အချစ်လား ...? ဖျားနေတယ်

in #myanmar8 years ago

FB_IMG_1498534182631.jpg

အချစ်လား ...? ဖျားနေတယ်

ငါနဲ့ Fino
မာကျူရီနဲ့ အယ်ဒီဆင်တွေ
ထိန်ထိန်လင်းနေတဲ့
မြို့ရဲ့နှလုံးသားထက်ကနေ
ခပ်ဖြေးဖြေး( ဖြည်းဖြည်း) လေး စီးမျော

အိပ်မက်တွေ အလင်းပေါက်
ရောင်းတဲ့ဆိုင်ထဲမှာ ကြယ်လေးတွေ နေရာယူလို့
Venus နဲ့ ငါ့ရဲ့
သံစဉ်တေးသွား
စကားသံလေးတွေကို
နားဆင်ဖို့တဲ့

စိတ်မကောင်း လိုက်တာ ...

ဒီနေ့
ငါ .. အိမ်စောစောပြန်ရမယ်
အမေ စိတ်ပူနေတာထက်
ငါ့ နှလုံးသား
နေလို့မကောင်းဘူး
(ဖျားနေသည်။ ဒီဂရီ မသိပါ)

အိပ်မှုန်စုံဝါးနဲ့
ကသုတ်ကယက် ထတိုက်တဲ့
ညလယ် ဆောင်းလေက
ခပ်တိုးတိုးလေး မှာတယ်
ညီလေး ဆေးမသောက်နဲ့ တဲ့

ပြီး .. ဆက်ပြောတယ်
တိုက်ခတ်လာတဲ့ လေပြေထဲမှာ
အချစ်တွေ
ဘယ်နှယ် ရာခိုင်နှုန်း ပါသလဲ
ဆိုတာကို မသိရင်
ညီလေး ... မင်း ဆေးသောက်လည်း
အလကားပဲ
အဖျားမပျောက်ဘူး ... တဲ့

အဲ့ကတည်းက
ငါ
ဘယ်လောက် ဖျားဖျား
ဆေးမသောက်တော့တာ ခုထိပဲ

(အချစ်သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင် ပါသည်)

သိဟ် (သုတ)

ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။

love_bridge-14a4721b-526a-48d5-be87-8158a692a6cd.jpg
photo from ZEDGE

Don Jaun

MSC 31

Sort:  

အချစ်သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသတဲ့ မှန်လိုက်လေခြင်းအကိုဒုန်

အဲ့တာ ... အဲ့တာ
ကိုယ်တွေက အမှန်မြင်တာ အဲ့လို။
လာလိမ့်မယ် ကိုစိုး မြင်ရင်
ပြောပါလိမ့်မယ်ကြည့်နေ ....
😂😂😂

ကြောက်ရင် ကြောက်တယ်ပြောပါလေ

အိုး အချစ်ကြောင့် ဒီကရိမသိအောင် ဖျားတယ်လား ။ ချစ်တတ်ပါပေ့။

အမ်
အဲ့လို ဖြစ်သွားတာလား ...

မာကျူရီ မီးတွေ အောက်မှ ငါစိတ်တွေ လွင့်မျော်နေတယ်

လွင့်မျောရာကနေ လွမ်းတော့မယ်
😊

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

သော့တွေအများကြီးနဲ့ ဘာတွေခတ်ထားတာလဲဗျ။

အချစ်တွေ အချစ်တွေ ...

Upvote!
Nice poem!

Thank Anty

အချစ် အလွမ်းတွေများနေတယ် အကြမ်းလေးတော့လုပ်အုံးမှပါ

လာမယ် လာမယ်
ကြမ်းမှ ထွက်မပြေးနဲ့

ဖျားတဲ့ထိတောင် ချစ်တယ်ပေါ့..

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.080
BTC 63445.51
ETH 1688.58
USDT 1.00
SBD 0.42