ပတ်ဝန်းကျင်အကြောင်း

in #myanmar7 years ago (edited)

ပတ်ဝန်းကျင်အကြောင်း

လူ့ဘဝကိုစတင်ရခဲ့ပြီဆိုတာနဲ့ ပတ်ဝန်းကျင်ဆိုတာကိုစတင်ရင်ဆိုင်ရပါတယ် အမေဝမ်းတွင်းထဲဝယ် မိမိစရောက်ပြီဆိုကတည်းက ကိုယ့်ကိုပတ်ဝန်းကျင်ကစတင်အသိအမှတ်ပြုလိုက်လေပြီ တိုက်ခိုက်ဖို့လား လူမိုက်လေးဖြစ်အောင်လား ကောင်းအောင်လားပေါ့် မမွေးခင်ကတည်းကဘာဖြစ်တယ်ညာဖြစ်တယ် ပတ်ဝန်းကျင်ကအရင်အားဖြည့်နေပြီးသားပါ -ဟိုကောင်မတောင်ဟိုလူဆိုးကြီးနဲ့ယူလိုက်သတဲ့ -အေးလေဒီလိုကောင်မမျိုးဒီလိုလူနဲ့ရမှာပေါ့် -အေးမွေးလာတဲ့ကလေးကတော့် -အယ် လူဆိုးသားလူဆိုးလေးဘဲဖြစ်မှာပါလေ :ပြောကြပါတယ်သူ့ဖာသူချစ်လို့ကြိုက်လို့ယူတာကိုအပြစ်ပြောတယ် ထားပါ အဲ့ထက်အများကြီးဆိုးသေး ဘယ်လိုပုံပန်းသဏ္ဍာန်မှန်း မသိရသေးတဲ့ ဟာလေးကိုတောင်ဝိုင်းပြီးအရောက်ပို့လိုက်ကြသေး လူတစ်ယောက်ရဲ့ဘဝအနေအထားဟာ ရှေးအတိတ်ကံရယ် မိဘတို့အကြောင်းရယ် ပတ်ဝန်းကျင်ရယ် ဒီသုံးခုကြားမှာဖြစ်တည်နေတယ်ထင်ပါတယ်ဗျာ ပတ်ဝန်းကျင်ဟာလူတစ်ဦးဘဝအတွက်အလွန်ခွန်အားကြီးပါတယ်နော် ဒါကြောင့်လဲရှေးစကားပုံတစ်ခုမှာ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ( မုဆိုးမများများရှိတာ ဟုတ်ဘူးနော် ဟိ, . . .စတာပျင်းနေမှာစိုးလို့ ဒီခေတ်ဒီခါအမဲလိုက်တဲ့မုဆိုးကရှားပြီကိုး ပေါတာက အဲ့ဒါ မှားမှာစိုးလို့ ) လို့ဆိုတယ်ထင်ပဗျာ ဘုရားဟောတဲ့ဇာတ်ထဲမှာလဲအရှိသား သံဃာတော်တွေသီတင်းသုံးတဲ့လှိုင်မှာနေတဲ့ လင်နို့တွေအကြောင်းလေ သူတော်ကောင်းနားနေတော့်လဲ အဲ့လိုပေါ့် ။ ကိုယ်ကကောင်းချင်ပေမဲ့တစ်ခါတစ်ရံ တွန်းပို့လိုက်တဲ့ပါတ်ဝန်းကျင်ကြောင့် လူမိုက်တွေဖြစ်ကြရသတဲ့ ကောင်းစေချင်လို့ပြောတာဘဲဖြစ်ဖြစ် သူတို့စိတ်နဲ့မကိုက်တဲ့အခါ အဆိုးဘက်ကိုရောက်သွားတတ်ကြတယ်လေ ။ ။ ဒါကြောင့်မြတ်ဗုဒ္ဓကအချိန်မတန်သေးသူကို တရားမဟောသေးဘဲအချိန်တန်မှဟောတာပေါ့် တစ်ကယ်လို့ အချိန်မတန်ဘဲ ဟောကြည့်ပါလား တရားကိုနားမဝင်ဘဲ ဒီကိုယ်တော်ဘာတွေလာပြောနေလဲမသိ အလကားဟာတွေဆိုရင် ဒီစိတ်ကလေးနဲ့တင် အပြစ်တွေတစ်ပုံကြီးနော် မဂ်ဖိုလ် နဲ့ဝေးရချဉ်ရဲ့လေ။ တစ်ကယ်ပါပတ်ဝန်းကျင်ဟာအမျိုးမျိုးစွမ်းဆောင်ရည်ရှိပါတယ် ကိုယ်လိုချင်တဲ့သတင်းမှန်သမျှကိုပေးစွမ်းနိုင်တယ် အမှန်အမှားတော့်ချင့်ချိန်ပေါ့် နောက်ပြီးပညာတွေ ဗဟုသုတတွေ အဲ့မှာလဲကောင်းတာပါရဲ့မကောင်းတာပါရဲ့ဗျာ အခုဆိုပိုလို့တောင်မြင့်လာသေး