Mm bookshelf မှာ စာအုပ်လေးတွေရှာယူမယ်

in #myanmar6 years ago

မနေ့က application လေးတွေ အကြောင်း ရေးပြီးတင်ရလျှင်ကောင်းမည် ထင်သဖြင့် app လိုက်ရှာခြင်းပြုလုပ်ခဲ့ပါသည် ။ စာအုပ်ဖတ်၍ရသော app နှင့် မိတ်ဆက်လျှင် ကောင်းသည်ဟု ဦးဦး မဟော်မှ အကြံပြုသဖြင့် စာအုပ်များ download ဆွဲ၍ ဖတ်နိုင်သော app တစ်ခုနှင့် မိတ်ဆက်ပါဦးမည် ။ app အမည်ကတော့ MM bookshelf ဖြစ်ပါသည် ။ ထို app အားhttps://play.google.com/store/apps/details?id=com.naing.screencrackerတွင် download ရယူနိုင်ပါသည် ။

Screenshot_20181008_124238.png

ထို application ထဲတွင် စာအုပ် အတော်များများ ပါရှိပြီး ထိုစာအုပ်များကို အခမဲ့ download ရယူနိုင်ပါသည် ။Screenshot_20181008_124650.png
မိမိနှစ်သက်သော စာအုပ် အမျိုးအစားများကို category တွင် ရှာဖွေနိုင်ပါသည် ။

Screenshot_20181008_124706.png

ထို့ပြင် စာဆရာများ၏ ကလောင်အမည်များဖြင့်လည်း author နေရာတွင် ရှာဖွေနိုင်ပါသေးသည် ။

Screenshot_20181008_124851.png

Download ပြုလုပ်ပြီးချိန်တွင်တော့ ကြော်ငြာ လာတတ်ကြောင်းကို ကြိုတင် အသိပေးပါရစေ ။ download ဆွဲယူပြီးသော စာအုပ်အား ထို application ထဲတွင်ပင် online ဖတ်ယူနိုင်ပါသည် ။ ထို့ပြင် အခြားapp များဖြင့် လည်း ဖတ်နိုင်ပါသေးသည် ။ download လုပ်ယူထားသော file သည် filemanger မှ documents အတွင်း MM bookshelf အတွင်းတွင် ရှိနေပါသည် ။

Screenshot_20181008_125145.png


Screenshot_20181008_125237.png
Screenshot_20181008_125247.png

application အား uninstall လုပ်ပြီးသည့်တိုင် မိမိ download ဆွဲထားပြီး ဖတ်လိုသည့် စာအုပ်များမှာ ပျက်သွားမည် မဟုန်ပေ ။ စိတ်ပါဝင်စားသူများ application လေးယူပြီး နှစ်သက်ရာ စာအုပ်များ ရှာဖွေ ဖတ်ရှုကြပါဦး ခင်ဗျာ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဒါဆို အဲဒီapp downလိုက်တော့မယ်နော် ငဒို

Posted using Partiko Android

အကို့ သဘောပါဗျာ တော်ကြာ နင့်ကြောင့် ဘေကုန်တယ်လဲ ဖြစ်မှာကြောက် ။

ငွေရတာပဲ ရှာယူချင်တယ်😁😁

Posted using Partiko Android

အမေ့ ပိုက်ဆံအိပ် is ဒယ် ဘက်စ်

စာအုပ်လေးတွေ ဒေါင်းဖတ်ပါ့မယ် ဒိုဒို ဒါပေမဲ့ ဖုန်းနဲ့ ဖတ်ရတာ တစ်မျက်နှာတောင်မနည်းဘဲ

အာ့တော့ ဟုလယ် pc နဲ့ဖတ်လေ ။

စာအုပ်ကောင်းတွေ ရှာဖတ်ကြမယ်

Posted using Partiko Android

ဟုတ်ကဲ့ပါ ခင်ဗျာ ။

ကျေးဇူးပါဗျာ ခုလို့ ညွှန်​ပြ​ပေးတာ

ဟုစ် ဦးယု

ပိုက်ပိုက်ကုန်မယ့်အလုပ်မလုပ်စမ်းပါနဲ့လေ ပိုက်ပိုက်ရမယ့်လုပ်ငန်းလေး လမ်းညွှန်စမ်းပါ ☺

ပိုက်ပိုက်ရအောင် ရေးစရာ app ရှာ ။

‌ကျေးဇူးကိုဒို‌ရေ ။သိပ်‌Goodဗျာ။Downပြီးပြီ။ရှယ်‌ဘဲ။

ဒီကလည်း ကျေးကျေးပါဗျာ အဲလေ ဗိုလ်လိုဆို လဲ ဝဲကမ်းပေါ့ဥဥရယ် ။

အညွှန်ကောင်းတော့လုပ်ကြည့်ပြီ ကိုဒိုမီရေ

အညွှန်းတွေ လိုက်စုထားမည် ။

ဆွဲကြည့်မယ် ကိုဒိုရေ။
Wi-Fi free နဲ့ဟိဟိ 😁😁😁

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01