Bye Bye
တွေ့ဆုံ ကြုံကွဲသည် ဖြစ်မြဲ သဘောတရား တခုသာ ဖြစ်၏။ တွေ့ဆုံခြင်း၏ နောက်ကွယ်၌ ခွဲခွာခြင်းသည် တပါတည်း ကပ်၍ ပါလာပြီးသား။ အချိန်ကာလ အပိုင်းအခြားပေါ်မှာသာ မူတည်၏။ ခဏနှင့် ခွဲရသလို ထိုက်သင့်သလောက် ကာလ တခုစာလောက်တွေ့ဆုံခွင့် ရမည်။ မည်သို့ ဆိုစေ အချိန်တန်လျှင်တော့ ခွဲခွာရသည် သာ။ နှုတ်ဆက်ခြင်းသည် တွေ့ဆုံခြင်း၏ အစ ဖြစ်သလို ခွဲခွာခြင်း၏ အစလည်း ဖြစ်နိုင်သည် မဟုတ်လား။
ထားပါလေ။ ဘ၀နှင့် ချီသည့် လေးနက်မှု အစား ပေါ့ပေါ့ပါးပါးလေးပဲ ပြောကြ တွေးကြရအောင်။ steemit အကြောင်းလေးနှင့်ပဲ စလိုက်ရအောင်။ steemit မှာ နေ့စဉ်နှင့် အမျှ လူသစ်များ ၀င်ရောက် လာကြ၏။ ထို့အတူ MSC ၌လည်း လစဉ် လူသစ်များ စီစစ် လက်ခံပေးနေ၏။ ရေးအသား ကောင်းသူများ၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ စသည်များ ပညာရှင်များ ၀င်ရောက်လာကြ၏။ တွေ့ကြဆုံကြ ခင်မင်ခွင့် ရကြ၏။ သို့သော် ဆိုခဲ့သလိုပင် အစိုးမရသော မမြဲခြင်း က အနိုင်ယူသွားမြဲ။ တည်မြဲနေသော မမြဲခြင်းတရား ပါလေ။ ဒီရက်ပိုင်း MSC ကို နှုတ်ဆက်သွားသူများ တွေ့ရ၏။ မပြောမဆိုမဟုတ်ပဲ သေချာ တောင်းပန်ပြီးတော့ကို ထွက်ခွာသွားကြ၏။ အကြောင်းပြချက်တော့ မမေးလိုတော့ပါ။ လူတိုင်း ကိုယ့်အခက်အခဲနှင့်ကိုယ် ရှိပါလိမ့်မည်။ ဤသည်ကို ကျတော်တို့ နားလည် ပေးနိုင်ပါ၏။ သို့သော် သံယောဇဉ်က ခက်သား မဟုတ်လား။
သို့သော်လည်း ထိုသူတို့သည် steemit ပေါ်တွင် အထိုက်အလျောက် အောင်မြင်နေပြီဟု ဆိုလိုရ၏။ steemit ပေါ်တွင် ရေရှည် ရပ်တည်နိုင်မည့် လမ်းစကို တွေ့သွားကြပြီဟု ဆိုလို့ ရ၏။ ထိုတချက်တည်းနှင့် ကျတော်တို့၏ ၀မ်းနည်းမှုကို ၀မ်းသာ ပီတိဖြစ်မှုနှင့် အစားထိုးလိုက်နိုင်၏။ အသင်းအဖွဲ့ဖြင့် မဟုတ်တော့သဖြင့် တမျိုးလည်း ကောင်းသွားသလို၊ တမျိုးလည်း မကောင်းပေ။ ကိစ္စရပ်တိုင်းသည် အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိသည် မဟုတ်လား။ မည်သို့ပင် ဆိုစေ တယောက်တည်း လျှောက်လှမ်းတော့မည့် ကျတော်တို့၏ မိတ်ဆောင်ဟောင်းများကိုတော့ အဆင်ပြေစေကြောင်း အစဉ်အမြဲ ဆုတောင်းပေးနေမည် ဖြစ်၏။
ဆိုရလျှင် MSC သည် အပျံသင်ပေးသော နေရာ တခုသာ ဖြစ်၏။ ပျံနည်း အဖုံဖုံကို သေချာ ကျနစွာ သင်ပေး၏။ အတောင်အလက်စုံတော့ ခွဲခွာသွားတော့၏။ ၀မ်းနည်းရပေမယ့်လည်း တချိန်ချိန်မှာ ထိုသို့ ဖြစ်လာမည်ကို ကျတော်တို့ ကြိုတင်တွေးစ ထားပြီးသား ဖြစ်၏။ သို့သော် အမှန်တကယ် ဖြစ်လာသော စိတ်ထဲတော့ သိပ်မကောင်းလှပေ။ အမိ MSC ကျောင်းတော်ကြီးကို တဖန်ပြန်လည် အကျိုးမပြုပေးနိုင်တော့လျှင်တောင် MSC ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် Myanmar steemit newbies များကို steemit ၌ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်အောင် ကောင်းမွန်မှန်ကန်သော နည်းလမ်းကောင်းများ လက်ဆင့်ကမ်းပေးနိုင်လျှင်ပင် ကျတော်တို့ အလွန်ပဲ ၀မ်းမြောက်ပျော်ရွှင်ရပေလိမ့်မည်။ ဤသို့ လုပ်ဆောင်ပေးခြင်းကလည်း MSC ကို တဖက်တလမ်းက ကူညီပေးခြင်းပင် ဖြစ်၏။
