ချစ်ရသူလေး

in #myanmar8 years ago (edited)

ကောင်မလေးတစ်ယောက် ထိုကောင်မလေးတစ်ယောက်မှာ မထူးခြားပါ ထူးခြားသည်က သူ ကလေးမှာ ကျွန်တော့်ကောင်မလေးဖြစ်နေခြင်း ဖြစ်ပါသည် ။ ကျွန်တော်သူ့ကို အရမ်းချစ်ပါသည် ။ သူ့နာမည်လေးက အဖျားဆွတ် စရာပင် မလိုလောက်အောင် သူသူတဲ့လေ ။ မောင်မောင်ချစ်တဲ့ သူလေးပေါ့ ။ သူကကျွန်တော့်ကို မောင်လို့ခေါ်တတ်ပြီး ကျွန်တော်ကတော့် သူလေးရဲ့ မောင်ပေါ့ ။ ထိုသို့ခေါ်ရအောင်လဲ သူလေးက ကျွန်တော့ထက် ရှစ်နှစ်ခန့်ကြီးသည်လေ ။ ကျွန်တော်ကတော့ ချစ်လွှန်းလို့ သူလေးဘဲ ခေါ်ပါတယ် ။ ခက်တာက သူသူလေးရဲ့ မိဘတွေကျွန်တော်နဲ့ သူလေးတို့ကို သဘောမတူကြပါဘူး ။ မတူကြတာမှ ခါးခါးသီးသီးပါ ။

သူနဲ့ ကျွန်တော့် ဦးလေးမိန်းမနဲ့က ညီအစ်မတွေလေ ။ သိနေ ရင်းနီးနေ ကြတဲ့သူတွေပါ ။ ပိုလို့တောင် သဘောတူသင့်သေးတယ် ထင်ပါတယ် ။ ဘယ်သူတွေ ဘယ်လိုသဘောမတူမတူ ကျွန်တော်တို့ အချစ်က အလွန်ခိုင်မြဲကြသည်လေ ။ တစ်နေရာတည်း တစ်ရပ်ကွက်ထဲ နေသူများမို့ သံယောဇဉ်ကလည်း အလွန်မှ ကြီးကြသည်လေ ။ တစ်ခါတစ်ရန်တော့လဲ သူတို့က အတူနေတာ မကြိုက်ကြဘူးထင်ရဲ့ မရမက တစ်ယောက်တစ်နေရာစီ ဖြစ်အောင် လုပ်ကြတယ်လေ ။ အဲ့လိုအချိန်မျိုးရောက်ရင် ကြံဖန်ရပြီပေါ့ ကျွန်တော်လဲ အလုပ် အကြောင်းပြပြီး နေရာတစ်ခုကို ထွက်သွားလိုက်တယ် ။ တစ်ရက်နှစ်ရက်လောက်လုတ်ပြီးတာနဲ့ သူလေး ရောက်နေမည့် နေရာကို ပြေးရတော့တာပေါ့ ။ အဲ့လို အချိန်မျိုးကျ ပိုလို့ တွေ့ရ အဆင်ပြေသည်လေ ။

image

ဒီတိုင်းနေရင် မြင်နေရပေမဲ့ နှစ်ကိုယ်သား အကြည်စိုက်ဖို့က ခပ်ခက်ခက်လေ ။ တစ်ခါတစ်ရန် အိမ်သာထဲမှာ နှစ်ယောက်သား တွေ့ရတဲ့ အဖြစ် ။ အချစ်ရနံ့က ပိုမွန်စေခဲ့လေသည် ။ တစ်ခါကဆို ကျွန်တော် အိမ်သာထဲက ထွက်လာတော့ အိမ်သာထဲ ၀င်ဖို့ ချောင်းနေတဲ့ သူ့အကိုနဲ့ တည့်တည့်တိုးရော ။ ခက်ပြီ အိမ်သာထဲ သူက ပြေးဝင်တာပေါ့ အိမ်သာထဲမှာက သူ့ညီမရှိလေသည် ။ ကျွန်တော်တော့ သိပ်ကြာမနေ ပြေးလေပြီ ။ သူသူတော့ အဆူခံလိုက်ရသည်ထင်ပါသည် ။

သူလေးကို ကျွန်တော် ချစ်ခဲ့သည်မှာ ဘယ်လိုအတားအဆီးတွေဘဲ ရှိရှိ ရင်ဆိုင်ပြီး မပြောင်းမလဲ ချစ်တာမျိုးပါ ။ သူလေးကလည်း ကျွန်တော်နှင့်ထပ်တူပင် ။ ထို့ကြောင့်ပင်ချစ်လာကြသည်မှာ ချစ်သူသက်တမ်း အတော်ပင် ကြာခဲ့လေပြီ ။ မပြည့်စုံသူများ ဖြစ်သဖြင့် လက်ထပ်ရန်လဲ ခက်ခဲနေပါသေးသည် ။ ထို့ကြောင့်ပင် လူမြင်ကပ်စေရန် ချစ်သူ သက်တမ်းပင် အတော်ကြာခဲ့လေပြီ ။

image

ဒီအတိုင်း တောင်းရန်းလက်ထပ်ရန်လည်း လုံးဝမဖြစ်နိုင် ။ထို့ကြောင့် ရေပန်းစားနေသော ခိုးပြေးခြင်း နည်းလမ်းကို အသုံးပြုခဲ့ပါသည် ။ ပထမ အကြိမ် ခိုးပြေးလိုက်သည် အဆင်အပြေ ။ ဒါနဲ့ နောက်တစ်ကြမ် ခိုးရပြန်သည် ။ ကိုယ့်ကိုသာ ရန်စောင်မည့်သူပေါလာသည် ။ နောက်တစ်ကြိမ် ပြန်ခိုးရသည် ။ ထိုအခါတွင်တော့ တစ်လကျော်ခန့် ကြာသွားသည် ။ ရောက်သည်နှင့် အချိန်မဆွဲ မင်္ဂလာပွဲလေး ကျင်းပလိုက်ရသည် ။ ချစ်ရသူနှင့်ပေါင်းဖက်ရဖို့ မလွယ်ကူသည့် အရာကြီးပါလားနော် ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

အယ်.. အိမ်သာထဲချိန်းတွေ့ပြီးခုတော့ ခိုးပြေးလိုက်ပြီလား
သူတစ်ပါးပစ္စည်းခိုးရင်ငရဲကြီးတယ်နော်မခိုးနဲ့😁😁😁

ပစ္စည်းက ကြည်ဖြူလို့ လိုက်လာတာပါ ။

Romantic

အေးကွာ ညီလို ခိုးယူလို့ ရလိုက်ရင် အကိုလဲ အဆင်ပြေမှာ ခုတော့် အဝေးကသာလွမ်းနေရတယ်။

ဘယ်နှစ်ယောက်တောင် လွမ်းနေလဲ ကွီးရွှေရယ်

ချစ်လှချည်လား ကိုဒို

အငှါးခံစားချက်လေးပါ အားကျမိပါတယ် သူတို့ကို ။

ဇွဲကြီးတဲ့ ချစ်သူတွေပေါ့နော် အစ်ကို

ဟုတ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.082
BTC 62352.20
ETH 1625.45
USDT 1.00
SBD 0.44