မပြောင်းသော အချစ် .(2 - ပြီး )
ပထမပိုင်းမှ အဆက်
ထိပ်တင်ကို လွမ်းရင်းဆွေးရင်း တစ်ကိုယ်ထဲ အရိုးထုတ်လာကာ အချိန်တွေကြာလို့ အသက်ပင် လေးဆယ်ကျော် ရှိလာလေပြီ ။ အပူမရှာချင်သဖြင့် အေးအေးလူလူ အိမ်တွင်ပင် ကုန်စုံဆိုင်လေးဖွင့်ကာ နေထိုင်ခဲ့သည် ။ သေဆုံးပြီထင်ရသော နှလုံးသားတို့က ကောင်မလေးတစ်ယောက်ကို တွေ့လိုက်စဉ် မထင်မှတ်စွာ တုန်လုပ်ခဲ့သည် ။ တွေ့မိသည် ဆိုရာမှာလဲ ရုတ်တရက် ကျွှန်တော် ဖွင့်ထားသော ကုန်စုံဆိုင်လေးသို့ တစ်ကြိမ်တစ်ခါမှ ဈေးဝယ်မလာဖူးသော ကောင်မလေး ။ ကောင်မလေးဆိုသည်မှာ ကျွှန်တော်နှင့် ယှဉ်လျှင် လွန်စွာမှ ငယ်ရွှယ်သော ကျွှန်တော့် အသက် ထက်ဝက် ထက်တောင် နောက်ထပ် ငါးနှစ်ခန့် ငယ်သော သက်နှစ်ဆယ် ပြည့်လုလု ကောင်မလေးတစ်ယောက်ပင်ဖြစ်သည် ။
သူနှင့်တွေ့မှ ဘယ်လိုဖြစ်ပါလိမ့် အတွေးထဲ အမေးပေါင်းများစွာတို့နှင့် ညပင်အိပ်မပျော် ဖြစ်နေလေသည် ။ ထို့နောက်ပိုင်းတွင်တော့ ထိုကောင်မလေးနှင့် ကျွှန်တော် တဖြည်းဖြည်း အဆင့်ကျော်လာပါတော့တယ် ။ သက်ထားဆိုသော ထိုကောင်မလေးမှာ အခြားသော ရပ်ရွှာမှ ပြောင်းလာသူဖြစ်ပြီး မိဘများ မရှိတော့ဟူ၍ သိရပါသည် ။ သူလေးမှာ ကျွှန်တော့်အပေါ် သံယောဇာဉ်ရှိရငြား ကျွှန်တော်လဲ အချစ်တောမှာ မျောမိလာတော့ ဖွင့်ပြောပါလေရောဗျာ ။ သေခါနီးလူကြီးကြီးမို့ အချိန်ကြာကြာ မဆွဲဖို့ မှာမလို့ဘဲရှိသေး သူလေးက အဖြေပေးလိုက်တယ် သိပ်ချစ်ပါသတဲ့ ။ သူလေးပြောပြသည်မှာ " စဉ်းစားစရာ မလိုပါဘူးဦးရယ်တဲ့ " အမလေး နားကလောလိုက်တာ ဘာဦးတုန်းဆိုမှ အကိုပြောင်းရှာတယ် ။ " အကို့အကြောင်းကို သက်ထား လိုက်စုံစမ်းပြီးသားပါ မိန်းမမပွေတတ် တဲ့ လူပျိုကြီးကြီးမို့ အများကြီးစဉ်းစားစရာ မလိုပါဘူး '' တဲ့ ။
" အကို ထိပ်တင်ဆိုတဲ့ကောင်မလေးကို မှတ်မိမှာပါ " ။ သူ့အမေးနဲ့ သူ့ လေးနက်တဲ့အမူအယာအောက်တွင် အတိတ်တို့ ပြန်ရောက်လာသည် ။ ထို့နောက်သူဆက်ပြောတယ် "အကို ထိပ်တင်ကို မမေ့နိုင်သေးဘူးလား " ကိုယ်လဲ ပွင့်ပွင့်လင်းလင်း " ထိပ်တင်ကိုချစ်လွန်းလို့ မေ့မရလို့ တစ်ယောက်ထဲနေလာတာ ညီမလေးနဲ့ တွေ့တဲ့ အထိပါဘဲ " ဘယ်သူဘဲ ပိုတယ်ဆိုဆို ညီမလေးလို့ဘဲ ကျွှန်တော်ခေါ်ပါတယ် ။ သူကျွှန်တော့်ကိုဖက်သည် ။ ထို့နောက် ဝမ်းနည်းတကြီး မျက်ရည်များကျလာသည် ။ " ထိပ်တင်နဲ့ သက်ထား အတူတူပါဘဲအကိုရယ် " "အကို အတူတူဘဲ ထင်ရင် အတူတူပါဘဲ " ဘဝတစ်ခုပြောင်းသွားလို့ အချိန်ကြာခဲ့ပေမဲ့ အကို့ကို ချစ်နေတုန်းဘဲလေ ငယ်ငယ်လေးထဲကတောင် အကိုရှိမည့်နေရာကို လာချင်ခဲ့တာ အကို့ကို တွေ့ချင်ခဲ့တာပါ " ။ ဘယ်လိုတောင်စဉ်းစားရမယ်မသိ ထိပ်တင်သက်ထား အတူတူဆိုပါလား ။ " ဘယ်လို သက်ထားက ထိပ်တင် " " ဟုတ်တယ်အကို ထိပ်တင် သေသွားပြီးတော့ သက်ထားအဖြစ် လူပြန်လာဖြစ်တယ်အကို " ထိုမှ အစချီကာ ကျွှန်တော်တို့ အကြောင်းကို အလုံးစုံ ပြန်ပြောပြသည် ။
