စည်းလုံးချစ်ခင် ပျော်ပျော်ရွှင်
အဖွဲ့အစည်းတစ်ခု မိသားစုတစ်ခု နေရာအများစုတို့တွင် စည်းလုံးခြင်းသည် များစွာလိုအပ်လှသဖြင့် စည်းလုံးခြင်းအကြောင်းများကို ရှေးဆရာများများစွာတို့ ရေးပြထားကြပြီးလေပြီ ။ ကျွှန်တော်လဲ ရေးခဲ့ဖူးပါသေးတယ် စည်းလုံးကြပါပိုမိုကာ ဆိုတာလေးပါ ။ ရေးရသည်မှာလည်း ငါးကလေးများကို ရေကူးသင်ပေးရခြင်းလို ဖြစ်နေခြင်းကြောင့် သည်းခံဖတ်ပေးကြပါ ။
အဖွဲ့အစည်းများ စည်းလုံးမှုမရှိဘူးလို့ ဆိုလိုသည်တော့ မဟုတ်ပါ ။ ယခင်ကပြောခဲ့သည့်အတိုင်း Myanmar Steemit ကြီးတွင် စည်းလုံးကြပါသည် ။ အသစ်ရောက်လာသူများအနေဖြင့်လည်း စည်းလုံးကြပါသည် ။ တစ်ခါတစ်ရန်မှာ အသစ်ရောက်လာသူများထံမှ ကြားမိနေတာက ဟိုဘက်အဖွဲ့က ဒီဘက် အဖွဲ့က ဆိုတာမျိုးလေးတွေကျ နားထဲ တစ်မျိုး ဖြစ်ဖြစ်မိပါတယ် ။ ကျွှန်တော်တို့ မြန်မာဆိုသောအောက်မှာ မိမိတို့ မြန်မာလူမျိုးများ Steemit ပေါ်မှာ အောင်မြင်စေချင်လို့ အတူတူ လုပ်ကိုင်ကြပါသည် ။ အားလုံး မိသားစုများပမာ ဖြစ်ချင်ပါသည် ။ steemit နှင့်ပတ်သက်ပြီး နားလည်သလောက် ပြောပြရင်း တစ်ဦးနှင့် တစ်ဦး ဖေးမဆောင်ရွှက်လျှက်ရှိပါသည် ။ တစ်လှေထဲစီးပြီး ခရီးတစ်ခုထဲ သွားကြသူများသာဖြစ်ပါတယ် ။
အားလုံးကို တန်းတူညီမျှ အခွင့်အရေးရပြီး မိမိတို့တတ်စွမ်းလျှင် တတ်စွမ်းသလောက် အကျိုးခံစားနိုင်ကြပါစေဆိုသော ရည်ရွှယ်ချက်များဖြင့် အပင်ပမ်းခံ ဘေကုန်ခံဆောင်ရွှက်ပေးနေကြတာပါ ။ ကျွှန်တော်ကတော့ ဒီလို ယူဆမိပါတယ် ။ ကျွှန်တော်တစ်ယောက်ထဲရဲ့ နည်းပါးလှတဲ့ အတွေးလေးမို့ မှန်ချင်မှလဲ မှန်ပါလိမ့်မည် ။
Steemit လုပ်လျှင် စာရေးကာဝင်ငွေရကြမည် ။ ထို့ကြောင့် steemit အကြောင်း ပြောပြပါမည် ဘယ်၍ ဘယ်မျှ ပေးရပါမည် ဟူ၍ အခကြေးငွေဖြင့် လုပ်ဆောင်လျှင်တော့ စေတနာသက်သက် မဖြစ်နိုင်ပါ ။ တွေ့ရှိပါကလည်း ပြောပြပေးပါ ။ စာအရေးအသားတိုးတက်ကာ အချင်းချင်း အသိပညာများ အတွေးများ ဖလှယ်ရင်း ဝင်ငွေတစ်ရပ်ရရှိနိုင်အောင် အခမဲ့လမ်းညွှန်ပေးနေကြပါတယ် ။ ယခုထိတော့ ထိုသော ငွေကြေးများဖြင့် သတ်မှတ်ထားသော နေရာရှိသည်ဟူ၍ မကြားမိသေးပါ ။