တဦးမှာ စေတနာ တဦးမှာ မေတ္တာ မဟုတ်လား။ စေတနာ မှန်က အကျိုးပေးသန်ပါလိမ့်မည်။ အရာရာကို စေတနာထား သေချာ လုပ်ဆောင်ပါက မေတ္တာ ပြန်ရပါလိမ့်မည်။ မေတ္တာသည် ငြိမ်းချမ်း၏။ မေတ္တာခြုံ လုံသည် မဟုတ်လား။ အကြောင်းကြောင်းကြောင့် MSC မှ ခွဲခွာသွားကြပေမယ့်လည်း အခင်အမင်မပျက် မေတ္တာ မပျက် အမှတ်တရ ရှိနေမည်မှာ အသေအချာပင်။ လာခြင်းကောင်းသလို ပြန်ခြင်းလည်း ကောင်းစေချင်၏။ ကောင်းလည်း ကောင်းပါ၏။ မည်သို့ ဆိုစေကာမူ တဦး၏ စေတနာကို တဦးက နားလည်ပြီး မေတ္တာ ကွန်ယက် ဖြန့်ကျက်ကာ မြန်မာ အချင်းချင်း ကူညီ ရိုင်းပင်း နိုင်ကြပါစေလိှုှ့ဆန္ဒပြုလိုက်ရပါသည်။
Don Jaun
MSC 31



အချိန်တန်ရင် ဒီလမ်းလျောက်ကြမှာပဲလေ ။ ရှေ့ဆက် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Yeah ...
Ko Shwe, we always wish our old friends.
ကိုDonစိတ်လေးအတုယူစရာပါ တစ်ချို့ အပြစ်တင်ဝေဖန်နေသောpost တွေလဲတွေ့ ရပါ၏
ဟီး ... မြောက်သွားတယ်။
ကျေးဇူးတင်ပါတယ် အစ်ကို
အစ်ကို့စိတ်သဘောထားအား များစွာလေးစားမိပါသည်
You are now on road.
Successful is not too far from you. Keep it up Bro.
We really know that you can do the best in your own way.
We remember you.
Take care yourself.
အဆင်ပြေပါစေလို့ အမြဲဆုတောင်းပေးပါတယ်။
အပျံသင်တာ တက်မြောက်သွားလို့လည်း ဝမ်းသာမိတယ်။
ကောင်းတာဆိုးတာတော့ သူ့ထိုက်နဲ့သူ့ကံပါပဲ ကိုဒွန်ရေ
သူတို့လည်း အခက်အခဲတစ်ခုခုရှိနေနိုင်တယ်လို့ပဲတွေးထားမိပါတယ်
မိတ်ဆွေတွေအားလုံး တိုးတက်အောင်မြင်ကြပါစေပေါ့ဗျာ။
အတောင်စုံရင် ပျံသန်း ကျမှာပါ ကိုဒိုရေ ဝမ်းနည် တာ တော့ အမှန် ပါ စိတ်မကောင်းလဲ ဖြစ်မိတယ်ဗျာ။ msc အပြင်မှာလဲ အောင်မြင်ကျပါစေ ဗျာ သံယောဇဉ် ဆိုတာ ကခက်သားဗျာ
Yeah ....
We always together.
Because we are Myanmar.
အရိုင်းပင်းလွန်ရင်း ဒေါသတေ ဖြစ်နေတာအေ😁😁
စိတ်လျော့ပါ အေ
တစ်ခါတစ်လေကျတော့လဲ အထုတ်ခံရသူတွေရော ထွက်သွားသူတွေရော လိုက်ကြည့်မိပါသေးတယ် တစ်ချို့ ပျောက်သွားကြတာ မြင်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်လေ ။
အေး ဟုတ်တယ်။
သူတို့တွေ လမ်းကြောင်းပေါ် ရောက်သွားတာလေးပဲ လိုချင်တယ်။
တစ်နေ့တော့ခွဲခွါကြရမှာပါ
တစ်ဦးပေါ်တစ်ဦး စစ်မှန်တဲ့ စေတနာ ခင်မင်မှု သံယောဇဉ်တွေကတော့ ဖျောက်ဖျက်လို့ရကြမှာမဟုတ်ပါဘူး
ဘာလို့ဆိုမျှာ်လင့်ချက်မပါတဲ့ အဖြူသက်သက် မေတ္တာတွေမို့ပါ
း
Right
စိတ်ထားပြည့်ဝလိုက်တာ ကိုဒွန် အတုယူလေးစားလျှက်ပါ
အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဗျာ။
စဉ်းစားထားတဲ့အထဲမှာ ပါပြီးသားတွေပါလေ သို့သော် အဲ သို့သော် အင်း သို့သော်ပေါ့လေ
We know it.But ....