ChampionsteemCreated with Sketch.

in #myanmar7 years ago

FB_IMG_1498534182631.jpg

မိုးမရွာသဖြင့် ဒီနေ့ ရာသီဥတုက ပူပြင်းလွန်းလှ၏။ ပတ်ဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေ၏။ သို့သော် ထိုအခြေအနေတို့ကို အံတုကာ တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့ လူတသိုက် ရောက်ရှိ လာလေ၏။ ရှုလော့ … အဖြူနှင့် နက်ပြာဝတ်များ ဖြစ်၏။(နည်းပညာတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ ဖြစ်၏) ထောင့်မှန် စတုဂံကို ထက်ပိုင်းချိုး၍ ကုန်းပေါ်၌ ငါးဖမ်းရန် အလို့ငှာ ပိုက်များ တပ်ထားသည့် အနှီထောင့်ကျိုးနှစ်ခုကြား ကွင်းပြင်အလယ်၌ အလုံးတလုံးနှင့် အလုပ်ရှုပ်နေသူတို့အား အားပေးခြင်းထက် အပြစ်တင်ရန် ရောက်ရှိလာကြခြင်း ဖြစ်၏။ မေဂျာစုံ ဘောလုံးပြိုင်ပွဲ ကျင်းပနေခြင်း ပါတကား။

အလို ... ရှုလော့ မိတ်ဆွေ။ Manchester United အသင်းကိုမှ အသည်းစွဲကြိုက်လှပါတယ် ဆိုသည့် နေခ တယောက် Manchester City အသင်း Jersy ကို ၀တ်ဆင်ထားပြီး သွေးပူလေ့ကျင့်ခန်း လုပ်နေ၏။ နေခတို့ မေဂျာ အတွက် ဒီနေ့က အဖွင့်ပွဲ ဖြစ်၏။ သမိုင်းကျောင်း မရှိသော၊ လူအင်အား မတောင့်တင်းသော နေခတို့ မေဂျာ အသင်းလေးသည် နှစ်စဉ် နှစ်တိုင်း အဖြည့်ခံအဆင့်ကနေ ကို မတက်ခဲ့။ နိုင်ချင် IT နဲ့ ကန် ဆိုပြီးတော့ကို စာချိုးလေးတောင် တွင်ခဲ့၏။ နေခတို့မေဂျာက သိတဲ့ အတိုင်း ယောက်ျားလေး နည်းတာကိုး။ ရှိတဲ့ မဟာပုရိသတွေကျတော့လည်း Computer အသုံးများနေသည့် မှန်ကြောင်လေးတွေက ခပ်များများ။ ဆိုးရွားလာခဲ့သော သမိုင်းကျောင်းကို ချေဖျက်ဖို့ ဒီနေ့ အဖွင့်ပွဲကို မရှုံးအောင် ကန်မည်ဟု နေခတို့ အသင်းသား အားလုံး ဆုံးဖြတ်ထားကြ၏။ ပွဲစလျင် စခြင်း တဖက်အသင်းက ပြင်းပြင်းထန်ထန် တိုက်စစ်ဆင် ကစား၏။ ထိုအသင်း၏ တိုက်စစ်ဆင် ကစားမှုကို ခုခံရင်းဖြင့် နေခတို့အသင်း သရေတမှတ် ရအောင် ထိန်းချုပ်ကစားနေ၏။ သို့သော် ပထမပိုင်းပြီးခါနီးတွင် တဖက်အသင်းက အဖွင့်ဂိုး တဂိုး စတင် ရရှိသွားတော့၏။ ဒုတိယပိုင်းကို ဆက်လက် ယှဉ်ပြိုင်ကြ၏။ တဖက်အသင်းက တိုက်စစ်ဆင်၊ နေခတို့အသင်းက ခုခံ။

