သရဲနဲ့ ဖက်အိပ်ခဲ့တဲ့ ည .01

in #myanmar7 years ago (edited)

ကျွှန်တော် ဘွဲ့ရပြီးစအချိန် ဟိုစပ်စပ် ဒီစပ်စပ်ဖြင့် လိုက်လုပ်ရင်းနဲ့ သစ်ထုတ်ရေး ဆိုတဲ့ လုပ်ငန်းကို ဝင်လုပ်ဖြစ်လာပါတယ် ။ စစလုပ်ချင်း ကိုယ့်နယ်မှာတော့ သစ်ဆိပ်မှာနေရပါတယ် ဒီတော့ တောအတွေ့အကြုံသိပ်မရှိသေးဘူးပေါ့ဗျာ အတော်များများ အလုပ်ဝင်ဝင်ချင်း တောထဲသာ ရောက်ကြတာများပါတယ် ။



lake-273563_960_720.jpg


စစရောက်ခြင်း ဆင်ဆိုတဲ့ အကောင်ကြီးတွေကို ကြောက်တတ်ပြီး နေသားမကျပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ ဟာ အတော်ခိုင်းကောင်းပြီး ကိုယ်မနိုင်တာတွေကို ကူညီလုပ်ဆောင်ပေးတတ်တဲ့ မိတ်ဆွေအဖြစ် အမြင်ပြောင်းလာပါတယ် ။ အစပိုင်းမှာ တောတွင်း အတွေ့အကြုံနဲ့ ပတ်သက်ပြီး သူများပြောတာသာကြားဖူးပေမဲ့ နောက်ပိုင်းကိုယ်တိုင် တောထဲသွားရပါတော့တယ် တောထဲအတွေ့အကြုံ မရှိသေးတဲ့အစပိုင်း လူသူမရှိတဲ့ တောကြီးမျက်မဲထဲမှာ မနေတတ်ပေမဲ့ တဖြည်းဖြည်း နေသားကျလာပါတယ် ။
![images (10).jpg]()

images (11).jpg
သစ်ရှာ အကောင့်ရိုက် ပင်ထောင်မှတ် နောက် ချိန်းစောသမားတွေနဲ့ အပင်လဲပြီး ဆင်နဲ့ဆွဲကာ ကားလမ်းအရောက် ပို့ပေးရပါတယ် ထိုမှတစ်ဆင့် ကားဖြင့်တင်ပြီး သစ်ဆိပ်အရောက်ပို့ကြပါတယ် ။ အချို့ နေရာများတွင်တော့ ဆင်ဖြင့် သစ်ဆိပ်အရောက် ပို့ရသည်များလည်းရှိတတ်ပြီး တစ်ခါတစ်ရံ ဆင်ပင်မသုံးတော့ဘဲ ကလပ်ဖြင့်သယ်ပြီး ကားပေါ်တင်ပေးလိုက်၍ အဆင်ပြေသည်များလဲရှိသည် ။ တစ်ခါတစ်ရံ ဆင်တဲသို့ မပြန်နိုင်သဖြင့် သစ်ပင်ပေါ်တွင်သာ အဆင်ပြေအောင် တစ်ညတာ အိပ်စက်အနားယူရသည်များလည်း ရှိတတ်ပါတယ် ။ ဒီလိုနဲ့ကျွှန်တော် ကချင်ပြည်နယ် ရွှေကူမြို့ ဘက်ကိုအလုပ်တာဝန်နဲ့ ပြောင်းရွှေ့လုပ်ကိုင်လာရပါတယ် ။ ဒီနေရာမှာ နေသားကျနေသူတွေအတွက်တော့ ဘယ်နေရာမှာ ဘာရွာရှိတယ်ဆိုတာကို သိပြီးဖြစ်ကြပါတယ် ။ ကျွှန်တော်တို့က ရောက်စဆိုတော့ အနီးနားမှာရှိတဲ့နေရာတွေနဲ့လည်း မရင်းနီးသေးပါဘူး တောထဲမှာနေရတာဆိုတော့ ဘယ်မှသိပ်ရောက်ဖြစ်တာလည်းပါပါတယ် ။ ကျွှန်တော်တို့ဆင်တွေ အနားပေးလွတ်ထားပြီး ပြန်ရှာကြပါတယ် ။ဆင်ကိုကတော့ ထူးခတ်ပြီးလွှတ်လိုက်တာပါ ။ ဒီလိုရှာရင်းနဲ့ တစ်ည ကျွှန်တော်တို့ ဆင်မတွေ့သေးသဖြင့် သစ်ပင်ထက်မှာဘဲ အိပ်ကြရပါတယ် ။