အရင် ရောက်နှင့်ကြသူများအနေနှင့် အသစ်ရောက်သူများ၏ အဆင်မပြေမှုများကို ပြောပေးသင့်လှပါသည် ။ MSC admins တို့လဲ လိုက်ပြောပေးကြသည်ကို တွေ့မိပါသည် အချို့လဲ အမုန်းခံပြောကြပါသည် ။ မုန်းစရာတော့မဟုတ်ပါ မုန်းစရာမဟုတ်ဖဲ အမုန်းခံဘယ်လိုဖြစ်နေလဲမသိပါ ။ စည်းကမ်းတကျနှင့် Steemit တွင် ပါဝင်နိုင်စေရန် ရည်ရွှယ်၍ အပင်ပမ်းခံ ဝေဖန် ပြောပြကြခြင်းဖြစ်ပါသည် ။ စည်းကမ်းများကို များလှပါသည်ဟူ၍ ထင်မိပါသလား ? Faq တွင် သွားရောက်ဖတ်ရှုပါ စည်းကမ်းများမှာလည်း အလကားသက်သက် ထားသည်များမဟုတ်ကြောင်းသိပါလိမ့်မည် ။ Steemit မှချမှတ်ထားသော လမ်းစဉ်အတိုင်းသာဖြစ်ပြီး အချို့ စည်းကမ်းများ၏ နောက်တွင် ဇာတ်လမ်းကလေးများပင်ရှိနေပါသေးသည် ။ utopian.io community မှ စည်းကမ်းများကို လေ့လာကြည့်ပါ ။ MSC ထက်ပင်များစွာပိုပါသည် ။
ယခုဆိုလျှင် myanmar tag သည် top 50 သို့ ပြန်လည် ဝင်ရောက်စပြုနေပါပြီ ။ ဝင်ရောက်ထားပြီဆိုသော်လည်း နောက်ဆုံးကနေပါ ။ ထိုအရာလေးကိုလည်း မပျောက်ပျက်စေဘဲဘရှေ့သို့သာ တိုးတိုးသွားစေရန် ကောင်းမွန်စည်းကမ်းပြည့်ဝ ပြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြင့် ရှေ့ဆက်ကြဖို့ ကောင်းလှပါသည် ။ အချင်းချင်း ခွဲခြားသော စိတ်များလဲမထားဘဲ တစ်ဦးကို တစ်ဦးကူညီရင်း အောင်မြင်သော steem ပိုင်ရှင်များ ဖြစ်ကြပါစေ ။
MSC . 9
Photos credit; Google Image
@domelay (အတွေးမျှင်လေးများ)


မေ့နေမှာစိုးလို့ အပြေးလာမန့်လိုက်ရသည်
ဟုဟု မောသွားရောပေါ့ဗျာ ရေလေးသောက်ပါအုံး ပြေးလာတဲ့အတွက်ကျေးကျေးပါ ။
ပြောပြိုက်ကွာ
Moving all together .
Yes , We are together .
MSCမိသားစုအားလုံး ညီစေ
ဟုတ်ကဲ့ပါ
nice man!
thanks a lot .
Good organization 😊
👍👍👍
🤔🤔🤔
Keep Moving forward
ဟုတ်
အားလုံးညီညီညာညာနဲ့စုပေါင်းရင်အောင်မြင်ကြမှာမလွဲဧကန်ပါဘဲဗျာ
အကုန် ညီညီ ညာညာ ဖြစ်နေဖို့ဘဲ အဓိက အရေးကြီးပါတယ်ဗျာ
စည်းလုံးညီညာအောင်ကြောင်းဖြာပေါ့။
စည်းကမ်းရှိရှိနဲ့သွားတာပဲကောင်းပါတယ်ဗျာ
စည်းကမ်းရှိခြင်းရဲ့အကျိုးကျေးဇူးကိုတော့
နောက်များကြာလာရင် သိလာကြပါလိမ့်မယ်။
စည်းကမ်းမရှိခြင်းနဲ့ ရေသာခိုအချောင်လိုက်ခြင်းတို့ဟာ
ရှက်စရာအလုပ်တွေပါပဲ...
.
လိုက်ခဲ့ချင်သူတွေကိုပဲခေါ်သွားကြတာပေါ့။
မလိုက်ချင်လျှင်တော့.............
ဟူတဲ့ပါ အကိုမိုးဇော်