လူမှုကွန်ယက် ပတ်ဝန်းကျင်ကြီးတွေပါတိုးတက်လာပြီဆိုတော့် ရွှာစွန်တောကြားမှာ ရွှေမိအပေါ့်သွားတာကအစ အတင်းတွေဘာတွေအုပ်တာတွေ အသိပညာပေးတဲ့အရာတွေ ဝန်ဆောင်မှုတွေ အစရှိသဖြင့်ပါ အဆင့်ကိုမြင့်မားလို့ပေါ့်ဗျာ ဒီလိုပါဘဲသတင်းဟာအတင်းကစတယ်ထင်ပါ့ဗျာ တစ်ချို့ကအတင်းအုပ်တာမကောင်ဘူးထင်ကြတယ် ဒါဟာသတင်းပေး သတင်းယူအုပ်စုငယ်လေးပါ အတွေ့အကြုံအသိပညာကြီးသူတွေပါတဲ့ဝိုင်းမှာဆိုမှတ်သားစရာတွေ ပါတတ်ပါတယ် ဘယ်သူကတော့်အရင်က မြင်းလဲမောင်းပြီး အခု ချမ်းသာသွားပြီလေ အဲ့လိုဖြစ်အောင်လဲဘယ်လိုကြိုးစားသွားတာကော တော်လိုက်တာဆိုတာကနေ ကိုယ်လဲဘယ်လိုလုပ်ရင် ကြီးပွားနိုင်တယ်ဆိုတာသင်ယူနိုင်ရင်. . . . . . . နောက် ဘာသာရေး လူမှုရေး ကျမ်းမာရေး ကောင်းတာလေးတွေရှာမှီးနိုင်ရင်ဒါဟာအကျိုးရှိသွားတာပါဘဲ အတင်း စကားဝိုင်းတိုင်းတော့်ဟုတ်ဘူးနော် အတင်းဆိုတာကသူများမကောင်းကြောင်းမို့မကောင်းဘူးလို့ဆိုပေမဲ့ဆောင်ရန်ရှောင်ရန်လေးတွေကို မိမိကိုယ်တိုင်ချင့်ချိန်ဆုံးဖြတ်နိုင်တာပေါ့်နော် ( ကလေးတွေရှေ့မှာဆိုရင်တော့်သတိထားပေါ့် တစ်ချို့အတွေ့အကြုံနုငယ်တော့်မှတ်သားလွှယ်တယ်ယုံလွှယ်တယ် မကောင်းတဲ့ကိစ္စ တွေကြားမိရင်လဲအတုခိုးလိုက်လုပ်တတ်တယ်ပေါ့်ဗျာ) ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ အတင်းစကားလဲ ချန်မထားသင့်ဘူးထင်ပါတယ် ပတ်ဝန်းကျင်ရဲ့ပုတ်ခတ်မှုကိုထိုအရာကလဲစွမ်းဆောင်ပေးတယ်လေ ပြီးတော့်အတင်းဆိုတဲ့အထဲကိုတစ်ချို့ကစကားဝိုင်း လေးတွေပါရောထည့်တတ်ကြပါတယ်နော် တိုးတက်လာတော့်ရှေးကလူနဲစုဝိုင်းကနေ အခုတော့် ကမ္ဘာအနှံ့ ဝိုင်းလို့ရတဲ့သတင်းစကားဝိုင်းများပေါ့်ဗျာ internet တို့phone တို့ဆိုတာလဲအကျိုးရှိရှိ မှီဝဲနိုင်ပါတယ် အလ္လာဘ တို့အပျော်တို့ဆိုရင်တော့် အဲ့ထဲမှာဘဲ ။ ။ ။ ပတ်ဝန်းကျင်ကိုအပြစ်မရှာဘဲ ပိုပြီးအကျိုးရှိအောင်အသုံးပြုနိုင်ပါစေ ရေးရင်းအတင်းအကြောင်းရောက်သွားပြီ ပတ်ဝန်းကျင်ဆိုတာက အဆိုးကပိုများကောင်းများနိုင်ပါလိမ့်မယ် ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ သင်ကိုယ်တိုင်လဲပါတယ်နော် ( ဆဲချင်သွားပြီလား ) တစ်ကယ် သင်နဲ့သင့်မိတ်ဆွေနှစ်ယောက်မှာ သင့်မိတ်ဆွေဟာ သင့်ပတ်ဝန်းကျင်အစိတ်အပိုင်းဖြစ်သလို သင်ဟာလဲသင့်မိတ်ဆွေရဲ့ပတ်ဝန်းကျင်အစိတ်အပိုင်းတစ်ခုပါဘဲ စမ်းကြည့်နိုင်တယ်နော် သင့်မိတ်ဆွေစိတ်ဆင်းရဲအောင် ပျော်အောင် သင်ဖန်တီးပေးနိုင်တယ် တော်ရုံအယုံလွယ်သူကိုဆို သင်အစွမ်းရှိရင်ဖျက်ဆီးပြစ်နိုင်တယ်နော် ပိုပြီးတိုးတက်လာအောင်လဲစွမ်းဆောင်နိုင်တယ် ယုံလား ပျော်အောင်စိတ်ဆင်းရဲအောင်ဆိုတာက လွယ်ပါတယ် တစ်ခါတစ်ရံမှာစကားလေးတစ်ခါပြောရုံနဲ့ဖြစ်နိုင်တယ် ရှေးအခါကလို့ငယ်ငယ်ကနားထောင်ခဲ့ဖူးတဲ့အထဲမှာ ခြင်္သေ့သားနဲ့ ဆင်းကိုစားချင်တဲ့မြေခွေး ဟာဘယ်လိုလုပ်ခဲ့လဲ ဒီလိုပါဘဲ ။ ။ ။ ပတ်ဝန်းကျင်ကိုချဉ်းတစ်ချို့ကအမြဲပြသနာရှာချင်တယ် ပြန်စဉ်းစားပါ သင်ဟာလဲသူတို့ပတ်ဝန်းကျင်ရဲ့အစိတ်အပိုင်းတစ်ခုပါသင်ကိုယ်တိုင်တောင်စိတ်ထားဘယ်လောက်ကောင်းနိုင်လို့လဲ လူအားလုံးလို့မဆိုလိုပါဘူး ကောင်းတဲ့သူတွေအမျာကြီးရှိမှာပါ ဇာတ်တော်ထဲက ဓမ္မပါလတို့ရွှာကလူတွေအားလုံးတောင် ငယ်ငယ်နဲ့မသေကြဘူး အားလုံးငါးပါးသီလလုံသေးတာဘဲ ပတ်ဝန်းကျင်ကောင်းရှိသူတွေ စိတ်နှလုံးကောင်းမွှေးနိုင်သူတွေရှိကြမှာပါ ပတ်ဝန်းကျင်ကဆိုးနေတိုင်း အဆိုးကိုတွန်းပို့နေတိုင်း ကိုယ်လိုက်ဆိုးနေစရာတော့်မလိုပါဘူး အမှားအမှန်ကိုဆင်ခြင်ပါ သင်အောင်မြင်တိုင်းပတ်ဝန်းကျင်က လိုလိုလားလားလက်ခုတ်တီးနေမှာမဟုတ်ပါဘူး လက်ခုတ်တီးနေရင်တောင် အဲ့ဒီလက်တွေက သင့်ကိုပြန်ရိုက်ချမယ့်လက်တွေဖြစ်နေနိုင်ပါတယ် ။ ပတ်ဝန်းကျင်ဆိုတာတစ်ကယ်တော့်မရှိလို့လဲမဖြစ်ဘူးမှုတ်လားဗျာ ။ မသုံးတတ်ရင်တော့် . . . , . . .တစ်ခါတစ်ရံကျတော့်လည်း ဘေးပေါ့်ဗျာ ဘေးဖြစ်တတ်တာကပိုများပါတယ် ။ ကဲပတ်ဝန်းကျင်မကောင်းကြောင်းဆက်ရအောင် (ပတ်ဝန်းကျင်ကလာရိုက်တော့်မှာပါဘဲဗျာ) လူတစ်ကာကကိုယ့်အပေါ်ကောင်းတယ်လို့ထင်ထားသူက ကိုယ့်အပေါ်အရန်းဆိုးတဲ့သူလဲဖြစ်နေတတ်တယ်နော် အဲ့အကြောင်းသာကိုယ်ကသိနေ လို့ကတော့် ပတ်ဝန်းကျင်နဲ့ကိုယ်နဲ့ကြားမှာ မဟာအလွှဲကြီးပေဘဲ နောက်ပတ်ဝန်းကျင်အမြင်ကိုဂရုစိုက်လွန်းလို့အလွဲကြီးလွှဲခဲ့သူတွေအများကြီးနော် တစ်ချို့ကောင်မလေးတွေဆိုကိုယ်ချစ်တဲ့ဘဲကြီးမယူဘဲ ပတ်ဝန်းကျင်ကချစ်ပြီး ပါးစပ်ဖောင်းပေးလိုက်တဲ့ ဘဲကြီးယူပြီး တစ်သက်စာဖူဖူလုံလုံလောက်လောက်ငှငှ ကြီးစိတ်ဆင်းရဲ နေတဲ့ စော်ကြီးတွေအများကြီးနော် ဘဲတွေကထားပါတော့် ပတ်ဝန်းကျင်ထက် ကိုယ့်ဆုံးဖြတ်ချက်ကိုပို မြတ်နိုးတဲ့သူများလို့လေ အကုန်လုံးကိုမပြောဘူးနော် ခပ်ဂေါက်ဂေါက်အတွေးမျိုးရှိတဲ့ဘဲကြောင်တွေ အများကြီးဘဲကိုဗျာ . . , . .ဟဲ , . . , . .ဟဲ . . , . . , . .