ဒုတိယပိုင်း ပြီးဆုံးဖို့က သိပ်မလိုတော့။ ခုထိ ပွဲ အဖြေက မပြောင်းသေးပေ။ နေခ လူစားလဲ ၀င်လိုက်၏။ ၀င်ဝင်ခြင်း တဖက်ဂိုးစည်းထိပ်၌ ယောင်ယောင်လည်လည်ဖြစ်နေသည့် သူ့ထံသို့ ရောက်လာသော ဘောလုံးအား တစုံတယောက်၏ မျက်နှာကို မြင်ယောင်ကာ တအားကြုံး၍ ကန်ထည့်လိုက်လေတော့၏။ အားပေးသံများ ညံစီသွား၏။ ထိုနေ့က သရေဂိုးနှင့် အနိုင်ဂိုးကို နေခတယောက်တည်းက သွင်းယူသွားပေးခြင်း ဖြစ်၏။ နောက်ပိုင်း ပွဲစဉ်များ၌လည်း နေခ၏ အံဖွယ်သရဲ အစွမ်းပြဂိုးသွင်းယူမှု၊ ဖန်တီးပေးမှုများကြောင့် နေခတို့အသင်းသည် ဆုဖလားကြီးကို သိမ်းပိုက်ရယူသွားတော့၏။ သမိုင်းကျောင်း ပြောင်းပြန်လှန်နိုင်ခဲ့ပေပြီ။ မလှပမှုများ နိဂုံးချုပ်၍ လှပမှု သမိုင်းသစ်များ ရေးထိုးနိုင်ခဲ့ပေပြီ။ နေခကြောင့် နေခတို့ မေဂျာ ဂုဏ်တက်ရပြီ မဟုတ်လော။

image1503579608688.png

အနှီ မေဂျာပေါင်းစုံ ဘောလုံးပွဲသို့ Shan United (ယခင် ကမ္ဘောဇဘောလုံးအသင်း) မှ ကင်းထောက် တဦး လာရောက်ကြည့်ရှုသွား၏။ အနှီပုဂ္ဂိုလ်သည် နေခ၏ ခြေစွမ်းကို သဘောကျသွား၏။ မကြာမီ ကျောင်းပြီး၍ အလုပ်မရှိသေးသော နေခ တယောက် Shan United အသင်းသို့ လူငယ်ကစားသမား တယောက်အဖြစ် ရောက်ရှိသွားတော့၏။ ပင်ကိုယ်အစွမ်းအစ ရှိပြီးသော နေခအဖို့ အသင်းကြီး၌ လျင်လျင်မြန်မြန်ပဲ နေရာ ရသွား၏။ အသင်း၏ မြေတောင် မြှောက်ပေးမှုနှင့် နေခ၏ ကြိုးစားအားထုတ်မှုကြောင့် Myanmar National League ၌ နာမည်ကြီး ကစားသမား တယောက် ဖြစ်လာတော့၏။ မကြာမီ သူ့ခြေစွမ်းကြောင့် လက်ရွေးစင် အသင်း၌ ပါဝင်ကစားရန် ရွေးချယ်ခြင်း ခံရလေ၏။ နေခ ပါဝင်လာမှုသည် မြန်မာ့ လက်ရွေးစင်အသင်းအတွက် သမိုင်းသစ် ရေးထိုးနိုင်ခွင့် ဟုပင် ဆိုရပေမည်။ တွဲဖက် ကစားသမားကောင်း မရှိသောကြောင့် ငြီးညူနေသော အောင်သူ အဖို့ ပျော်ရွှင်ရပြီလေ။ နေခ၊ အောင်သူ၊ သန်းပိုင် တို့၏ အတွဲအဖက်မိမိ အချိတ်အဆက် ကောင်းကောင်းကစားနိုင်မှုသည် မြန်မာအသင်းကို အာရှကျား အဖြစ်သို့ ပြန်လည်ရောက်ရှိစေဖို့ အကြောင်းဖန်လာတော့၏။

