ထိုနေရာမှ အခက်တွေ့ရတော့၏။ အခြား မဟုတ်၊ ရွေးချယ်စရာတွေက များနေသည်ကိုး။

ကိုယ်က phone အကြောင်း အတန်ငယ် နည်းလည်ပြီး တီးမိခေါက်မိသူ ဆိုတော့ ပိုပြီး ဆိုး၏။ ဟို phone က ဘယ်နေရာမှာလျော့ပေမယ့် ဘယ်နေရာမှာ သာ၊ ဒီ phone က ဘယ်လိုစွမ်းဆောင်ချက်များနှင့် ဘယ်ဈေး အစရှိသဖြင့် ချိန်ထိုး ချိန်ဆ ကြည့်ရင်း ဗျာတွေ များနေတော့၏။ ရွေးချယ်စရာ များနေခြင်းကလည်း ပြဿနာပင် မဟုတ်လား။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61426.98
ETH 1631.00
USDT 1.00
SBD 0.42