ဒီမှာကလည်းဘာရေးရမှန်မသိဆိုတော့် ဟိုးအရင်
တုန်းက blog လေးတစ်ခုစမ်းလုပ်ရင်းသူငယ်ချင်းေ
တွနဲ့ စာလေးနဲနဲရေးခဲ့ဖူးပါတယ် ဒီမှာက တစ်ခြား
ဆီကဟာတွေ ပြန်ကူးပြီး တင်ရင်
ကျွှန်တော်စက်ရုတ်ပါလာလုပ်နေမှာစိုးလို့ပါ ဒါပေမဲ့ခု update ပြန်လုပ်ပေးလိုက်ပါတယ်
သူငယ်ချင်းတစ်ယောက်နဲ့စကားပြောရင်းဒါလေး
သတိရတာနဲ့ပါ ထွေထွေထူးထူးတော့်ဘာမှမဟုတ်
ပါဘူးလေ

ကျွန်တော့်blog စာမျက်နှာကိုလဲလာရောက်လည်နိုင်ပါတယ်နော်
please visit to my blog for full vision and other story

အလည်လာကြပါအုံးနော်

Sort:  

တကယ်​​ကောင်းတယ်

ကျေးဇူးပါ

Try best. That's the first start.

အားပေးတဲ့အတွက်ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64504.36
ETH 3414.70
USDT 1.00
SBD 2.51