ကြည့်လော့ … နေခ၏ ဦးဆောင်မှု၊ အောင်သူ၊ သန်းပိုင်တို့၏ အတွဲညီညီ ကြိုးစားမှုတို့ဖြင့် အာဆီယံဒေသအတွင်း အသင်းများ သာမက၊ အာရှအဆင့် နာမည်ကြီးအသင်းများကို ဖြတ်ကျော်၍ (၂၀၁၈) ရရှား မြေ၌ ကျင်းပမည့် (၂၁) ကြိမ်မြောက် ကမ္ဘာ့ဖလား ၀င်ရောက်ကစားခွင့်ကို ရရှိသွားတော့၏။ ခြေစစ်ပွဲ တလျှောက်၌လည်း နေခတယောက် သူ၏ အကောင်းဆုံး ခြေစွမ်းများကို ပြသနိုင်ခဲ့၏။ (၂၀၁၈) ကမ္ဘာ့ဖလား၌ မြန်မာအသင်းသည် အိမ်ရှင် ရုရှား၊ (၂၀၁၄) ချန်ပီယံ ဂျာမနီ၊ နာမည်ကြီး ပြင်သစ်အသင်းတို့နှင့် Group A တွင် ကျရောက်နေ၏။ မြန်မာအသင်းအတွက် နောက်တဆင့်သည် မည်သို့မျှ မဖြစ်နိုင်ပေ။ သို့သော် မယုံနိုင်စရာပင်။ နေခ၏ အံ့သြဖွယ်ရာ ခြေစွမ်းပြမှု၊ ဖန်တီးပေးပို့မှု၊ ဂိုးသွားယူမှုတို့ကြောင့် မြန်မာအသင်းသည် အိမ်ရှင် ရရှားကို (၁ - ၀)၊ ဂျာမနီနှင့် ဂိုးမရှိ သရေ၊ ပြင်သစ်ကို (၂ - ၀) တို့ဖြင့် အနိုင်ယူကာ (၁၆) သင်း အဆင့်သို့ တက်ရောက်သွားလေတော့၏။ (N,A,T) အတွဲကို ကမ္ဘာကပင် သတိထားမိလာ၏။ သတိထား စောင့်ကြည့်ရမည့် ကစားသမားများအဖြစ်လည်း အလေးပေး ဖော်ပြလာကြ၏။ ထပ်မံ၍ မြန်မာအသင်းသည် ကွာတားနှင့် ဆီမီးဖိုင်နယ် အဆင့်များကို ဖြတ်ကျော်၍ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်သွားလေတော့၏။ အံဖွယ်သရဲပင်။ ဗိုလ်လုပွဲ၌ ဂျာမနီကို ဖြုတ်ချလာသည့် ရေပန်းစားနေသော အင်္ဂလန်အသင်းနှင့် ဆုံလေ၏။

image1503579228285.png

တကမ္ဘာလုံးက နေခနှင့် မြန်မာအသင်းကို စိတ်ဝင်စားလာကြတော့၏။ ဒုတိယ ဂရိ ဟု တင်စား လာကြ၏။ နေခကိုလည်း အလိမ်အလှည့်နှင့် ဂိုးသွင်းစွမ်းရည်တို့ကြောင့် ဇီဒင် (ဇီဒန်း + ရော်နယ်ဒင်ဟို) လက်သစ်၊ ၀ါးလုံးထိုး ဂိုးကန်သွင်းမှုတွေကြောင့် ပေါလ်စခိုး လက်သစ်၊ ပေါက်ကွဲလွယ်သည့် စိတ်ဓါတ်ကြောင့် ရူးနီ လက်သစ်၊ ကောင်းမွန်စွာနဲ့ အသင်းကို ဦးဆောင်နိုင်စွမ်းကြောင့် ရွိုင်ကင်း လက်သစ်၊ ဖြတ်တင်ပေးပို့မှုနှင့် အံဖွယ် ဖရီးကစ်တို့် ကြောင့် ဘက်ခမ်း လက်သစ်၊ တဖက် တိုက်စစ်ကို ဟန့်တား ပိတ်ဆို့ နိုင်သော ကြောင့် ဗီအဲရာ လက်သစ်၊ တိုက်စစ်မှူး ဂိုးသွင်းရန် ဖန်တီးနိုင်မှုနှင့် ကိုယ်တိုင် ဂိုးသွင်းယူနိုင်သည့် ပင်ကိုယ်စွမ်းရည် တို့ကြောင့် ကာကာ လက်သစ် … စသည်စသည်ဖြင့် နှိုင်းယှဉ် ချီးကျူး ကြလေ၏။

