တစ်ညတွင်

in #myanmar6 years ago

တစ်ခါက တာတေ ဆိုသော ဇာတ်လမ်းထဲမှ သူတစ်ယောက်ကို အားကျနေတဲ့ မျှာပွေ ဆိုတဲ့သူ တစ်ယောက်ရှိသတဲ့ကွယ် ။ ။ တစ်နေ့တော့ သူတို့ ရွှာထဲတွင် တာတေရဲ့ ပုံပြင်တွေထဲက ပုံဆန်ဆန်လေး မကောင်းဆိုးရွှား တစ်ကောင် ညကြီး သန်းခေါင် ဖုန်း ဖလက်မီးလေး ထိုးလို့ လိုက်ပတ်သွားနေပါသတဲ့ ။ ဖုန်း ဖလက် မီးက ဘယ်ကများ ရပါသလဲ ။

ဖုန်းဖလက်မီးလေး ထိုးပြီး လိုက်သွားနေတာကတော့ ယခင် တစ်ရက်လောက်က သေဆုံးသွားပြီ ဖြစ်သော မိကြောင် ဖြစ်ပါတယ် ။ ထို့နောက် သူသေဆုံးသွားရာသို့ သူ သုံးနေကျ ဖုန်းလေးပါ ထည့်ပေးလိုက်ပါသတဲ့ ။ အဲ့ဒီကနေစလို့ သရဲ ဖြစ်တဲ့ မိကြောင် မိန်းခလေး သရဲ ဖြစ်သော်လည်း အချိန်မတော် ညကြီး လမ်းထွက်လျှောက်တော့တာပါဘဲ ။


lady ghost.jpg
Image source

သရဲ မိကြောင်မှာ ညမိုးချုတ်ကြီး ရွှာထဲ လှည့်လှည်သော်လည်း အခြားဘာမှတော့ ဒုက္ခမပေးပေ ။ သို့သော် ရွှာသူရွှာသားများ အကြောက်ပိုကြသည် ။ ထို့ကြောင့် သရဲ ဇာတ်လမ်းများ အမြဲဖတ်ပြီး သရဲ နိုင်ကြောင်း အမြဲ ကြွားတတ်သည့် မျှာပွေ သရဲဖမ်းရန် တာဝန် ကျလေတော့သည် ။ မျှာပွှေလဲ ကြောက်တော့ ကြောက်နေလေသည် ။ မျှာပွေ မှာ ကောင်မလေး လိုက်ကြောင်ရုံသာ ဝါသနာပါသူ ဖြစ်လေသည် ။ ဒါပေမဲ့လည်း သရဲဖမ်းစမ်းချင်နေသည် ။

မျာပွေလဲ ငြင်းမရသည့် အဆုံး online မှ မှာပြီး ဝယ်ယူထားသည့် မျက်ကွင်းဆေးလေး သွေးလိမ်းပြီး ဖတ်ဖူးမှတ်ဖူးသလို မဖဲဝါ ခေါ်ဖို့ လုပ်လေသည် ။ ထို့နောက် ကြက်တစ်ကောင် ချက်အပြီးတွင် ရွှာမှ နတ်ကတော်ကလည်း တစ်ခြား သွားချိန်နှင့်ဆုံသဖြင့် နတ်လင် အဲလေ နတ်ကတော် အခြောက်လေး တစ်ယေက်ကို ခေါ်ကာ သချိုင်းထဲသို့ နှစ်ယောက်သား ဝင်လာကြလေသည် ။

အကြောက်ကြီးသောရွှာသားများအား ခေါ်မရသဖြင့် သူနှင့် နတ်ကတော် နှစ်ယောက်သာ သချိုင်းထဲ ဝင်လာရသည် ။ ထို့နောက် မဖဲဝါ ‘ဗလာဗလာဗလာဗလာ’ ပင့်လိုက်တာပေါ့ ။ ထိုအချိန် လေတိုက်သံများ အကြား အချို့အပင်များ ယိမ်းနွဲ့နေလေသည် ။ အရေးထဲ ပါလာတဲ့ ဝင်ပူးခံပေးမည့်သူက ထွက်ပြေးဖို့ ခြေလှမ်းပြင်နေလို့ဆွဲထားရသေးသည် ။


fg.jpg
Image source

ထို့နောက် မျာပွေ မျက်လုံးများ မျက်ကွင်းဆေး အစွမ်းဖြင့် မဖဲဝါအား မြင်လိုက်ရလေသည် ။ အလို အရပ်က မြင့်မြင့် ခန့်ခန့် ချောချောနှင့် ခေါင်းတလား တံဆိပ် ပိုက်ဆံ အိပ် အဲလေ ခေါင်းကို ချိုင်းကြားညှပ်ပြီး ပြုံးစစလေး လှမ်းလာနေသည် ။ ကြည့်ရင်းဖြင့်ပင် မျှာပွေ ရင်တွေ ခုန်လာသည် ။ ။ထို့နောက် နတ်ကတော် ကောင်လေးထံသို့ ဝင်သွားလေသည် ။ ဝင်ပူးပြီးထားသည်ကိုပင် မျက်ကွင်းဆေးစွမ်း၍လားတော့မသိ မျှာပွေမှာ ထိုချစ်စဖွယ် ပုံစံသာ မြင်နေမိသည် ။ သို့သော် ပထမ အနမ်းမှာပင် မဖဲဝါမှာ ပြန်ထွက်ပြေးသွားပြီ ဖြစ်လေသည် ။

ထိုနောက်ခဏ အကြာတွင် စောင့်နေသော ရွှာသားများထံသို့ အူးယားဖားယားဖြင့် နတ်ကတော်လေး အပြေးပြန်လာကာ ဘယ်သူမေးသည်မှ မဖြေဘဲ သူ့အိမ်သို့ ပြန်ပြေးသွားလေသည် ။ သချိုင်းထဲတွင်တော့ မဖဲဝါ စားမသွားသော ကြက်သားချက်အား မျှာပွေပင် စားလိုက်လေတော့သည် ။ သူမဖဲဝါ ခေါ်လိုက်သည်မှာ မိကြောင် ဂူနဘေးတွင် ဖြစ်ပြီး ထိုနေ့မှ စ၍ မိကြောင်လဲ ရွှာထဲ မလာခဲ့တော့ပေ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

မ​ပေါ်လာကြာ​ပေါ့ ဗွီဒီယို ဇာတ်​လမ်း​တွေအ​တော်​ကြိုက်​ပုံရတယ်

Posted using Partiko Android

ဟုတ်ကဲ့ပါခင်ဗျာ

pocketsend:11@domelay, play around with the token of fun - POCKET!

Successful Send of 11
Sending Account: pode
Receiving Account: domelay
New sending account balance: 94700
New receiving account balance: 10
Fee: 1
Steem trxid: 4d4c19ba138e9fa8c153d7e3bb7a1b734d5a3b05
Thanks for using POCKET! I am running this confirmer code.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62205.55
ETH 2397.85
USDT 1.00
SBD 2.50