images (8).jpg

ဖြစ်ချင်တော့ နယ်မြေကျွှမ်းကျင် ရင်းနီးသူများ မပါလာပါ ။ ဆင်ရှာတာလည်း အမှန်တော့ ကိုယ်နဲ့သိပ်မဆိုင်ဘဲ ဆင်ဦးစီးပေါက်စ နှစ်ယောက်နဲ့ လိုက်ခဲ့တာပါ ဆင်ဦးစီးကြီးကြီးက နေမကောင်းသဖြင့် မလိုက်နိုင်သောကြောင့်ပါ ။ ထိုအနီးအနားတွင် သင်္ဘောအင်း ရေလဲ စီသော် စီငန်း အစရှိသောရွှာ များသာရှိသည်ကိုကား ကျွှန်တော်တို့ ကောင်းစွာမသိပါ ထိုအမည်များ ကြားဖူးသော်လည်း ရွှာများဖြင့်မရင်းနီးကြပါ ။

ဒီလိုနဲ့ ညနက်လာတဲ့ အချိန် ရောက်တော့ မိသားစု လေးယောက်ခန့် အသက်ခပ်ကြီးကြီးလူတစ်ယေက် ကောင်မလေးနှစ်ယောက်နှင့် ကောင်လေးတစ်ယောက် အပင်အောက်သို့ရောက်လာပါတယ် ။ ညနက်လာတယ်သာ ဆိုတယ် အချိန်ကား ကိုးနာရီခန့်သာရှိပါသေးသည် ။ ကျွှန်တော်တို့လည်း အနည်းငယ်တော့ လန့်နေကြပါတယ် ဒီအချိန် ကျွှန်တော်တို့ကို သူတို့ မတော်တဆတွေ့သည့်ပုံစံဖြင့်"ဟောဧည့်သည်တွေထင်ပါရဲ့ ဒုက္ခခံလို့ကွယ် ဒီနားမှာ ဘကြီးတို့ရွှာရှိတယ်ကွဲ့ တစ်ညတစ်လေ လာနေလို့ရပါတယ်ကွယ်"ကျွှန်တော်တို့လည်းတိတ်ဆိတ်လျှက် ကျွှန်တော်တို့ သံသယကိုသိ၍ထင် သူက ဆက်ပြောတယ် "ဘကြီးတို့က သင်္ဘောအင်းကညီမဆုံးလို့ သွားလိုက်တာ ရွှာမှာကလဲ အဘ အမျိုးသမီးတစ်ယာက်ထည်းကျန်ထားတော့ ညတွင်းချင်းပြန်လာတာ လာတုန်းက အရန်းမမှောင်သေးဘူး လမ်းမှာဟောဒီက တင်တင်ခြေထောက် ဆူးစူးတာနဲ့ ကြာသွားတာလေ" ဟုတ်သားဗျာ ခုမှကျွှန်တော့်ရဲ့ မျက်လုံးများ တင်တင်ဆိုသော ကောင်မလေးဆီကို ရောက်သွားလေသည် ဟုတ်ပေသားဘဲ ဆူးဆူးတယ်ဆိုတာပြောလိုက်တာ ဘယ်လိုစူးလာမှန်မသိ ဖိနပ်တွင် သွေးစလေးများ အတော်ပင် ပေနေပေသည် ။ ထို့နောက်တွင် မျက်လုံးများကောင်မလေးထံမှ မခွာတော့ အမှောက်ထဲမှာပင် အတော်လှသောကောင်မလေးပါလား ။ ကျွှန်တော်လဲ တောကြီးမျက်မဲထဲမှာ မိန်းမ မတွေ့ဖူးတာ ကြာတော့ ဖွန်ကြောကလည်း အတော်တောင့်နေပြီထင် ကြေက်စိတ်တွေ ပြယ်လွင့်ကုန်သည် ။ ခြေထောက်အနာဖြင့် ခရီးဆက်နေရရှာသော သူမအား သနားဂရုဏာအပြည့်ဖြင့် ရင်ထဲတွင် အမျိုးအမည်မကွဲပြားသော ဝေသနာတို့က စည်းချက်မြန်သော သံစဉ်လေးနှင့် အတူ ထွက်ပေါ်လာပေပြီ ။