အနှီ ဗိုလ်လုပွဲသည် ပရိတ်သတ် အကြိုက် ရသ အပြည့် ပေးနိုင်သည့် ပွဲကောင်းတပွဲ ဖြစ်ခဲ့လေ၏။ မြန်မာအသင်းနှင့် အင်္ဂလန်အသင်းတို့သည် (၈၇) မိနစ်အထိ တဖက် တဂိုးစီနှင့် သရေကျနေ၏။ အင်္ဂလန်အသင်းမှ Rashford ၏ ဦးဆောင်ဂိုးကို နေခမှပင် မြန်မာအသင်းအတွက် ခြေပဂိုး သွင်းယူထားပေးခြင်းဖြစ်၏။ မိနစ် (၉၀) ပြည့်ခါနီးတွင် နေခ တယောက် ဂိုးသမား ဆန်းစက်နိုင် လက်ဖြင့် ပစ်ပေးလိုက်သည့် ဘောလုံးကို တောက်လျှောက်ဆွဲယူလာပြီး အင်္ဂလန်အသင်း၏ ပယ်နယ်တီ ဧရိယာထဲသို့ ထိုးဖောက်ဝင်ရောက်လာလေ၏။ ဆွဲဝင်လာရင်း ပြေးပြေးကန်ကန်ဖြင့် ဂိုးသမား၏ ညာဖက်ထောင့်သို့ ဂိုးသွင်းယူရန် ပြင်လိုက်၏။ ထိုခဏ၌ နောက်မှ အလောသုံးဆယ် လိုက်လာသည့် အင်္ဂလန် နောက်ခံလူ Luke Shaw ၏ ကြမ်းတမ်းစွာ ဖြတ်ထုတ်မှုကြောင့် နေခတယောက် ပစ်လဲကျသွားလေ၏။ မြန်မာ ပရိတ်သတ်တို့ ပျော်ရွှင်၍ အင်္ဂလန် ပရိတ်သတ်တို့ စိတ်ညစ်သွားကြကုန်၏။ သွားပြီ … ဒိုင်လူကြီးက ပယ်နယ်တီ ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ် ပေးလိုက်လေ၏။ မြန်မာ ပရိတ်သတ်တို့ ပျော်ရွှင်ရပေမယ့် တဒင်္ဂ တိတ်ဆိတ်သွားကြ၏။ လဲနေသော နေခ ပြန်မထ လာသေးသောကြောင့် ဖြစ်၏။ ဆေးအဖွဲ့မှ နေခကို ၀ိုင်းဝန်းပြုစုကြ၏။ ကြမ်းတမ်းသော ဖြတ်ထုတ်ပုံကြောင့် နေခ ခဏတဖြုတ်မေ့မျော သွားခြင်းဖြစ်၏။ ပွဲကို ခဏရပ်နားထား၏။ ပယ်နယ်တီ ပြစ်ဒဏ်ကို အသင်းခေါင်းဆောင် နေခကသာ ကန်သွင်းယူရပေမည်။

image1503579961063.png

စပ်ဖျဉ်းဖျဉ်း ခံစားမှုနှင့်အတူ နေခ၏ ပါးတဖက် ပူကနဲ ဖြစ်သွား၏။
“ နေခ၊ .. ဟေ့ရောင် …. နေခ၊ သတိရပြီလား? … မင်းကွာ ကွင်းထဲ ၀င်တာမှ (၅) မိနစ်တောင် မရှိသေးဘူး။ ဘယ်သူမှ ဘာမှ မလုပ်ပဲ၊ ဘာနဲ့မှ မထိခိုက်မိပဲ မူးလဲ ရတယ်လို့ကွာ။ နေပူတယ်ဆိုပေမယ့် သူများတွေတောင် ကန်နိုင်နေတဲ့ ဥစ္စာ။ ”

Author :: Don Jaun

Sort:  

ဂိုးသွားပါပီ ခင်ဗျ

တကယ်ဆို ဂိုးပီးမှ ပြန်သတိရသင့်တာ။အင်္ဂလန်ကို သွင်းဖူးတယ်ရှိသွားတာပေါ့။ :D

အားပေးနေတယ် အဆက်ကလေး

ထလော့ မြန်မာ
မြန်မာ ထလော့

Manchester United soccer player also need over time for your post... ha ha ha

Yeah bro 😜

ဂိုးးးး ငါပဲ ကန်လိုက်ပီ ပွဲပီးသွားပါပီ က်ုနေခ ကန်ရန်ဘောလုံးအား ကျနော်ကိုယ်စားကန်လိုက်ပါသည်။

ရဘူး ရဘူး captain ပဲ ကန်မှာ
😜

ဟောတော် ဘောပွဲ ကြည့် ရင်း မီးပျက်သွားတာလား

မီးက အစကတည်းကကို မလာတာ 😜

တကယ်ကြီးလားလို့ ဖတ်လိုက်ရတာ။ နောက်ဆုံးမှ......

ရယ်သောသူ အသက်ရှည် ၏။
😝

beeepppp beeep my buddy

beep my friend

Congratulations @donjaun! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65546.28
ETH 2666.01
USDT 1.00
SBD 2.90