မယုံချင်လဲ မယုံမရနိုင်ပြီ သူနဲ့ကိုယ် နှစ်ဦးထည်းလောက်သာ အသိများသော အရာတို့အား သူသိနေသည် ပြောနိုင်သည် ။ ထို့ကြောင့်ပင် ထိပ်တင်သက်ထားအား အချစ်ပိုရပါတော့သည် ။ တစ်နေ့မှာတော့ လူငယ်ကောင်လေးများ ရင်ထဲ မခံချိစေမည့် မင်္ဂလာပွဲတစ်ခု ကျင်းပခဲ့ပါသည် ။ လူငယ်ကောင်လေးတိုင်းလိုလို လိုချင်မိကြတဲ့ အလွန်ချောမော လှပသော သတို့သမီးနှင့် အိုကြီးအိုမ ကျွှန်တော်တို့ရဲ့ မင်္ဂလာ လက်ထပ်ပွဲပါ ။ ပတ်ဝန်းကျင်တွင် ဘယ်လို စကားမျိုးပြောမည်မသိ ကျွှန်တော်ကတော့ အောင်နိုင်သူ စစ်သူကြီးအသွင်နဲ့ သတို့သမီးလက်ကိုဆွဲလို့ ရဲရဲကြီးလျှောက်လာပါသည် ။ ထိုပုံမှာ ဘေးကမြင်သူများအဖို့တော့ ပပဝတီနှင့် ကုသတို့၏ အတွဲထက်ပင် ဆိုးမည်ထင်သည် ။ ထို့နောက်မှာတော့ နှစ်ဦးသား သာယာဖြောင့်ဖြူးသော အချစ်ခရီးတစ်ခုသို့ ဦးတည်လျက် ။
MSC . 9
Photos credit; Google Image


ပထမပိုင်းရော
ဒုတိယပိုင်း ဇာတ်သိမ်းရော ဖတ်ပြီးပါပြီ ဒိုမီရေ
ရေးလည်းရေးတက်ပါတဲ့ ဒိုမီပါပဲဗျာ
ဖတ်လို့အရမ်းကောင်းတယ်ဗျာ
.
ဒါနဲ့....ဝဆွဲတွေမှ..ဟထိုးတွေပါနေတယ်နော်
အဲ့ဒါက ဘိုဖြစ်တာတုန်း
ကျွှန်တော့်ဆီ ပါပါဘူးဗျာ ဟထိုးတွေ ခုတော့ ခေါင်းထဲ ဘာမှ မတွေးမိနေဘူးအကိုရေ
အဲ့ဒီကျွန်တော်ဆီ ပါပါဘူးဆိုတာမှာလည်း
ဟထိုးပါနေပီနော်...😂😂😂
ဒီလိုတေဖြစ်နေတာ😁

ဟေ့ကောင် မင်းနဲနဲလွန်လာပီနော်၊ ငါ့ ဂန္ဓာရီနယ်ထဲ ကျွန်လာပြီ၊ လူဝင်စားဆိုတာ ငါ့နယ်နော်၊ ငါရေးဖို့ချန်ထား ဒိုမီ။
ဒိုမီကအရေးအသား အရမ်းကောင်းနေတယ်ဆရာရေ
😁😁😁 ချန်ပု ချန်ပု တားက ခင်စရာကောင်းတဲ့ဖုတ်က စရေး တာပါဆရာ ရေးမှာဘဲ ရေးမှာဗြဲ ဟီးဟီး
😁😁😁😄😄😄😂😂😂
လေးဆယ်ကျော်အောင်စောင့်ပါလေ။
မျှော်လင့်ချက်ရှိသေးတယ်။
အဲလိုဆိုလိုချင်တာလား😁
အယ်လိုလဲ ဟုတ်ပါဘူးလေ
Steemit ထဲကလူပျိုကြီးတွေကို စိတ်ကူးယဉ်အောင်လုပ်နေပြီ ကိုချစ်ကတော့
နည်းနည်းလေးပါဗျာ
သူကျွန်တော့်ကိုဖက်သည်။ သူ့ကိုရောပြန်မဖက်ဘူးလား..နေရာချင်းတာလဲလိုက်ချင်တယ်လူပျိုကြီးရယ်
ကျွှန်တော်လူပျို မကြီးသေးပါဘူးဗျာ လူပျိုလေးဘဲရှိပါသေးတယ် အဟိ ဒါကြောင့် ရည်းစားမထားဖူးဘဲ အချစ်အကြောင်းခံစားရတာ လိုအပ်ချက်တွေ များပါတယ်ဆို
😄😄
မပြောင်းလဲတာသေချာပါတယ်
သေချာပါတယ် ပြောင်းဘူး
ပြောင်းလဲသေးဘူးလားအကို
ပြေင်းဘူး လေ
Good
thanks