images (13).jpg

"
ကဲ'' တစ်လုံးတည်းသောထို သူရဲ့ စကားနောက်တွင် သံစဉ်များ အဝေးရောက်သွားပြီး သူဆက်ပြောသည် ''ဘကြီးတို့အိမ် လိုက်လာပြီး တစ်ညလောက် အိပ်သွားကြပါကွယ် ဒါနဲ့ တူလေးတို့က ဘယ်သွားကြမှာလည်း'' ''ကျွှန်တော်တို့ ဆင်ရှာဖို့ထွက်လာကြတာပါဗျာ'' ဆင်ဦးစီးလေးတစ်ယောက်ဖြေလိုက်သည် ။ ကျွှန်တော်ကား မိုင်းမိနေသဖြင့် အသံပင် မထွက်နိုင်သေး ။ ထိုစဉ်ကောင်မလေးမှ ''အကိုတို့ လာမယ်ဆိုရင် ကျွှန်မတို့အိမ်မှာ လိုက်နေလို့ရပါတယ် ဒါနဲ့ ညကြီး မိုးချုပ်ဆိုတော့ သူများတွေ ပြောပြောနေတဲ့ ကျတ် ဆိုတာတေတော့ မဟုတ်လောက်ပါဘူးနော်'' ဖုရား ဖုရား သူက များတစ်ပြန်တစ်စီး ဒါပေမဲ့ သူ့စည်းရုံးရေး အောင်မြင်သွားပါသည် သူက ကျတ်ကြောက်နေတော့ ကျွှန်တော်တို့ သူ့တို့ကို မကြောက်တတ်တော့ အမြင်မစောင်းမိတော့ ။ ထိုလူ ကြီးမှလဲ ''မဟုတ်ပါဘူးသမီးရယ် အဲ့ လောက်တော့ အဖေ ခွဲတတ်ပါသေးတယ်_"ဆိုပြီး ပြောလေရာ ကျွှန်တော်တို့လည်း ပြန်လည်ပြီး ကျွှန်တော်တို့ကို မကြောက်ဖို့ ပြန်လည်ပြောလိုက်မိသေးတယ် ။ ဟိုကောင်လေး နှစ်ယောက်ကလည်း လိုက်ချင်ချင်ဖြစ်နေတော့ ကျွှန်တော်တို့ ဒီလိုနဲ့ဘဲ ကောင်မလေးတို့ရဲ့ သဲဝါဆိုတဲ့ ရွှာလေးကို ရောက်သွားကြပါတယ်ခင်ဗျာ ။

Photos credit; Google Image

domelay (အတွေးမျှင်လေးများ)

Sort:  

ဘူဟာလဲ ဘူရေးထာလဲ
သရဲမလှဒေါ့ လိုက်ရောမလား

ဟုတ်ကဲ့ လိုက်ရောဗျာ

ကျောက်စာတွေလာဘီ👍👍

ကျောက်စာတေ ဖတ်ရတော့မယ် ဟီး

အိပ်လို့ကောင်းလား ဟမ်

နောက်မှ ကိုယ်တိုင်အိပ်ကြည့်တော့ နော်

ဆင်သွားရှာတာ ဆင်မတွေ့ပဲ ကျတ်နဲ့တွေ့လာတာပေါ့..bro..
ဇာတ်ရှိန်တက်နေပီဗျို့... နောက်တပိုင်းမျှော်နေမယ်

ဟုတ်ကဲ့ပါ ကျေးဇူးပါဗျာ

ဖက်အိပ်တဲ့ အတွေ့ အကြုံ လေး ဆက်ရေးအုံးနော်

လာမှာပေါ့ဗျာ

နောက်တစ်ပိုင်း မျှော်နေပါသည်။

ကျေးဇူးပါ ဗျာ အားရှိပါရဲ့ အဲ့စလိုတွေ့ရတာ

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond Please consider upvoting this comment as this project is supported only by your upvotes!

ထူးဆန်းပါပေ့ ဆရာဒိုး ရယ်

နဲနဲပါဗျာ

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond Please consider upvoting this comment as this project is supported only by your upvotes!

စိတ်ဝင်စားနေပါပီဆိုဗျာ

ဟုတ် ဟုတ် ပျော်လတ်ထှာ အဲ့လိုပြောပေးတာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60164.54
ETH 2420.67
USDT 1.00
SBD 2.43